ကလေးစာပေပွဲတော်ကို မကွေးတွင် စည်ကားစွာကျင်းပ

မကွေးမြို့တွင် ပြုလုပ်ခဲ့သည့် ကလေးစာပေပွဲတော် (ဓာတ်ပုံ − မိုးကျော်)

 နှစ်ရက် ကြာမြင့်မည့် ကလေးစာပေပွဲတော်ကို မကွေး တက္ကသိုလ်ဘက်စုံ ခန်းမနှင့် တက္ကသိုလ်ကွင်းပြင်တို့တွင် ဒီဇင်ဘာ ၂၂ ရက် နံနက် ၉ နာရီကစတင် ကျင်းပသည်။

 ကလေးစာပေပွဲတော်ကို မကွေးတိုင်းအစိုးရအဖွဲ့ အလုပ် သမားဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ မကွေးတိုင်းလွှတ်တော် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ကျောင်းဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ဖွင့်လှစ်ခဲ့သည်။

ယင်းပွဲကို မကွေးတိုင်းဒေသ ကြီး အစိုးရနှင့် မကွေးတိုင်းဒေသ ကြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတို့က စီစဉ် ပြီး မကွေးတိုင်းအတွင်းရှိ အရပ် ဘက်လူမှု အဖွဲ့အစည်းအသီးသီး တို့ ပါဝင်ကာ ကော်မတီ ၂၁ ခု ဖွဲ့၍ ကျင်းပသည်။

အဆိုပါ ကလေးစာပေပွဲ တော်ပြုလုပ်ပေးရခြင်းသည် အ နာဂတ်တွင် ခေါင်းဆောင်များ ဖြစ် လာမည့် ကလေးများ၏ ဉာဏ် ရည်၊ ဉာဏ်သွေးနှင့် အယူအဆ များ ထက်မြက်လာစေရန်၊ က လေးများ၏ တီထွင်ဖန်တီးလိုစိတ် များ ရင့်သန်လာစေရန်၊ ကလေး များ၏ အအပြောအဆိုနှင့် နှုတ်မှု ရေးရာ စွမ်းရည်များ မြင့်မားလာ စေရန်၊ ကလေးများ စာပေနှင့် ရင်းနှီး ပြီးကလေးများ၏ ပျော်ရွှင်မှု ကို စာဖတ်ခြင်းဖြင့် ဖန်တီးပေးရန် တို့ ရည်ရွယ်ကြောင်း မကွေးခရိုင် ပြန်ဆက်ညွှန်ကြားရေးမှူး ဦးမြင့် သန်းကပြောသည်။

ယင်းပွဲတွင် ကလေးငယ်များ အတွက် မူကြိုအဆင့်၊ မူလတန်း အဆင့်၊ အလယ်တန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကျပန်း စကားပြောပြိုင်ပွဲ၊ ကွန်ပျူတာပန်း ချီပြိုင်ပွဲတို့ ပါဝင်ပြီး မည်သည့် ကလေးငယ်မဆို ပါဝင်ယှဉ်ပြိုင် နိုင်သည့် အရုပ်ဆက်ပြိုင်ပွဲ၊ စ ကားပုံဆက်ပြိုင်ပွဲ၊ အဖွဲ့လိုက် အိမ်ဆောက်ပြိုင်ပွဲတို့  ပါဝင် ကြောင်း ဖျော်ဖြေရေး ဆပ်ကော် မတီအတွင်းရေးမှူး ဦးသိုက်ထွန်း ကပြောသည်။

‘‘သမီးကျောင်းသူ ဘဝတစ် လျှောက်မှာ ဒီလိုပွဲမျိုးတော့မကြုံ ဖူးပါဘူး။ တခြားစာနဲ့ပတ်သက် တဲ့ ကျောင်းတွင်းအဆင့်၊ မြို့နယ် အဆင့်ကဗျာ၊ စာစီစာကုံးတွေကို တော့ ပြိုင်ခဲ့ဖူးပါတယ်။ ဒီမှာ စိတ်ဝင်စားစရာတွေလည်း အများ ကြီးပဲ။ သမီးစိတ်ဝင်စားတာက ကွန်ပျူတာပန်းချီကိုပါ’’ ဟု MEC ကိုယ်ပိုင်အထက်တန်းကျောင်းမှ အဋ္ဌမတန်းကျောင်းသူ မမိုးသက် ကြည်ဖြူက ပြောသည်။

ပွဲဖြစ်မြောက်ရေး ဘဏ္ဍာငွေကို ပြည်ထောင်စု အစိုးရ ဘဏ္ဍာ ငွေမှ ၁၅ သိန်း၊ တိုင်းဒေသကြီး အစိုးရမှ ၂၅ သိန်း၊ စာအုပ်ဈေး ပွဲတော်ဆိုင်ခန်း ခြောက်ခန်းကျော်ဖွင့်လှစ်ထားရာမှ တစ်ခန်းလျှင် နှစ်ရက် သုံးသောင်းနှုန်းနှင့် ၁၆ သိန်းကျော် စသည့်ငွေများဖြင့် ဆောင်ရွက်ကြောင်း၊ အသေးစိတ်ကို ပွဲပြီးမှ သိနိုင်မည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဆပ်ကော်မတီ ခေါင်းဆောင်၊ မကွေးတိုင်းလွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်ချိုလတ်က ပြောသည်။

More in Regional Section