မန္တလေးတွင် ရှမ်းလူထုတွေ့ဆုံပွဲ မကျင်းပရန် ခေါ်ယူဆွေးနွေးတားမြစ်ခံရဟု SNLD ပြော

 ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (အကြို) လူ ထုတွေ့ဆုံပွဲ မန္တလေးမြို့တွင် ဒီဇင်ဘာ ၂၃ ရက်၌ ကျင်းပရန် စီ စဉ်မှုကို မန္တလေးတိုင်း လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးက ခေါ် ယူဆွေးနွေး တားမြစ်ခဲ့ကြောင်း SNLD ပါတီ ကိုယ်စားလှယ်များ ကပြောသည်။

‘‘တားတယ်။ တိုင်းမှူးက နယ်လုံကို တားခိုင်းနေတယ်’’ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီအဖွဲ့ချုပ် (SNLD) ပြောရေးဆို ခွင့်ရှိသူ ဦးစိုင်းလိတ်က ပြော ကြားသည်။


မန္တလေးမြို့တွင် ရှမ်းအမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (အကြို) ကျင်းပရန် စီစဉ်နေသည့် ကိုယ်စားလှယ်နှစ်ဦးကို နယ်လုံဝန်ကြီးက ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် ခေါ်ယူတွေ့ဆုံပြီး တားမြစ်ခဲ့ကြောင်း မန္တလေးမြို့သို့ရောက်ရှိနေသည့် SNLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်း ခမ်းအေးကပြောသည်။

‘‘နယ်လုံက ခေါ်တွေ့တယ် ဆိုတဲ့ ပုဂ္ဂိုလ်ကို ကျွန်မတို့ စောင့် နေတယ်။ နှစ်ယောက်တည်းခေါ် သွားတာ။ နေ့လယ်က ခေါ်တွေ့ ပြီး ပြန်တော့ပြန်လာပြီ။ မနက် ဖြန်ပွဲကို မလုပ်ဖို့ တားတယ်လို့ ပြောတယ်’’ဟု နန်းခမ်းအေးက ဒီဇင်ဘာ ၂၂ ရက် ညတွင် ပြော သည်။

ယနေ့ပြုလုပ်မည့် လူထု တွေ့ဆုံပွဲကို ကျင်းပဖြစ်၊ မဖြစ် ဆုံးဖြတ်ရန် ဒီဇင်ဘာ ၂၂ ရက် ည ၁၀ နာရီကျော်အထိ ဆွေးနွေးနေ ဆဲဖြစ်ကြောင်း SNLD တာဝန်ရှိ သူများက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မန္တလေးတိုင်း နယ်လုံဝန်ကြီးထံ ဒီဇင်ဘာ ၂၂ ရက် ညက ဆက် သွယ်မေးမြန်းသော်လည်း အ ဆက်အသွယ်မရရှိပေ။

ထိုသို့တားမြစ်မှုများ ဆက် လက်ဆောင်ရွက်နေပါက လင်း ခေးမြို့တွင် ကျင်းပရန် သတ်မှတ် ထားသည့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဆောင်ရွက်ရန်ပင် ခက်ခဲပြီး လာမည့် ငြိမ်းချမ်းရေးညီလာခံ အောင်မြင်ရေးသည် စဉ်းစားရ မည့်ကိစ္စဖြစ်ကြောင်း စိုင်းကျော် ညွန့်ကပြောသည်။

‘‘NCA အရ လုပ်နေတယ်။ JICM ဆုံးဖြတ်ချက်တွေရှိတယ်။ UPDJC ဆုံးဖြတ်ချက်တွေ ရှိ တယ်။ ဒီအတိုင်း ကျွန်တော်တို့ လုပ်နေတယ်။ အဲဒါကို လာတား တယ်ဆိုရင်တော့ဖြင့် နိုင်ငံရေးအရ ကျွန်တော်တို့ ရှမ်းတွေကို နေရင်းထိုင်ရင်းနဲ့ကို ဘလိုင်း ချည်း လာတားနေတယ်’’ဟု ၎င်း ကဆိုသည်။

မူလက ရှမ်းလူမျိုးအလိုက် ဆွေးနွေးပွဲကို RCSS က တောင်ကြီး (သို့မဟုတ်) ပင်လုံမြို့တွင် ကျင်းပလိုကြောင်း ဆွေးနွေးပြီး တပ်မတော်က မိုင်းပန်မြို့၌ ကျင်းပရန် ဆွေးနွေးခဲ့၍ ကာလကြာရှည်စွာ ညှိနှိုင်းမရဖြစ်နေသည့် အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည် စေ့စပ်မှုဖြင့် လင်းခေးမြို့၌ ကျင်းပရန် JICM အစည်းအဝေးတွင် သဘောတူညီခဲ့သည်။

‘‘ဒီနေရာမှာ ကျွန်တော်တို့ တပ်မတော်ပိုင်းအနေနဲ့က TOR၊ SOP တွေက ဒါထာဝရငြိမ်းချမ်း ရေး မရမချင်း သွားနေရမယ့် လုပ်ငန်းစဉ်တွေ ဖြစ်တဲ့အတွက် UPDJC ဆွေးနွေးတာတွေရော၊ ခု JICM မှာ ဆွေးနွေးတာတွေရော ကျွန်တော်တို့ မနေ့ကရော၊ တစ်နေ့ကရောပေါ့ ကျွန်တော်တို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မရှိ ပေမယ့်လည်း ကျွန်တော်တို့ ဦးစီး ပြီးတော့မှ ရှိတဲ့ဗိုလ်ချုပ်ကြီးတွေ နဲ့ တိုင်ပင်ပြီးတော့မှ အသေးစိတ် တစ်ချက်ချင်း ပြန်ပြီးတော့မှကြည့်တဲ့အခါမှာ အခုလိုမျိုးလိုအပ်ချက် လေးတွေ ဒါ Concept အသစ် တော့  မဟုတ်ပါဘူး။ ဒါတွေက NCA ပါတဲ့ စာသားတွေရယ်ပြီး တော့ ကျွန်တော်တို့ ခုနကပြော တဲ့ လက်ရှိလုပ်ခဲ့တဲ့ ၂၀၁၅ ကနေ ဒီဘက်နောက်ပိုင်းမှာ လုပ်ခဲ့တဲ့ UPDJC အစည်းအဝေးတွေ၊ JICM အစည်းအဝေးတွေ ဒီအ ပေါ်မှာ ပြောရတာ၊ ဆိုရတာတွေ နဲ့ ကျွန်တော်တို့ မှတ်သားထားတာ တွေနဲ့ ပေါင်းစပ်ပြီးတော့မှ ဒီထက် ကောင်းမလားဆိုတဲ့ အနေအထားလေးတွေကို ကျွန်တော်တို့က အတည်ပြုတဲ့အခါမှာ မလွဲ အောင်၊ သေချာအောင်လို့ ဆွေး နွေးခြင်း ဖြစ်တယ်လို့ ကျွန်တော် တို့ ပြောလိုပါတယ်’’ ဟု ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်က နိုဝင်ဘာ ၂၇ ရက် JICM အစည်းအဝေးတွင် ပြောကြားခဲ့ သည်။

JICM ခွင့်ပြုချက်ဖြင့် ၂၀၁၈ ဇန်နဝါရီတွင် လင်းခေးမြို့၌ ကျင်းပမည့် ရှမ်းလူမျိုးအလိုက် အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အတွက် အကြိုလူထုဆွေးနွေးပွဲ ကို ဒီဇင်ဘာ ၁၇ ရက်က ပင်လုံ မြို့တွင် ပြုလုပ်ခဲ့ရာ တပ်မတော် က ဟန့်တားခဲ့သည်။ ထို့နောက် ဒီ ဇင်ဘာ ၁၉ ရက်၌ NCA ရေးထိုး ထားသည့် ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ထံ သတ်မှတ်နေရာတွင်သာ အ မျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲ ပြုလုပ်ရန် အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ်က စာပေးပို့ခဲ့သည်။ ဒီဇင် ဘာ ၂၁ ရက်တွင် ပင်လုံ၊ လားရှိုး နှင့် တာချီလိတ်မြို့၌ လူထုတွေ့ ဆုံပွဲများ ဆက်လက်ပြုလုပ်ခဲ့ရာ တပ်မတော်က ထပ်မံတားမြစ်ခဲ့ သည်။

သို့သော် ဒီဇင်ဘာ ၂၂ ရက် တွင် မိုင်းရယ်နှင့် ဟုမ္မလင်းမြို့ ၌ ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲများ တားမြစ်ခံရခြင်းမရှိပေ။

More in News Section

Top News