ပုဒ်မ ၅၀၅(ခ) ပလပ်ရန် ဦးပါမောက္ခ၏လျှောက်လဲချက် ပယ်ချခံရ

ဒီဇင်ဘာ ၂၂ရက်တွင် ရုံးထုတ်လာသော ဦးပါမောက္ခကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို တရား စွဲထားသည့် နိုင်ငံတော်အကြည် ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) ကို ပလပ်ပေးရန် လျှောက်လဲချက်ကို တရားရုံးက ပယ်ချခဲ့သည်။ 

ဦးပါမောက္ခကို တရားလိုပြု လုပ်တိုင်တန်းထားသည့် ကမာ ရွတ်မြို့နယ် ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး၏  ဦးတိုက်တိုင်ကြားစာပါလက်မှတ်သည် တရားလို၏လက်မှတ်မဟုတ်ခြင်း၊ ဦးပါမောက္ခသည် သံဃာဖြစ်သဖြင့် ယခုကဲ့သို့ အမှုမျိုးတွင် သံဃနာယက၏ ခွင့်ပြုစာလိုအပ်ခြင်း၊ ဦးပါမောက္ခသည် နိုင်ငံတော်အ ကြည်ညိုပျက်စေရန် ဟောပြောမှု မပြုလုပ်ခြင်းတို့ကြောင့် ယခုပုဒ်မ ၅၀၅(ခ) မှ ပလပ်ကာ လွှတ်ပေး သင့်ကြောင်း ဦးပါမောက္ခ၏ရှေ့ နေ ဒေါ်မိုးမိုးအေးက တရားရုံးသို့ နိုဝင်ဘာ ၂၈ ရက်က တင်ပြခဲ့သည်။ ကြားဖြတ်အမိန့်ချမည့် ရက်ကို သုံးကြိမ်တိုင်ရွှေ့ဆိုင်းခဲ့ပြီး ယခုနိုဝင်ဘာ ၂၂ ရက်မှ အမိန့်ချခဲ့သည်။ 

မြို့နယ်တရားသူကြီး ဒေါ်စိုး မာအေးက လက်ရှိအမှုတွင် သက် သေများထပ်မံစစ်ဆေးရန် ကျန်ရှိ နေသေးပြီး အမှုသည် ရုပ်လုံးမပေါ်သေး၍ ပလပ်ပေးရန် အကြောင်း မခိုင်လုံဟုဆိုကာ ပယ်ချခဲ့သည်။ 

ယခု ဆုံးဖြတ်ချက်နှင့်ပတ် သက်၍ ဦးပါမောက္ခ၏ ရှေ့နေ ဒေါ်မိုးမိုးအေးက အနောက်ပိုင်း ခရိုင်တရားရုံးသို့ အယူခံတက် မည်ဖြစ်ကြောင်း ပြောသည်။ 

လက်ရှိအမှုတွင် သက်သေ ခြောက်ဦးစစ်ဆေးရန် ကျန်ရှိနေ သေးပြီး လာမည့် ဒီဇင်ဘာ ၂၉ ရက်၌ သက်သေသုံးဦးကို စစ်ဆေးမည်ဖြစ်သည်။ 

ဦးပါမောက္ခသည် ၂၀၁၆ ဧပြီက အမေရိကန်သံရုံးကို ဘင်္ဂါ လီအရေးကိစ္စနှင့်ပတ်သက်ပြီး ဆန္ဒပြသဖြင့် ငြိမ်းစုစီပုဒ်မ ၁၉၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) တို့ဖြင့် ကမာရွတ် တရားရုံးတွင် တရားစွဲဆိုခံခဲ့ရ သည်။ 

နိုဝင်ဘာ ၂၁ ရက်က ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် ဦးပါမောက္ခကို ထောင်ဒဏ် တစ်လချခဲ့ပြီး ဒီဇင် ဘာ ၂၁ ရက်တွင် ပြစ်ဒဏ်ရက် ပြည့်ခဲ့ပြီးဖြစ်သည်။ သို့သော် ယခု ပုဒ်မ ၅၀၅(ခ) နိုင်ငံတော်အကြည် ညိုပျက်စေမှုကို အာမခံလည်း မပေးဘဲ မပလပ်သောကြောင့် ယင်းအမှုကို အချုပ်ဖြင့် ဆက် လက်ရင်ဆိုင်ရမည်ဖြစ်သည်။

More in Crime Section