သစ်ပင်များတွင် ကြော်ငြာဆိုင်းဘုတ်များ မကပ်ရန် ပွင့်ဖြူမြို့၌ ကမ်ပိန်းပြုလုပ်

သစ်ပင်များတွင် ကြော်ငြာဆိုင်းဘုတ်မကပ်ရန် လှုပ်ရှားမှုပြုလုပ်နေသူတစ်ဦး(ဓာတ်ပုံ − လှုပ်ရှားမှုအဖွဲ့)

 မြန်မာနိုင်ငံ လမ်းမများ၏ ဘေးဝဲ၊ ယာရှိ သစ်ပင်များတွင် ကြော်ငြာဆိုင်းဘုတ်များ ရိုက် ခြင်း၊ ကပ်များ မပြုလုပ်ရန် မကွေး တိုင်းအခြေစိုက် လူမှုအဖွဲ့အစည်းအသီးသီးမှ လူငယ်များက ဒီဇင်ဘာ ၂၅ ရက်တွင် ပွင့်ဖြူမြို့၌ လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့သည်။

အဆိုပါလှုပ်ရှားမှုကို ဒီဇင် ဘာ ၂၅ ရက်တွင် မွန်းလွဲ ၁ နာရီ ကျော်ကစ၍ ပွင့်ဖြူမြို့ မြောက် ဘက်အထွက် မုန်းချောင်းတံတား ၌ ပြုလုပ်ခဲ့ပြီး ‘သစ်ပင်၏ ဂုဏ် သိက္ခာအတွက် ကြော်ငြာဆိုင်း ဘုတ်များ မချိတ်ပါနဲ့’ စာတန်းပါ ကတ်ပြားများကို ကိုင်ဆောင်၍ တစ်နာရီကမ်ပိန်း ပြုလုပ်ခဲ့သည်။ ကမ်ပိန်းတွင် အရပ်ဘက်အဖွဲ့အ စည်းအသီးသီးမှ လူငယ်စုစုပေါင်း ၁၇ ဦး ပါဝင်သည်။

လမ်းဘေးဝဲ၊ယာရှိအပင် များ တွင် ကြော်ငြာဆိုင်းဘုတ် များ ကပ်ထားခြင်း၊ပြန်ခွာခြင်း၊ ကုမ္ပဏီများမှ လိုအပ်သလို အပြိုင် အဆိုင် ရိုက်နှိပ်ခြင်း၊ ကပ် ခြင်းက အပင်များကို ထိခိုက်စေ သလို အမြင်တွင်လည်းသစ်ပင် များ အကျည်းတန်စေခြင်းကြောင့် အဆိုပါ လှုပ်ရှားမှုကိုလုပ်ခဲ့ ကြောင်း မကွေးလူထုဖွံ့ဖြိုးရေး စင်တာ တာဝန်ခံကို အောင်မိုးသူ ကပြောသည်။

‘‘ကျွန်တော်တို့အဖွဲ့ Mobile Learning Trip သွားရင်းနဲ့လုပ် ဖြစ်တာပါ။ ဘယ်သက်ရှိပဲဖြစ်ဖြစ် ရှင်သန်ဖို့ပဲ ဒီအပင်တွေက အဓိ ကကျတယ်။ အပင်တွေက လူ သားအပါအဝင် သတ္တဝါတွေအား လုံးအတွက် အဓိကကျတယ်။ အ ခြေခံကျတဲ့ အစားအစာ၊ အာဟာ ရတွေကိုလည်း ထောက်ပံ့ပေး တယ်။ အဲဒါကြောင့် အပင်တွေကို သူတို့ဘာသာ သူတို့လေးရှိနေစေ ချင်တယ်’’ ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ လှုပ်ရှားမှုလုပ် ခြင်းသည် မည်သည့်ကုမ္ပဏီကိုမျှ ထိခိုက်စေလိုသည့် ဆန္ဒမရှိ ကြောင်း၊ ကုမ္ပဏီများအနေဖြင့် ကြော်ငြာလိုပါက သစ်ပင်များ တွင် အလွယ်ရိုက်နှိပ်ခြင်းများ မ ပြုလုပ်ဘဲ သီးသန့်တိုင်များထောင်​၍ ကြော်ငြာစေလိုကြောင်း Social Care Volunteer Group (SCVG) မှ ကိုစည်သူက ပြောသည်။

လမ်းမများရှိ အပင်များ သည် လမ်းမမပျက်စီးရန် အပူ ဒဏ်မှ ကာကွယ်သလို ခရီးသွား ပြည်သူများအတွက် အရိပ်ပေးပြီး သဘာဝပတ်ဝန်းကျင် ထိန်းညှိရာ တွင်လည်း အရေးပါသည်။ ထို့ ကြောင့် အများပြည်သူနှင့်ဆိုင် သည့် ၎င်းသစ်ပင်များတွင် ကုမ္ပ ဏီတစ်ခုချင်းစီ၏ အကျိုးစီးပွား အတွက် အပင်များကို အသုံးမချ စေလိုကြောင်း ၎င်းကပြောသည်။

More in Regional Section