စာပေဝါသနာရှင်များအတွက် ဝန်ဆောင်ခဖြင့် စာမူပို့ဆောင်ပေးသည့်လုပ်ငန်းစတင်

 စာပေဝါသနာရှင်များအ တွက် ၎င်းတို့ရေးသားသော စာမူ များကို သတင်းစာ၊ ဂျာနယ်၊ မဂ္ဂ ဇင်းတိုက်များသို့ ပို့ဆောင်ပေး သည့် စာမူဝန်ဆောင်မှုလုပ်ငန်း  စတင်လုပ်ကိုင်နေပြီဖြစ်ကြောင်း အဆိုပါအစီအစဉ်ပြုလုပ်သည့် ကဗျာဆရာမ ဇန်က ပြောသည်။

အဆိုပါအစီအစဉ်ကို အင် တာနက် ခက်ခဲသည့်နေရာများ၊ စာတိုက်ကတစ်ဆင့် စာမူပို့ရန်အဆင်မပြေသူများကို ရည်ရွယ် ပြုလုပ်ကြောင်း  ၎င်းက  ပြော သည်။

‘‘အခုခေတ်က အင်တာနက် ခေတ်ဆိုတော့ စာရွက်ပေါ်မှာ စာ ရေးကြတာမျိုးမဟုတ်တော့ဘူး လေ။ သူတို့က မဂ္ဂဇင်းတွေ၊ ဂျာ နယ်တွေ၊ သတင်းစာတွေဆီကို mail ကနေ အလွယ်တကူပို့ကြ တယ်။ ဒါပေမဲ့ တိုက်တွေက reply မပြန်တာကို သိပ်သဘော မကျကြဘူး။ တချို့က အယ်ဒီတာ ကိုလည်း မသိရ၊ မမြင်ရဘူး။ စာ မူရွေးခံရလား၊ အရွေးမခံရဘူး လားဆိုတာလည်း သိချင်ကြ တယ်။ အွန်လိုင်းသုံးတဲ့ လူငယ် တွေက စာရေးကြပါတယ်။ ဒါပေ မဲ့ ဘယ်ကိုပို့ရမှန်းမသိဘဲ လမ်း ပျောက်နေသူတွေလည်း အများ ကြီးတွေ့ရပါတယ်။ အဲဒါကြောင့် အခုလို အစီအစဉ်လေးလုပ်ဖြစ် တာပါ’’ဟု ကဗျာဆရာမ ဇန်က ဆိုသည်။

စာမူပို့ခကို တစ်တိုက်လျှင် တစ်ထောင်ကျပ်၊ ကဗျာနှစ်ပုဒ် နှုန်းနှင့် အက်ဆေးဆောင်းပါး ဝတ္ထုတိုဆိုပါက A4 တစ်ရွက် ၅၀၀ ကျပ်နှုန်းဖြင့် မဂ္ဂဇင်း၊ ဂျာ နယ်၊ သတင်းစာတိုက်များရှိ အယ်ဒီတာလက်ထဲရောက်သည်အထိ Proof ဖတ်ပြီး (သတ်ပုံစစ်ပြီး) print ထုတ်ပြီး စာအိတ်ပိတ်၍ ၎င်းကိုယ်တိုင် ပို့ဆောင်ပေး ကြောင်း ပြောသည်။

‘‘ပို့ပေးတာကတော့ က လောင်အသစ်၊ အဟောင်း အား လုံးအတွက်ပါ။ အခုလက်ရှိ စာမူ အမြဲလာပို့သူ အယောက် ၁၀၀ ကျော်ရှိနေပါပြီ’’ဟု ကဗျာဆရာမ က ပြောသည်။

ကဗျာ၊ အက်ဆေးဆောင်း ပါး၊ ဝတ္ထုတိုများကို ရန်ကုန်တိုင်း အတွင်းရှိ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတိုက်အားလုံးကို လိုက်ပို့ ပေးကြောင်းနှင့် စာမူအပ်လိုသူ များ ဖုန်း-၀၉-၄၄၂၉၁၇၉၁၉ သို့ ဆက်သွယ်နိုင်ကြောင်း ပြော သည်။

စာမျက်နှာပေါ်တွင် ဖော်ပြခံ ရသည့် စာမူများကို စာရေးသူ ထံ အကြောင်းကြားပေးပြီး ရွေး ချယ်ခြင်းမခံရသည့် စာမူပိုင်ရှင် များကိုတော့ အကြောင်းမကြား ပေးကြောင်း ၎င်းက ပြောသည်။

အဆိုပါ ဝန်ဆောင်မှုကို နိုဝင်ဘာ ၂၇ ရက်ကစ၍ ပြုလုပ် နေပြီး သူရိယအလင်းဂျာနယ် တိုက်၊ ပညာရတနာမဂ္ဂဇင်း၊ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းအပါအဝင် အခြားစာနယ်ဇင်းတိုက်များသို့ ပေးပို့နေသည်ဟု၎င်းကဆိုသည်။