ဦးပါမောက္ခကို စွဲဆိုထားသော ၅၀၅ (ခ) ပလပ်ရန် သင့်၊ မသင့် ယနေ့အမိန့်ချမည်

မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို တရား စွဲဆိုထားသည့် ပုဒ်မ ၅၀၅ (ခ) ကို ပလပ်ပေးရန် လျှောက်လဲချက်နှင့် ပတ်သက်၍ ကမာရွတ်မြို့နယ် တရားရုံးက ယနေ့ (ဒီဇင်ဘာ ၂၂ ရက်) တွင် အမိန့်ချမည်ဖြစ်သည်။

ဦးပါမောက္ခ၏ ရှေ့နေက ဦးပါမောက္ခကို စွဲချက်တင်ထား သည့် နိုင်ငံတော်အကြည်ညိုပျက် စေမှုပုဒ်မ ၅၀၅ (ခ) ကို ပလပ်ပေး ရန်နိုဝင်ဘာ ၂၈ ရက်က တရားရုံး သို့ လျှောက်တင်ခဲ့ပြီး တရားရုံးက ဒီဇင်ဘာ ၁၂ ရက်တွင် အမိန့်ချ မည်ဟု ရက်ရွှေ့ဆိုင်းခဲ့သည်။ ထို့ နောက် ဒီဇင်ဘာ ၁၂ ရက်တွင် ဒီ ဇင်ဘာ ၂၁ ရက်မှ အမိန့်ချမည်ဟု ထပ်မံရက်ရွှေ့ဆိုင်းခဲ့ပြီး ယခုအခါ ယနေ့ (ဒီဇင်ဘာ ၂၂ ရက်) အ မိန့်ချမည်ဟု ထပ်မံရက်ရွှေ့ဆိုင်း ခြင်းဖြစ်ရာ အမိန့်ချမှတ်ရက် ရွှေ့ ဆိုင်းမှု သုံးကြိမ်ရှိပြီဖြစ်သည်။

ဦးပါမောက္ခ၏ ရှေ့နေဒေါ် မိုးမိုးအေးက  ဦးပါမောက္ခကို တရားလိုပြုလုပ် တိုင်တန်းထားသည့် ကမာရွတ်မြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး၏ ဦးတိုက်တိုင်ကြားစာပါ လက်မှတ်သည် တရားလို၏  လက်မှတ်မဟုတ်ခြင်း၊ ဦးပါမောက္ခသည် သံဃာဖြစ်၍ ယခုကဲ့သို့အမှုမျိုးတွင် သံဃနာယက၏ ခွင့်ပြုစာလိုအပ် ခြင်း၊ ဦးပါမောက္ခသည်နိုင်ငံတော် အကြည်ညို ပျက်စေရန် ဟော ပြောမှု မပြုလုပ်ခြင်းတို့ကြောင့် ယခုပုဒ်မ ၅၀၅ (ခ) မှ ပလပ်ကာ လွှတ်ပေးသင့်ကြောင်း တရားရုံး သို့ တင်ပြခဲ့သည်။

အမေရိကန်သံရုံးကို ဆန္ဒ ထုတ်ဖော်ခဲ့သော ဦးပါမောက္ခ (ခ) ဦးခင်မောင်တင့်ကို ဒီဇင်ဘာ ၂၁ ရက်က လေးကြိမ်မြောက် ရုံးထုတ်ခဲ့ပြီးဒကာ၊ ဒါယိကာမများနှင့် အမျိုးသားရေး လှုပ်ရှားသူများ လာ ရောက်ဝန်းရံခဲ့သည်။

ဦးပါမောက္ခက မိမိသည် ဥပဒေ လက်တစ်လုံးခြားလုပ်၍ မတရား ဖမ်းဆီးခံခဲ့ရကြောင်းနှင့် အပြစ် တစ်စုံတစ်ရာမရှိကြောင်း တရားခွင်မှအထွက်တွင် အော် ဟစ်ပြောကြားခဲ့သည်။

ဦးပါမောက္ခသည် ၂၀၁၆ ဧပြီက အမေရိကန်သံရုံးကို ဘင်္ဂါ လီအရေးကိစ္စနှင့် ပတ်သက်ပြီး ဆန္ဒပြသဖြင့် ငြိမ်းစုစီပုဒ်မ ၁၉၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားရင် ဆိုင်နေရသည်။

နိုဝင်ဘာ ၂၁ ရက်က ငြိမ်း စုစီပုဒ်မ ၁၉ ဖြင့် ဦးပါမောက္ခကို ထောင်ဒဏ် တစ်လချခဲ့ပြီး ဒီဇင် ဘာ ၂၁ ရက်တွင် ပြစ်ဒဏ်ပြည့် မြောက်ခဲ့ကာ နိုင်ငံတော် အကြည် ညိုပျက်စေမှုကို မပလပ်ပါက အမှုဆက်လက် ရင်ဆိုင်ရမည်ဖြစ် သည်။