အင်းဝအပ်ချုပ်ဆိုင်အမှု တရားခံနှစ်ဦးအတွက် တရားခွင်အတွင်း ချမှတ်သည့် ပြစ်ဒဏ်နှင့် အမှန်တကယ်ခံရမည့် ပြစ်ဒဏ်ကွဲလွဲနေ

အမိန့်ချပြီးနောက် တင်မင်းလတ်နှင့် ရာဇာထွန်းတို့ကို ရဲကားပေါ်တွင် တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

အင်းဝအပ်ချုပ်ဆိုင်အမှု အမိန့်ဆုံးဖြတ်ချက်တွင် တရားခံ တင်မင်းလတ်နှင့် ရာဇာထွန်းတို့ ကို တရားသူကြီးက တရားခွင်အ တွင်း အမိန့်ချမှတ်သည့် ပြစ်ဒဏ် နှင့် အမှန်တကယ်ကျခံရမည့် ပြစ် ဒဏ် ကွဲလွဲနေကြောင်း မိသားစု ဝင် မသီရိလတ်က ပြောသည်။

အနောက်ပိုင်းခရိုင်တရားသူကြီးက အင်းဝအပ်ချုပ်ဆိုင်အမှု အမိန့်ချသည့် ဒီဇင်ဘာ ၁၅ ရက် ရုံးချိန်းတွင် တရားခွင်၌ တင်မင်း လတ်နှင့် ရာဇာထွန်းတို့ကို လူကုန်ကူးမှုကို အားပေးကူညီမှု ပုဒ်မ ၂၄/၃၂ ဖြင့် ပြစ်ဒဏ်ခုနစ်နှစ် ချမှတ်သော်လည်း အင်းစိန်ထောင်တွင်း တာဝန်ရှိသူရရှိသည့် ထောင်ပို့အပြစ်ပေး ၀ရမ်းတွင်မူ ယင်းပုဒ်မအတွက် ပြစ်ဒဏ်ကို ၁၀ နှစ်ကျခံစေရန် ဖော်ပြထားကြောင်း မသီရိလတ်ကပြောသည်။

အမိန့်ချပြီးနောက် ပြစ်ဒဏ် ကို ရဲတပ်ဖွဲ့၏ တရားဝင်သတင်း ထုတ်ပြန်ရေး စာမျက်နှာ Yangon Police တွင် ခုနစ်နှစ်ဟု ရေးသား ဖော်ပြခဲ့သည်။ ထို့အပြင်ပုဂ္ဂလိက သတင်းစာများတွင်လည်း ခုနစ် နှစ်ဟု သတင်းဖော်ပြခဲ့သည်။

အမှုမှ ကွင်းလုံးကျွတ်လွတ် မြောက်သူ မသီရိလတ်က အင်းစိန်ထောင်ရှိ ၎င်း၏ မိသားစုကို သွားရောက် တွေ့ဆုံရာတွင် အစ်ကိုဖြစ်သူ တင်မင်းလတ်သည် အဆိုပါကိစ္စကြောင့် စိတ်ဓာတ်ကျနေကြောင်းပြောသည်။

‘‘အရမ်းစိတ်ဓာတ်ကျတယ် တဲ့။ အယူခံတွေ ဘာတွေလည်း မသိတော့ပါဘူးတဲ့၊ ငိုတယ် အ ရမ်းပဲ။ သူက ခုနစ်နှစ်တောင်မှ သူ့ကိုယ်သူ တော်တော်လေးများ တယ်လို့ တွေးထားတာ။ ၁၀ နှစ် ဖြစ်သွားတော့ အရမ်းကို စိတ် ဓာတ်ကျတယ်လို့ ပြောတယ်’’ ဟု မသီရိလတ်က ဒီဇင်ဘာ ၂၁ ရက် တွင် ပြောသည်။

ပြစ်ဒဏ် ကွဲလွဲနေခြင်းနှင့် ပတ်သက်၍ 7Day Daily သတင်း စာက ထိုအမိန့်ကို ချမှတ်ခဲ့သည့် အနောက်ပိုင်းခရိုင် တရားသူကြီး ထံ သွားရောက်မေးမြန်းရာ ခရိုင် တရားသူကြီး၏ ပြောရေးဆိုခွင့် ရှိသူက ပြစ်ဒဏ် ၁၀ နှစ်သည် အမှန်ဖြစ်ပြီး ၎င်းတို့က ဒီဇင်ဘာ ၁၅ ရက် အမိန့်ချသည့် တရားခွင် တွင်လည်း လူကုန်ကူးမှုကို အားပေးကူညီသဖြင့် တင်မင်းလတ်နှင့် ရာဇာထွန်းတို့ကို ပြစ်ဒဏ် ၁၀ နှစ်ဟုသာ အမိန့်ချမှတ်ခဲ့ကြောင်း ပြောသည်။

ခရိုင်တရားသူကြီးကို မေး မြန်းသော်လည်း တရားသူကြီးက အစည်းအဝေးရှိသည်ဆိုကာ ဖြေ ကြားခြင်းမရှိပေ။

ဒီဇင်ဘာ ၁၅ ရက်က အမိန့် ချရာတွင် တရားခွင်အတွင်း တက် ရောက်နားထောင်ခဲ့သည့် သတင်း ထောက်အချို့ကို 7Day Daily သတင်းစာက ပြန်လည်မေးမြန်းရာ ၎င်းတို့သည် တရားခွင်တွင် ယင်းပုဒ်မကို ခုနစ်နှစ်ဟု အမိန့်ချသည်ကိုသာ ကြားသိကြောင်း ဖြေကြားသည်။

အင်းဝအပ်ချုပ်ဆိုင်မိသားစု ဝင် ခြောက်ဦးတွင် အမှုမှ ကွင်းလုံး ကျွတ်လွတ်မြောက်သူ မသီရိ လတ်၏ ရှေ့နေမနှင်းစုအောင်က လည်း တင်မင်းလတ်နှင့် ရာဇာ ထွန်းတို့သည် လူကုန်ကူးမှုအား ပေးကူညီမှုအတွက် ပြစ်ဒဏ် ခုနစ်နှစ် ချမှတ်ခံရကြောင်း အမိန့် ချမှတ်သည့်နေ့က မီဒီယာများ အား ဖြေကြားထားသည်။

မီဒီယာများက ဒေါ်တင်သူ ဇာသည် အလုပ်နှင့် ထောင်ဒဏ် ၁၆ နှစ်နှင့် အလုပ်မဲ့ထောင်ဒဏ်  တစ်လ၊ စုမွန်လတ်သည် အလုပ် နှင့် ထောင်ဒဏ် ၁၆ နှစ်နှင့် အလုပ် မဲ့ထောင်ဒဏ်တစ်လ၊ တင်မင်း လတ်သည် အလုပ်နှင့်ထောင်ဒဏ် ကိုးနှစ်နှင့် အလုပ်မဲ့ထောင်ဒဏ် တစ်လ၊ ရာဇာထွန်းသည် အလုပ် နှင့် ထောင်ဒဏ် ၁၃ နှစ်နှင့် အလုပ် မဲ့ထောင်ဒဏ်တစ်လ ချမှတ်ခံရ ကြောင်း တရားခွင်အတွင်းကွင်း ဆင်းမှုနှင့် ရှေ့နေများ၊ မိသားစု ဝင်များကို ကိုးကားဖော်ပြခဲ့သည်။

ယခုအမိန့်ချပြီးနောက် လေး ရက်အကြာတွင် တရားသူကြီး၏ အတွင်းရေးမှူး ပြောကြားချက်အ ရ တင်မင်းလတ်နှင့် ရာဇာထွန်း၏ ပြစ်ဒဏ်သည် အလုပ်နှင့်ထောင် ဒဏ်သုံးနှစ် တိုးသွားပြီး တင်မင်း လတ်သည် အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်နှင့် အလုပ်မဲ့ထောင်ဒဏ် တစ်လ၊ ရာဇာထွန်းသည် အလုပ် နှင့် ထောင်ဒဏ် ၁၆ နှစ်နှင့် အလုပ် မဲ့ထောင်ဒဏ် တစ်လ ပြစ်ဒဏ် ကျခံရမည်ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တရားခွင်အတွင်း ဖတ်ကြားသော အမိန့်ကိုသာ အတည်ယူရမည် ဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့မှ အဖွဲ့ဝင်တရားလွှတ်တော် ရှေ့နေဦးကျော်ဟိုးက ‘‘တရားသူကြီးက ပါးစပ်ချွတ်ချော်ပြီး မှားဖတ်တာ လည်းဖြစ်နိုင်ပါတယ်။ ဖြစ်တော့ မဖြစ်သင့်ဘူးပေါ့လေ။ အမိန့်စာ က အတည်ပေါ့။ သူလက်မှတ် ရေးထားတဲ့ အမိန့်ကို အတည်ယူ ရမှာပဲ။ တရားခံတွေအတွက် တော့ စိတ်အနှောင့်အယှက်ဖြစ် တာပေါ့။ တရားသူကြီးအတွက် လည်း မကောင်းဘူးပေါ့။ ဒီတရား သူကြီး ပေါ့လျော့တာပေါ့’’ ဟု ပြောသည်။

တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုးက ၎င်းအနေဖြင့် အမှုလိုက်ခဲ့သည့် သက်တမ်းတစ် လျှောက် ယင်းကဲ့သို့  လွဲချော်မှုမျိုး တစ်ကြိမ်မျှ မကြုံဖူးကြောင်း ပြောသည်။