တင်ဒါဈေးနှုန်းမြင့်တက်ခြင်း၊ မလိုအပ်သည့်စည်းကမ်းများ ချမှတ်ခြင်းကြောင့် ရွှေစက်တော်ဘုရားပွဲ ဒေသခံလုပ်ငန်းရှင်များ အခက်ကြုံနေဟုဆို

ရွှေစက်တော်ဘုရားပွဲတော်ကို နှစ်စဉ်ဖေဖော်ဝါရီအတွင်း စတင်လေ့ရှိသည်။ (ဓာတ်ပုံ − မိုးကျော်)

 ဖေဖော်ဝါရီကစ၍ နှစ်လ ကျော်ကြာကျင်းပမည့် ရွှေစက် တော်ဘုရားပွဲတော်အတွက် ဂေါပကအဖွဲ့က တည်းခိုဆောင်၊ ဈေးဆိုင်ခန်း၊ မော်တော်ယာဉ်လိုင်းများနှင့် ပတ်သက်၍ တင်ဒါဈေးနှုန်းမြင့်တက်ခြင်း၊ မလိုအပ်သည့် စည်းကမ်းများတင်းကျပ်လာခြင်းကြောင့် ဒေသခံလုပ်ငန်းရှင်များ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။

ပြီးခဲ့သည့်နှစ်က တည်းခိုခန်းတင်ဒါအတွက် လျှောက်လွှာတစ် စောင်လျှင် ကျပ် တစ်ထောင်နှုန်း သာရှိပြီး ယခုနှစ်တွင် တစ်စောင် လျှင် ကျပ် နှစ်သိန်းဖြစ်သည်။

တင်ဒါအမျိုးအစားသည် မဲ ဖောက်တင်ဒါဖြစ်ပြီး ပြီးခဲ့သည့် နှစ်က မဲပေါက်ပါက ကျပ်သိန်း ၃၀ ရှိရာမှ ယခုနှစ်တွင် ကျပ်သိန်း၄၀ အထိ မြင့်တက်ခဲ့ကြောင်း တည်းခိုဆောင်လုပ်ငန်းရှင် ကိုကျော်စွာဝင်းက ပြောသည်။

ထို့အပြင် တည်းခိုဆောင် လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည် စည်းကမ်းထိန်းသိမ်းရေးအတွက် ကျပ်သိန်း ၂၀ ပေးသွင်းထားရ မည်ဖြစ်ပြီး စည်းကမ်းနှင့် မညီ ညွတ်ပါက ယင်းငွေထဲမှ ဒဏ်ကြေးဖြတ်တောက်မည်ဆိုသည့် အချက်လည်း ယခင်နှစ်များက မရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းကိစ္စများနှင့် ပတ်သက် ၍ ရွှေစက်တော်ဘုရားဂေါပက ဥက္ကဋ္ဌ ဦးသိန်းလှိုင်က ‘‘လျှောက် လွှာတစ်စောင်ကို တစ်ထောင်နဲ့ ရောင်းရင် လူတွေအများကြီးဝိုင်း လျှောက်ကြတယ်။ ကံကောင်းလို့ မဲပေါက်တဲ့သူက အမှန်တကယ် တည်းကျောင်းလုပ်မယ့်သူ  မ ဟုတ်ဘူး။ သိန်း ၃၀ လောက် အမြတ်တင်ပြီး ပြန်ရောင်းတယ်။ အဲဒီလိုမဖြစ်ရအောင် အမှန်တ ကယ်လုပ်မယ့်သူတွေပဲ လျှောက် ထားပြီး မဆိုင်တဲ့သူတွေလျော့ သွားအောင် လျှောက်လွှာကို နှစ် သိန်းတိုးလိုက်တော့ ၀င်မလျှောက်တော့ဘူး။ ဒါလည်း သူတို့တည်း ကျောင်းလုပ်ငန်းရှင်တွေကပဲ အကြံပေးကြတာပါ’’ဟု တုံ့ပြန်ပြောကြားသည်။

တည်းကျောင်းလုပ်ငန်းရှင် များသည် အဖွဲ့လေးဖွဲ့မျှ ကွဲနေပြီး အစုအဖွဲ့အလိုက်မတူကွဲပြား သည့် အကြံပေးမှုများအပေါ် ဂေါပကအဖွဲ့က အကောင်းဆုံးဖြစ် ရန် စီစဉ်နေရကြောင်း ဥက္ကဋ္ဌက ဆိုသည်။

‘‘စည်းကမ်းထိန်းသိမ်းရေး အတွက် သိန်း ၂၀ ကြိုသွင်းထား ရမယ်ဆိုတာလည်း သူတို့ပညာ ပေးလို့ရခဲ့တဲ့ သင်ခန်းစာတွေပါ။ သတ်မှတ်ထားတဲ့ စည်းကမ်းတွေ ကို ပုံစံအမျိုးမျိုးနဲ့ ချိုးဖောက် တယ်။ ဘုရားဖူးတွေ စိတ်အနှောင့်အယှက်ဖြစ်ရ၊ ဖြေရှင်းရနဲ့။ အဲဒီ တော့ စည်းကမ်းဖောက်ဖျက်ရင် သူ့သတ်မှတ်ထားတဲ့ ဒဏ်ကြေး ကို သွင်းထားတဲ့ သိန်း ၂၀ ထဲက ဖြတ်မယ်။ လုံးဝစည်းကမ်းနဲ့ညီ ညွတ်တဲ့သူကို ဘုရားပွဲပြီးရင် သိန်း၂၀ ပြန်ပေးမယ်’’ဟု ၎င်းက ရှင်းပြသည်။

ထို့အပြင် ရွှေစက်တော်ဘုရား အောက်စက်တော်ရာနှင့် အထက်စက်တော်ရာ ဘုရားဖူးများအတွက် ပြေးဆွဲနေသည့် ယာဉ်လိုင်းများတွင် ယခင်နှစ်များက လိုက်ထရပ်ဖြင့် ပြေးဆွဲခွင့်ရှိရာမှ ယခုနှစ်တွင် မှန်လုံယာဉ်များသာ ပြေးဆွဲခွင့်ပြုမည်ဆိုသည့် စည်းကမ်းချက်သည် ယာဉ်လိုင်းသမားများအ တွက် အခက်အခဲဖြစ်စေကြောင်း ရွှေစက်တော် မော်တော်ယာဉ် လိုင်းမှ ဦးအေးကိုက ပြောသည်။

‘‘မှန်လုံပဲပြေးဆွဲခွင့်ပေးမယ် ဆိုတော့ လိုက်ထရပ်သမားတွေ အတွက် အလုပ်လက်မဲ့ဖြစ်သွား တယ်။ ကားသမားတွေ၊  ကားအကူတွေအတွက် အလုပ်လက်မဲ့ဖြစ် ကုန်တယ်။ မှန်လုံက လူမဆံ့ဘူး။ ကျွန်တော်တို့ လိုက်ထရပ်ယာဉ် လိုင်းမှာ ကား ၄၈ စီးရှိတာတောင် မှ ဘုရားဖူးတွေကို အလျဉ်မီအောင်မပို့နိုင်ပါဘူး။ ဘုရားဖူးတွေအ ထက်စက်တော်ရာဖူးဖို့ကိုပဲ အ ခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်’’ဟု ၎င်းက ဆိုသည်။

အဆိုပါယာဉ်လိုင်းကိစ္စတွင် လိုက်ထရပ်တစ်စီးကို ဘုရားဖူး၂၀ သာတင်ရန် သတ်မှတ်ထားသော်လည်း ၂၇ ဦးထိ တင်ဆောင်ခြင်း၊ အသွား၊ အပြန်ကားခတောင်း၍ အပြန်မစောင့်ဘဲ ဘုရားဖူးကိုထားခဲ့ခြင်း၊ ဘုရားဖူးများ စိတ်ပန်း၊ လူပန်းဖြစ်ရခြင်းတို့အပေါ် ပြေလည်စေရန် မှန်လုံယာဉ်လေးများဖြင့် ပြေးဆွဲပေးနိုင်စေရေး မကွေးတိုင်း အစိုးရက စီစဉ်ခြင်းဖြစ်ကြောင်း ဦးသိန်းလှိုင်က ရှင်းပြသည်။

သို့သော် ရွှေစက်တော်ဈေး တန်းဆိုင်ခန်းများ ဈေးတက်ခြင်း၊ ရေချမ်းစင်တင်ဒါများ မြင့်တက် ခြင်း၊ လုပ်ငန်းရှင်များရော၊ ဘုရားဖူးများပါ အခက်ကြုံစေမည့် စည်းကမ်းချက်များ ဆွေးနွေးညှိနှိုင်းခြင်းမရှိဘဲ ရေးဆွဲသတ်မှတ်နေခြင်းအပေါ် ရွှေစက်တော်ဘုရားပွဲတော်အတွင်း လုပ်ငန်းအသီးသီးမှ လုပ်ငန်းရှင်များက ကျေနပ်မှုမရှိခြင်းကြောင့် အစိုးရသိရှိ၍ ပြင်ဆင်ညှိနှိုင်းစေလိုကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ယင်းကဲ့သို့ လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲ များကို ၀န်ကြီးချုပ်ကို တင်ပြထားသကဲ့သို့ ဂေါပကအနေနှင့် ညှိနှိုင်းဆွေးနွေးစေလိုကြောင်း၊ အကယ်၍ ညှိနှိုင်းမှုများမရှိပါက လုပ်ငန်းရှင်များ စုပေါင်းဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း ၎င်းတို့က ပြော ကြားသည်။

ဒေသတွင်းလုပ်ငန်းရှင်များ က ၎င်းတို့၏ အခက်အခဲများနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၉ ရက် တွင် မင်းဘူးမြို့ မှန်ကင်းဘုန်းကြီးကျောင်း၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

More in Regional Section