မူဆယ်ကုန်သွယ်ရေးဇုန်အနီး လက်နက်ကြီးကျည်ကျ ကလေး တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တွေ့ရစဉ်(ဝဲ)နှင့် ဒဏ်ရာရရှိသူတစ်ဦး(ယာ)။ (ဓာတ်ပုံ − ကေတီတီ)

မူဆယ်မြို့နယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ဧရိယာအနီးသို့ လက်နက်ကြီးကျည် ကျရောက်၍ (၁၂)နှစ်အရွယ်ကလေးတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မူဆယ်ခရိုင်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန ဒုခရိုင်မှူးဦးစန်းလှိုင်က ပြောသည်။

ဒီဇင်ဘာ ၂၃ ရက်ညနေတွင် လုံထန်ပြည်သူ့စစ် တာဝန်ယူနေသည့်တောင်ကုန်းသို့ အဖွဲ့အမည် စိစစ် ဆဲ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက လက်နက်ကြီးဖြင့် နှစ်ချက်ပစ်ခတ်ရာ ကုန်သွယ်ရေးဇုန်ဧရိယာအနီးရှိ မိုင်းယုကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ၍ ယခုကဲ့ သို့ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

‘‘ဒီလိုမျိုးဖြစ်စဉ်မဖြစ်တာကြာလှပြီ။ ဟိုတစ်ခါ ဖြစ်ပြီးနောက်ပိုင်းက ဒီလိုမျိုးဖြစ်တာတွေမရှိသေးဘူး။ ဒေသခံပြည်သူတွေက အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်း ချမ်းချမ်းဖြစ်တာကိုပဲ လိုချင်တာပေါ့။ အခုက ဘာ မဆိုင် ညာမဆိုင် ဒေသခံပြည်သူတွေ ထိခိုက်တယ်။ အကောင်းဆုံးကတော့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ငြိမ်းချမ်းရေးစကားပြောပြီး အားလုံးငြိမ်းချမ်းရေးလုပ် တာ အကောင်းဆုံးပေါ့’’ဟု ဦးစန်းလှိုင်က ပြောသည်။

ထိခိုက်ဒဏ်ရာရသည့် (၃) နှစ်အရွယ် ကလေး ငယ်နှင့် (၅၈) နှစ်အရွယ်အမျိုးသားတစ်ဦးတို့သည် ဒဏ်ရာပြင်းထန်၍မူဆယ်ဆေးရုံမှ တရုတ်နိုင်ငံ ရွှေလီ သို့ ပြောင်းရွှေ့ကုသမှုခံယူနေသည်ဟု ဆေးရုံ တာဝန် ရှိသူတစ်ဦးက ဆိုသည်။

‘‘လွှဲတာက လားရှိုးကိုလွှဲတာ။ ဒါပေမဲ့လူနာရှင် တွေက တရုတ်နိုင်ငံကို သွားကုချင်တယ်ဆိုလို့ တရုတ် ဘက်ကို သွားလိုက်တယ်’’ဟု ၎င်းကပြောသည်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးရှိ နွားခြံ အတွင်းသို့လည်း လက်နက်ကြီးကျည်နှစ်လုံး ကျ ရောက်ပေါက်ကွဲ၍ နွားနှစ်ကောင်သေဆုံးပြီး ၁၈ ကောင် ဒဏ်ရာရခဲ့ကြောင်း မူဆယ်မြို့ခံတစ်ဦးက ပြောသည်။

တပ်မတော်နှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ သည် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများ၌ တိုက်ပွဲများမကြာ ခဏဖြစ်ပွားနေသည်။ ယခုမူ ဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ပတ်ဝန်းကျင်သို့ လက်နက်ကြီး ဖြင့်ပစ်ခတ်သည့်သောင်းကျန်းသူ ကိုစိစစ်ဆဲဖြစ်ကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနက ယမန့်နေ့ည တွင် သတင်းထုတ်ပြန်သည်။

၂၀၁၆ နိုဝင်ဘာကမူဆယ်  ၁၀၅ မိုင်ကုန်သွယ်ရေးစခန်း အပါအ၀င် ရှမ်းပြည်နယ်မြောက် ပိုင်းရှိ အစိုးရလုံခြုံရေးတပ်စခန်း များကို KIA, TNLA, MNDAA နှင့် AA ပူးပေါင်းလက်နက်ကိုင် အဖွဲ့များကတိုက်ခိုက်၍လုံခြုံရေး တပ်ဖွဲ့ဝင်များအပါအ၀င် အရပ် သားများ ထိခိုက်ဒဏ်ရာရခဲ့သည်။

More in News Section