ရုပ်ရှင်အကြိုခံစားခြင်း

ဆိုင်းကြိုက်တဲ့မောင်

-ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာ ငွေကြေးချမ်းသာပေမယ့်  မိသားစုဘဝကို ကိုယ့်မိသားစုကနေ မရ တဲ့ လူတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို ညွှန်းလိုက်ပါတယ်။

 ဦးမောင်မောင်ထွန်းက ကုမ္ပဏီပိုင်ရှင်သူဌေးတစ်ဦးပါ။ အသက်အရွယ်ရလာတဲ့အချိန်မှာ တော့ သူ့ရဲ့သားသမီးတွေကို လုပ်ငန်းတွေ ခွဲဝေပေးပြီး သူက အေးအေးဆေးဆေးနေဖို့ စီစဉ်ခဲ့ပါ တယ်။ တကယ်တော့ သူက ကုမ္ပဏီအလုပ်တွေ မလုပ်တော့ ဘဲ မိသားစုနဲ့ အချိန်ပေးပြီးနေဖို့ စိတ်ကူးခဲ့တာပါ။

ဒါပေမဲ့ အချိန်ကြာလာတာ နဲ့ အမျှ စိတ်ကူးထားတဲ့ ဘဝကမရနိုင်ဘူးဆိုတာကို ဦးမောင် မောင်ထွန်း သိလာခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ စိတ်ကူးတွေ သားသမီးတွေကို ပြောပြပေမယ့် သူ့သားသမီးတွေက တော့ အဲဒီကိစ္စထက် သူ့ဆီကငွေတောင်းဖို့ စိတ်ဝင်စားနေတာ ကြောင့်ပါတယ်။ အဲဒီအချိန်မှာသူတို့မိသားစုတွင်းမှာ ပြဿနာ တွေ ထပ်ကြုံခဲ့ရပါတယ်။ အဲဒါကြောင့် ဦးမောင်မောင်ထွန်းက စိတ်ညစ်ပြီး ခြေဦးတည့်ရာ ထွက် သွားပါတယ်။

ဂျာအေးက သူတို့ရွာမှာ ကြုံရာအလုပ်လုပ်ပါတယ်။ ဂျာအေး ရဲ့ မိန်းမက သက်မွန်ပါ။ သူတို့ကသက်မွန်ရဲ့ အစ်ကိုတွေနဲ့အတူတူ နေကြပါတယ်။ ဂျာအေးမှာဖျောက်မရတဲ့ အကျင့်တစ်ခုရှိပါ တယ်။ အဲဒါကတော့ ဆိုင်းသံကြား ရင် ထကတာပါ။ အဲဒါကြောင့် သက်မွန်က ဂျာအေးကို သူ မကြိုက်တာလုပ်တဲ့ အချိန်တိုင်း ဆိုင်းသံဖွင့်ပေးထားပြီး ကခိုင်း ကာ အပြစ်ပေးလေ့ရှိပါတယ်။

ဘယ်ရောက်ရောက်ဆိုပြီး ထွက်လာတဲ့ ဦးမောင်မောင်ထွန်းဂျာအေးတို့ ရွာလေးနားကို ရောက်လာခဲ့ပါတယ်။ အဲဒီမှာ လူတစ်စုစကားပြောနေတာကို တွေ့ပြီး ဟာသတွေပြောတတ်တဲ့ ဂျာအေးနောက်ကို လိုက်လာခဲ့ပါ တယ်။ သူ့စိတ်ထဲမှာတော့ ဟာသ တွေပြောတတ်တဲ့ဂျာအေး က သူ့ ကို စိတ်ပျော်ရွှင်အောင်လုပ်ပေး နိုင်မယ်လို့ ယူဆခဲ့တာကြောင့်ပါ။

သူဂျာအေးတို့အိမ်စရောက်တဲ့အချိန်မှာ သူ့ကိုပြဿနာရှာခဲ့ပေမယ့် ဦးမောင်မောင်ထွန်းက ပါးနပ်ပါတယ်။ သူတို့ အိမ်ရဲ့အဓိကလူ ဖြစ်တဲ့ သက်မွန်ကို သမီးဆိုပြီး သူက ကပ်ပေါင်းခဲ့ပါတယ်။ သက်မွန် ကလည်း ဦးမောင်မောင် ထွန်းကို စိတ်ရောဂါ ဝေဒနာရှင် တစ်ယောက်ဆိုပြီး အသနားပိုခဲ့ပါ တယ်။ အဲဒါကြောင့် ဦးမောင် မောင်ထွန်းတစ်ယောက် ဂျာအေးတို့အိမ်မှာ သောင်တင်နေခဲ့ပါ တယ်။

မိသားစုဘဝလေးကို သား သမီးတွေနဲ့အတူတူပျော်ချင်လို့ ထွက်လာတဲ့ ဦးမောင်မောင်ထွန်း ဂျာအေးတို့အိမ်မှာ ဘယ်လောက် ကြာ အောင်နေဦးမှာလဲ။ သူ့သား သမီးတွေကကော မရှာတော့ဘူးလား။ ဘယ်လိုဇာတ်လမ်းတွေ ဆက်ဖြစ်ဦးမလဲဆိုတာကို ဒီဇင် ဘာ ၂၉ ရက်ကနေစပြီး ရန်ကုန်၊မန္တလေးအပါအဝင် တစ်နိုင်ငံလုံးရုံတင်ပြသတော့မယ့် ‘ဆိုင်းကြိုက် တဲ့ မောင်’ ဇာတ်ကားမှာ ဆက် လက်ရှုစားပေးပါ။ ဒီဇာတ်ကားမှာ  ဦးမောင်မောင်ထွန်းအဖြစ် ခန့်စည်သူ၊ ဂျာအေးအဖြစ် မြင့်မြတ်၊ သက်မွန်အဖြစ် သက်မွန်မြင့်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး အဝေရာမင်းရဲ့ဇာတ်လမ်းကိုညီညီဘမောင် ဇာတ်ညွှန်းရေးထားကာ ဒါရိုက်တာကိုပေါက်က ရိုက်ကူးပုံဖော်ထားပါတယ်။