အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးသမားများနှင့်ဒီမိုကရေစီအင်အားစုများ ပြည်သူအပေါ်မျက်ကွယ်ပြုဟုဝေဖန်

ဒီဇင်ဘာ ၂၃ ရက်တွင်ပြုလုပ်ခဲ့သည့်တွေ့ဆုံပွဲ အခမ်းအနား၌ ဒီမိုကရေစီလှုပ်ရှားမှုများ၌ သေဆုံးခဲ့သူများအား အလေးပြုနေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးသမားများနှင့် လက်ရှိ အချိန်ထိ ညီညွတ်မှု မတည် ဆောက်နိုင်သော ဒီမိုကရေစီအင် အားစုများသည် ပြည်သူလူထု၏ အကျင့်သိက္ခာ၊ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် နေ့စဉ် စား ဝတ်နေရေးဒုက္ခများကို မျက် ကွယ်ပြု၍ လုပ်ချင်ရာလုပ်နေ ကြောင်း ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ဦးသက်ထွန်း က ပြောသည်။


‘‘ကျွန်တော်တို့ အကြံပေး ချင်တာက စစ်တပ်က စစ်တပ် နေရာကနေ အလုပ်လုပ်ရင် ပို ကောင်းတယ်။ အစိုးရက အစိုးရ ဆိုတဲ့ တာဝန်ပြည့်ပြည့်ဝဝယူ။ ဟိုရှောင်လွှဲ၊ ဒီရှောင်လွှဲ အပြစ် တွေပုံချလို့ ပြည်သူလူထုအတွက် ကောင်းလာမှာမဟုတ်ဘူး’’ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာ ၂၃ ရက်က ရန် ကုန်မြို့ရှိ ယုဒဿန်ခန်းမတွင် ပြု လုပ်သော ၈၈ မျိုးဆက် (ပြည်ပ) ရဲဘော်များနှင့် ပြည်တွင်းနိုင်ငံရေး အင်အားစုများ တွေ့ဆုံပွဲအခမ်း အနား၌ ဦးသက်ထွန်းကအထက် ပါအတိုင်း ပြောကြားသည်။

ရှစ်လေးလုံး ပြည်သူ့အရေး တော်ပုံကြီး၏ တောင်းဆိုချက်များ ဖြစ်သော ဒီမိုကရေစီရရှိရေး၊ တစ်ပါတီ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး စသည့်တောင်းဆို ချက်များ မရရှိသေးသည်ကို လက်တွေ့ဖြစ်ရပ်များက သက် သေပြနေကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဥက္ကဋ္ဌဦးဘိုကြည်က ပြောကြား သည်။

ထို့ကြောင့် ရှစ်လေးလုံးပြည် သူ့အရေးတော်ပုံကြီး အတွင်း အတူတကွ ဖြတ်သန်းလှုပ်ရှား ခဲ့ကြသူများဖြစ်သော ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးအင်အားစုများ အနေဖြင့် ညီညွတ်စွာ တွေ့ဆုံ ဆွေးနွေးအဖြေရှာ၍ အချင်းချင်း ကြားတွင် အဆိုပါကြွေးကြော်သံ များ၊ တောင်းဆိုချက်များကိုလေး စားတန်ဖိုးထားကာ လက်တွေ့ ကျကျ အကောင်အထည်ဖော် ဆောင်ရွက်မှသာ နိုင်ငံရေးအရွေ့ များကို အထောက်အကူပြုနိုင် မည်ဖြစ်ကြောင်း ဦးဘိုကြည်က ထောက်ပြဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲကို ၈၈ မျိုးဆက် (ပြည်ပ)ရောက် ကျောင်း သားများက ဦးဆောင်၍ နိုင်ငံ၏ မျက်မှောက်နိုင်ငံရေး အခြေ အနေ၊ အနာဂတ်အလားအလာ များနှင့်ပတ်သက်ကာ ပြည်တွင်း နိုင်ငံရေး အင်အားစုများ၏ သဘောထားအမြင်များကို သိရှိ နိုင်ရန်ရည်ရွယ် ကျင်းပခဲ့ကြောင်း ၈၈ မျိုးဆက် (ပြည်ပ) ကျောင်း သား ခေါင်းဆောင်ဦးဇာနည်က ရှင်းပြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည် တွင်း၊ပြည်ပ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်များ၊ ရဟန်း သံဃာများ၊ ၇၄-၇၅-၇၆ နိုင်ငံ ရေးအင်အားစုများ အပါအဝင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် စသည့် နိုင်ငံရေးအင်အားစု အဖွဲ့အသီး သီးမှ ကိုယ်စားလှယ်များ တက် ရောက်၍ နိုင်ငံရေးအခြေအနေ များ ဆွေးနွေးခဲ့သည်။