ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှု ၂၀ ရာခိုင်နှုန်းတိုးဟု ဒုသမ္မတပြော

ယခုနှစ်အောက်တိုဘာ အကုန်ထိ မြန်မာနိုင်ငံသို့ လာ ရောက် လည်ပတ်သည့် ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှု နှုန်းသည် ယခင်နှစ်ကထက် ၂၀ ရာခိုင်နှုန်း တိုးတက်လာသော် လည်း လက်ရှိတိုးတက်နေမှုကို အရှိန်အဟုန်ဖြင့် ဆက်လက်မြှင့် တင်ရန် လိုအပ်ကြောင်း အမျိုး သားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီး ယူကပြောကြားသည်။

ဒီဇင်ဘာ ၂၁ ရက်က နေ ပြည်တော်ရှိ Horizon Lake View Resort Hotel ၌ ကျင်းပသည့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီညှိ နှိုင်း အစည်းအဝေးတွင် ခရီးသွား လုပ်ငန်းတစ်ခု စနစ်တကျဖွံ့ဖြိုး တိုးတက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့ခိုင်မြဲရန် စနစ်တ ကျ အစီအမံများချမှတ် ဆောင် ရွက်ရန် လိုအပ်ကြောင်း ဦးဟင်န ရီဗန်ထီးယူကပြောသည်။

မြန်မာနိုင်ငံသည် အခြား သော အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်း ယှဉ်လျှင် ခရီးသွားအရင်းအမြစ် ပေါများကြွယ်ဝသည့် နိုင်ငံဖြစ် သော်လည်း လာရောက်လည်ပတ် သည့် ကမ္ဘာလှည့်ခရီးသည်အ ရေအတွက်သည် မျှော်မှန်းထား သည့် အရေအတွက်ထက် များ စွာ နည်းပါးနေသေးသည်ကို တွေ့ ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို ၂၀၁၆ တွင် ပြည်ပခရီးသွား ၂ ဒသမ ၉ သန်းခန့်လာရောက်ပြီး ၂၀၁၇ အောက်တိုဘာကုန်အထိ ပြည်ပခရီးသွား ဧည့်သည့် ၃ ဒသမ ၁ သန်းလာရောက်ခြင်းကြောင့် ယခင်နှစ်ကထက် ၂၀ ရာခိုင်နှုန်း တိုးတက်လာကြေင်း ပြောကြားသည်။

‘‘ဒီနေ့ဆွေးနွေးပွဲက ဒုတိယ အကြိမ်မြောက်ဖြစ်တဲ့အတွက် တော်တော်လေး တိုးတက်မှုရှိလာ ပါတယ်။ တက်ရောက်ခဲ့တဲ့ ဝန် ကြီးတွေကလည်း ပြည်နယ်အ လိုက်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့အ တွက် ဆွေးနွေးကြပါတယ်။ ကျွန် တော်တို့အနေနဲ့ကတော့ အချိန်မ ရလိုက်တာကြောင့် မဆွေးနွေး လိုက်ရဘူး။ ဒါပေမဲ့ ခရီးသွားဧည့် သည် ဝင်နှုန်းကတော့ ရန်ကုန်နဲ့ မန္တလေးတို့မှာ တိုးတက်လာ တယ်။ ၂၀၁၈ ဖေဖော်ဝါရီလောက်မှာ  ၃ ဒသမ ၅ သန်းလောက် တိုးလာဖို့ရှိတယ်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာဖို့  သုံးလတစ်ခါလောက် ဆွေးနွေးပွဲတွေလုပ်သွားဖို့ရှိတယ်’’ ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးကပြောသည်။

မြန်မာနိုင်ငံသို့ ခရီးသွားဧည့် သည် အများဆုံး လာရောက်သည့် နိုင်ငံများကို ကြည့်ပါက အာရှနိုင် ငံများမှ ထိုင်းနိုင်ငံ၊ တရုတ်ပြည် သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီး ယားသမ္မတနိုင်ငံတို့မှ ဖြစ်ပြီး အ မေရိကနှင့် ဥရောပနိုင်ငံများမှ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနိုင်ငံများမှ အများဆုံးလာ ရောက် လည်ပတ်သည်။ ယင်း နိုင်ငံများကို အထူးရည်မှန်းထား ပြီး ဧည့်သည်ပိုမိုလာရောက်ရန် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ် ကြောင်း ဒုသမ္မတက ပြောကြား သည်။

မြန်မာနိုင်ငံကို ခရီးသွားဧည့် သည်များ ပိုမိုစိတ်ဝင်စားအောင် ဈေးကွက်မြှင့်တင်ရေး လုပ်ငန်း များ ဆောင်ရွက်မည် ဆိုပါက ပြည်ပခရီးသွား ဧည့်သည့်ဝင် ရောက်မှု တိုးတက်လာမည်ဖြစ်ပြီး မြန်မာနိုင်ငံသည် လည်ပတ်ချင်စ ရာ ကောင်းသည့် ခရီးစဉ်ဒေသ တစ်ခုဖြစ်သည်ကို ကမ္ဘာက ပိုမို သိရှိအောင် ဈေးကွက်မြှင့်တင်ရန် လိုအပ်ကြောင်း ဦးဟင်နရီဗန်ထီး ယူက ပြောသည်။

ယင်းဆွေးနွေးပွဲတွင် ခရီး သွားလုပ်ငန်း ဥပဒေအသစ် (မူ ကြမ်း) ကို လွှတ်တော်( ဥပဒေ ကြမ်းကော်မတီ) က ထပ်မံဖြည့် စွက်ခွင့်ပြုနိုင်ရေး၊ ယစ်မျိုးဥပဒေ တွင် အရက်လိုင်စင် ခွင့်ပြုရန် ကိစ္စ၊ ခရီးသွားအခွန်ပြဋ္ဌာန်းရေး ကိစ္စ၊ ကမ္ဘာလှည့်ခရီးသည်များ ဆိုက်ရောက်ဗီဇာနှင့် ဗီဇာအထူး ခွင့်ပြုပေးနိုင်ရေး၊ E-Tourism Working Group ဖွဲ့စည်းခွင့် ပြုရေးတို့ကို ဆွေးနွေးသည်။

လက်ရှိတွင် မြန်မာနိုင်ငံ ဟို တယ်နှင့်ခရီးသွားဝန်ကြီးဌာနက အဓိက လေဆိပ်ဝင်ပေါက်များ တွင် ဆိုက်ရောက်ဗီဇာထုတ်ပေးမှု စနစ်ပြုလုပ်ပေးနိုင်ခြင်း၊ နိုင်ငံတ ကာ လေကြောင်းလိုင်းများ တိုက် ရိုက်ဆင်းသက်နိုင်ခြင်းနှင့် ကမ္ဘာ လှည့်  ခရီးသည်များ ပိုမိုလာ ရောက်ရေး ဈေးကွက်အဖြစ် သတ် မှတ်သည့် နိုင်ငံများကို ဗီဇာကင်း လွတ်ခွင့်ပေးခြင်း စသည်ဖြင့် ဆောင်ရွက်ပေးနေသည်။

More in Business Section