မူးယစ်ဆေးဝါးဖြစ်စဉ်များတွင် ဌာနဆိုင်ရာဝန်ထမ်းများ၏သားသမီးများ ပါဝင်ပတ်သက်ခြင်းမပြုရန် တနင်္သာရီတိုင်းနယ်လုံဝန်ကြီး မှာကြားဟုဆို

တနင်္သာရီတိုင်းအစိုးရနှင့်ဌာနဆိုင်ရာများ ဆွေးနွေးပွဲတွင် စကားပြောကြားနေသော တိုင်းနယ်လုံဝန်ကြီး(fb.com/Tanintharyi Region)

 မူးယစ်ဆေးဝါးဖြစ်စဉ် များတွင် ဌာနဆိုင်ရာဝန်ထမ်းများ ၏သားသမီးများပါဝင်ပတ်သက် ခြင်းမပြုရန် တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေ ယျက မှာကြားထားကြောင်း တိုင်းအစိုးရအဖွဲ့ဝန်ကြီးများက ပြော ကြားသည်။

ထို့အပြင် တိုင်းအတွင်းရှိ ဌာနဆိုင်ရာများသည် အစိုးရအဖွဲ့၏ခြေလက်များဖြစ်သဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ဝန်းရံကူညီပေးရန် တာဝန်ရှိကြောင်း ဒီဇင်ဘာ ၂၁ ရက်တွင် ပြုလုပ် သည့် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့် တိုင်းအဆင့်ဌာနဆိုင်ရာ များလုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် နယ်လုံဝန်ကြီးက ပြောကြားခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောသည်။


 ‘‘မူးယစ်ဆေးဝါးသုံးစွဲနေ တာက လူငယ်တွေချည်းပဲ။ ကျောင်းဆရာ သားသမီးတွေ လည်း ပါနေတယ်။ ဖမ်းဆီးမိတာ တွေထဲ ပါနေတယ်။ ထွက်ပြေးနေ ကြသူတွေထဲမှာလည်း ပါနေ တယ်။ မူးယစ်ဆေးဝါးသုံးစွဲတဲ့ တက္ကသိုလ်ကျောင်းသားတွေက လည်း ပညာတတ်ဝန်ထမ်းသားသမီးတွေများတယ်။ မူးယစ်ဆေးဝါးက ထိန်းမနိုင်သိမ်းမနိုင်ဖြစ်နေ တယ်။ နေ့တိုင်းလည်း ဖမ်းတယ်’’ ဟု ဝန်ကြီး ဦးမြင့်စန်းက ရှင်းပြ သည်။

လက်ရှိတွင် တိုင်းအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု နှစ်စဉ်တိုးပွားနေပြီး ၂၀၁၅ မှ ၂၀၁၇ နိုဝင်ဘာ ၁၅ ရက်အထိ စိတ်ကြွ ဆေးပြားသုံးသိန်းကျော် အပါအ ဝင် မူးယစ်ဆေးဝါးမျိုးစုံ ဖမ်းဆီး ရမှု ၁,၃၀၀ ကျော်ရှိ၍ မူးယစ် တရားခံ အမျိုးသား၊ အမျိုးသမီး ၁,၀၀၀ ကျော်ကို အရေးယူထား ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောသည်။

‘‘ဌာနဆိုင်ရာ သားသမီးတွေ ပတ်သက်တာ၊ မပတ်သက်တာ တွေ မသိဘူး။ မည်သူမဆို မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရင်တော့ အရေးယူမှာပဲ’’ဟု ၎င်းက ပြော သည်။

ထိုသို့ တိုင်းအတွင်း မူးယစ် ဆေးဝါးတရားခံများ ဖမ်းဆီးရာ တွင် မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်များပါ ဖမ်းဆီးရမိမှုများ ရှိကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ မေလအ တွင်း ထားဝယ်မြို့ပေါ်ရှိ မူးယစ် တရားခံတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရာ သေနတ်ဖြင့် ခုခံပစ် ခတ်မှုကြောင့် ရဲတပ်သားတစ်ဦး သေဆုံးခဲ့သည်။

ထို့အတူ ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲတွင် မူးယစ်ဆေး ဝါးပိတ်ဆို့ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့နှင့် အပြန်အလှန်သေနတ်ပစ်ခတ်မှု ဖြစ်စဉ်အတွင်း အရာရှိတစ်ဦး ဒဏ်ရာရပြီး မူးယစ်ဆေးဝါးရောင်းချသူတစ်ဦး သေဆုံးမှု ယခုနှစ် အောက်တိုဘာအတွင်း ဖြစ်ပွားခဲ့သည်။

ထို့အပြင် တနင်္သာရီတိုင်းဒေ သကြီး ထားဝယ်၊ မြိတ်၊ ကော့သောင်းနှင့် ရေဖြူမြို့နယ်တို့တွင် ၂၀၁၇ မတ်၊ ဇွန်၊ ဇူလိုင်များအတွင်း မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိသူများနှင့်အတူ ၉ မမ ပစ္စတိုတစ်လက်အပါအဝင် ထိုင်း၊ ဂျာမနီနှင့် တူရကီနိုင်ငံလုပ် ပစ္စတိုသေနတ်များ၊ ခြောက်လုံးပြူး၊ နှစ်လုံးပြူး၊ သေနတ်များနှင့်ကျည်

ဆန်မျိုးစုံ သိမ်းဆည်းရမိကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့က သ တင်းထုတ်ပြန်ထားသည်။