199 ထံ နောက်ပြောင်ဖုန်းဆက်သူကို အလုပ်နှင့်ထောင်ဒဏ် သုံးလချမှတ်

199 Call Center သို့ နောက်ပြောင်၍ မမှန်သတင်းပေး သူကို ရွှေပြည်သာတရားရုံးက ဒီဇင်ဘာ ၂၁ ရက်တွင် အလုပ် နှင့်ထောင်ဒဏ် သုံးလချမှတ်ခဲ့ သည်။ (၃၈)နှစ်အရွယ် ဇင်ဇော် မင်းဆိုသူသည် ဒီဇင်ဘာ ၂၀ ရက်က 199 Call Center သို့ ဖုန်း ဆက်ကာ ရွှေပြည်သာကွန်ပျူတာ တက္ကသိုလ်ရှေ့တွင် အုပ်စုဖွဲ့ ရိုက်နှက်နေကြောင်း သတင်းပေး ပို့သဖြင့် Call Center မှ တာဝန် ကျရဲတပ်ဖွဲ့ဝင်များက လှော်ကား နယ်မြေရဲစခန်းသို့ လွှဲပြောင်း အကြောင်းကြားခဲ့သည်။

တရားခံသည် ရွှေပြည်သာ မြို့နယ် ကျောင်းကုန်ရပ်ကွက် ပေါင်ချိန်စက်ရုံဘေး အုတ်နံရံ ကြားမှနေ၍ အခင်းဖြစ်သည် အထင်ဖြင့် လာရောက်သော ရဲတပ်ဖွဲ့ဝင်များကို ဖုန်းဆက်ကာ နောက်ပြောင်ခဲ့သည်။ ထို့နောက် သတင်းပေး ဖုန်းဆက်သူကို ၂ နာရီခန့်ကြာ ရှာဖွေခဲ့ပြီး ရယ်သံကြောင့် အုတ်နံရံကြား ပုန်းအောင်းနေသည့် တရားခံကို ဖမ်း ဆီးရမိကြောင်း လှော်ကားနယ် မြေရဲစခန်းမှူး ရဲအုပ်သက်နိုင်က ပြောသည်။

ထို့ကြောင့် တရားခံကို ပြည် သူ့ဝန်ထမ်း ဥပဒေပုဒ်မ ၁၈၂၊ မမှန်သတင်းပေးမှုဖြင့် ဖမ်းဆီး အရေးယူခဲ့သည်။

‘‘ကျွန်တော်တို့က ဝတ္တရား နှောင့်ယှက်မှုတွေ၊ မှောင်ရိပ်ခို တာတွေ တခြားပုဒ်မဘာညာတွေ မတပ်တော့ပါဘူးဗျာ။ အခုလို လုပ်တာကလည်း မှတ်သားသွား အောင် နောက်လူတွေ ဒီအရေး ပေါ်နံပါတ်ကို စနောက်ဖို့မဟုတ် ဘူးဆိုတာသိအောင်ပါ။ ညဘက် ကြီးမှာ ရဲတပ်ဖွဲ့ဝင်တွေလည်း ဒုက္ခရောက်ရပါတယ်’’ဟု ရဲအုပ် သက်နိုင်က ပြောသည်။

199 Call Center အနေဖြင့် ယခုကဲ့သို့ နောက်ပြောင်ဖုန်းခေါ် ဆိုမှုကို အရေးယူခြင်းသည်ပထမ ဆုံးဖြစ်သည်။ ရန်ကုန်တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးလှဝေက ပြည်သူများ သုံးစွဲနေသော ဆင်းမ် ကတ်များ အကုန်မှတ်ပုံတင်ပြီးပါ က အော်ပရေတာနှင့်ပူးပေါင်း၍ 199 သို့ ဖုန်းဆက်နောက်ပြောင် သူများကို အရေးယူမည်ဟု ပြော ကြားထားသည်။ လက်ရှိတွင်  အဆိုပါလုပ်ငန်းကို အစပျိုး နေပြီဟုလည်း ၎င်းကပြောသည်။

199 Call Center သို့ တစ် ရက်လျှင် ပျမ်းမျှဖုန်းခေါ်ဆိုမှု ၁,၈၀၀ ခန့်ရှိပြီး ပျမ်းမျှ ၁၅၀ ခန့်သာ အတည်သတင်းပေး ဆက်သွယ်သည့် ဖုန်းခေါ်ဆိုမှုဖြစ်သည်။ ကျန်သည့်ခေါ်ဆိုမှုများသည် စနောက်ခြင်း၊ ဖုန်းခေါ်၍ ပြန်ချသွားခြင်း၊ ဆဲဆိုခြင်းများ၊ သတင်းအမှားပေးပို့ခြင်းများဖြစ်နေပြီး အချိုးချကြည့်ပါက ၁၄ ပုံတစ်ပုံသာ ကောင်းမွန်စွာဆက်သွယ်ခေါ်ဆိုကြောင်း 199 Call Center တာဝန်ခံဒုရဲအုပ်ဟိန်းမင်းသူက ပြောသည်။

More in Crime Section