အင်းဒင်ကျေးရွာတွင် တွေ့ရှိခဲ့သော ရုပ်အလောင်းများနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်ခြင်းရှိ၊ မရှိစစ်ဆေးရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

ဒုဗိုလ်ချုပ်ကြီးအေးဝင်းဦးဆောင်သောအဖွဲ့ အခင်းဖြစ်ပွားရာသို့ စစ်ဆေးရန် ရောက်ရှိ

 မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုသာန်၌တွေ့ရှိ ခဲ့သော ရုပ်အလောင်းများနှင့်ပတ် သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်မှုရှိ၊ မရှိ စစ်ဆေး ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ စည်းကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာ ၂၀ ရက်တွင်သတင်းထုတ်ပြန် သည်။


အဖွဲ့ဝင်ငါးဦးပါဝင်သည့် စုံ စမ်းစစ်ဆေးရေးအဖွဲ့ကို ကာ ကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းက ဦးစီးပြီး ယင်းအဖွဲ့သည် အခင်း ဖြစ်ပွားရာနယ်မြေသို့ စစ်ဆေးရန် ယမန်နေ့က သွားရောက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အင်းဒင်ကျေးရွာ သုသာန်၌ အမည်မသိအလောင်း များတွေ့ရှိ ကြောင်း သတင်းအရ မြို့နယ် ဆရာဝန်ကြီးအပါအ၀င် သက်ဆိုင်ရာတာဝန်ရှိသူများက အ လောင်းများဖော်ယူခဲ့ရာ ဦးခေါင်း ခွံ ၁၀ လုံးနှင့် အရိုးစုအပိုင်းအစ များတွေ့ရှိခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက ဒီဇင်ဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။

ဦးခေါင်းခွံနှင့် အရိုးစုများ ဖော်ထုတ်ရရှိမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ(ဖမ်းမမိ)ကို အင်းဒင်နယ်မြေရဲစခန်းမှ ရာဇ သတ်ကြီးပုဒ်မ ၃၀၂/၃၄/၂၀၁ (လူသတ်မှု၊ ပူးပေါင်းကြံစည်မှု၊ သက်သေခံပစ္စည်းဖျောက်ဖျက်မှု) ဖြင့် အမှုဖွင့်စုံစမ်းနေကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော် ပြသည်။

သို့ရာတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဩဂုတ် ၂၅ ရက် က ဖြစ်ပွားခဲ့သည့်အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပေးအပ်ထားသည့် တာဝန်ဝတ္တ ရားများအတိုင်း ဆောင်ရွက်ခြင်း ရှိ၊ မရှိ တပ်မတော်စစ်ဆေးရေး အရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းဦးဆောင်သော စုံစမ်း စစ်ဆေးရေးအဖွဲ့က ပြီးခဲ့သည့် အောက်တိုဘာကစတင်၍ ၂၆ ရက်ကြာစုံစမ်းစစ်ဆေးခဲ့သည်။ ယင်းစုံစမ်းစစ်ဆေးမှုတွင် တပ်မ တော်က နယ်မြေတည်ငြိမ်အေး ချမ်းမှုနှင့် ထိန်းသိမ်းရေးလုပ်ငန်း များဆောင်ရွက်ရာ၌ ဥပဒေမဲ့ ဆောင်ရွက်ခြင်းမရှိကြောင်း စစ် ဆေးတွေ့ရှိရသည်ဟု နိုဝင်ဘာ ၁၃ ရက်၌သတင်းထုတ်ပြန်သည်။

လက်ရှိတွင် ရုပ်အလောင်း များတွေ့ရှိသော အင်းဒင်ကျေး ရွာမှ မောင်တောမြို့နယ်လက် ထောက်ပညာရေးမှူး ဦးမြင့်စိုး၊ ကျောင်းဆရာသုံးဦးနှင့် ရွာသား တစ်ဦးတို့ကို ဖမ်းဆီးထားပြီး ဦး မြင့်စိုးနှင့် ကျောင်းဆရာတစ်ဦးကို  ဒီဇင်ဘာ ၁၇ ရက်တွင်လွှတ်ပေးခဲ့သည်။ အဆိုပါရုပ်အလောင်းများ တွေ့ရှိမှုနှင့် အထက်ပါဖမ်းဆီးမှု များ ဆက်စပ်မှုရှိ၊မရှိ7Day Dailyသတင်းစာက သီးခြား အတည်မ ပြုနိုင်သေးပေ။