ဒီမိုကရေစီဆန်ကြစမ်းပါ

ဒီမိုကရေစီဆိုတာ ကျင့်သုံးရတာလို့ အားလုံးက သိနေကြတာပဲ။ လူတိုင်းလိုလိုရဲ့ ပါးစပ်ဖျားမှာ ပြောနေကြတာပဲ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ ပြောတဲ့အတိုင်း ကျင့်သုံးရဲ့လား၊ သိတဲ့အတိုင်းကျင့်ကြံကြရဲ့လားဆိုတာ မေးခွန်းထုတ်ချင်စရာပါပဲ။

အားလုံးကတော့ ဒီမိုကရေစီ ကို လိုချင်ကြတယ်။ ဒီမိုကရေစီအ တွက် သတ္တိတွေရှိခဲ့ကြတာပဲ။ ဒီမို ကရေစီကို မိုးပေါ်ကနတ်သုဓာ တစ်ပါးလို တန်ဖိုးထားပြီး မျှော်လင့် တောင့်တခဲ့ကြတယ်။ ရူးသွပ်ခဲ့ ကြတယ်။ ဒီမိုကရေစီကိုသာ အာ သာငမ်းငမ်းနဲ့ လိုချင်နေကြတာ။ ကိုယ်ကိုယ်တိုင်ကျတော့ ဒီမိုက ရေစီအတွက် ဘာတွေပြင်ဆင်ခဲ့ သလဲ၊ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ် သွေး (Personality) ကိုဘယ်လို တည်ဆောက်နေကြသလဲ၊ ကိုယ့် ရဲ့ ပြုမူကျင့်ကြံမှုတွေက ဒီမိုကရေ စီ စံနှုန်းတွေနဲ့ ကိုက်ညီရဲ့လား၊ ကိုယ်ကိုယ်တိုင်ကကော ဒီမိုကရေ စီဆန်ဆန် နေထိုင်ပါရဲ့လားဆို တာ ဆန်းစစ်ကြည့်ကြဖို့တော့ လိုအပ်သေးတာပေါ့။

ဒီမိုကရေစီရဲ့ အသက်က စည်းကမ်းနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုလို့ ထင်ပါတယ်။ အရာရာကို ကိုယ်က စည်းကမ်းတကျပြုတတ်၊ ပြောတတ်၊ နေထိုင်တတ်မှ နည်းမှန်၊ လမ်းမှန်နဲ့ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေက ဒီမိုကရေစီဆန်မှာပါ။ အာဏာရှင်အစိုးရ လက်ထက် တွေမှာ အကြောက်တရားက ဖိစီး၊ ချုပ်ချယ်မှုက နေရာတိုင်းမှာ ရှိနေ ပေမယ့် ဒီမိုကရေစီစနစ်မှာတော့ လွတ်လပ်မှုနဲ့ နိုင်ငံသားတိုင်းအ တွက် ဥပဒေရဲ့ အကာအကွယ်က၊ အစောင့်အရှောက်က ရှိရမှာဖြစ် ပါတယ်။ လွတ်လပ်မှုကို အလွဲ သုံးပြီး တစ်ပါးသူကို နှောင့်ယှက် ခြင်းမျိုး မရှိဖို့ လိုသလို နိုင်ငံသား တစ်ယောက်ရဲ့ တာဝန်ခံမှု၊ တာ ဝန်ယူမှုလည်း ရှိရမယ်လို့ ထင်ပါ တယ်။ ကျွန်မတို့နိုင်ငံက ဒီမိုကရေ စီနိုင်ငံ၊ ဒီမိုကရေစီအစိုးရဆိုပြီး ကြွေးကြော်ခဲ့တာ ၂၀၁၁ ခုနှစ်က တည်းကပါ။ အရင်အစိုးရက သက်တမ်း ငါးနှစ်ပြည့်ပြီးလို့ အခုအစိုးရ သစ် သက်တမ်းတောင် ၂ နှစ်ပြည့် ပါပြီ။ ပြည်သူတွေ ဘဝက ဘာ ပြောင်းသွားလဲ။ အရင်အတိုင်းပဲ၊ စီးပွားရေးတွေ ကျပ်တည်းကြ တုန်းပဲ၊ ဘာမှမပြောင်းလဲသေး ဘူးလို့ ပြောနေကြတယ်။ ဒါပေ မဲ့ ဘက်ပေါင်းစုံကိုတော့ တစ်ပြိုင် နက်တည်း ကောင်းလာအောင် ဥုံဖွဆိုပြီး မန်းမှုတ်လို့တော့ မရ နိုင်ဘူးပေါ့။ ဒါကိုတော့ အားလုံးက လက်ခံနားလည်ရမယ်။ ဘက် ပေါင်းစုံဆိုးရွားနေမှုမှာ စီးပွားရေး ကျဆင်းနေမှုက ဆိုးဆိုးရွားရွား ဖြစ်နေတာကိုတော့ အေးအေး ဆေးဆေးနေလို့ မရဘူးပေါ့။

ပြည်သူ ပြည်သားတွေရဲ့စီး ပွားရေးအခြေအနေ မတောင့်တင်း၊မခိုင်မာဘဲနဲ့ တိုင်းပြည်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်လို့မရနိုင်သလို မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေ များပြားနေတာကိုလည်း နှိမ်နင်းလို့ရမှာမဟုတ်ပါဘူး။ ပြည်သူ အများက စီးပွားရေးတွေသာ ကောင်းနေရင် သက်စွန့်ဆံဖျားနဲ့ ထောင်မ ကြောက်၊ တန်းမကြောက် မူးယစ် ဆေးတွေ၊ စိတ်ကြွဆေးတွေကို တွင်တွင်ကျယ်ကျယ် ရောင်းဝယ် နေကြမှာ မဟုတ်ပါဘူး။ အခု တော့ နိစ္စဓူဝဆိုသလို သယ်တဲ့ သူကသယ်၊ ရောင်းတဲ့သူက ရောင်း၊ ဖမ်းတဲ့သူက ဖမ်းနဲ့ မူးယစ်ရောင်းဝယ်ဖောက်ကားမှု တွေက ပွဲကြီးပွဲကောင်း ဖြစ်နေကြတာ အားလုံးအသိပါပဲ။

ဒါတွေကို ပပျောက်စေချင် ရင်တော့ တိုင်းပြည်ကို စီးပွားရေး ကောင်းအောင် အရင်လုပ်ကြရဦး မှာပဲ။ စီးပွားရေးတွေ ကောင်းလာ မှ တဖြည်းဖြည်းနဲ့ မူးယစ်မှုတွေ ပ ပျောက်အောင် လုပ်နိုင်မှာ။ အန္တ ရာယ်များတဲ့ အလုပ်တွေကို လက် ရှောင်လာကြမှာ။ အူမမတောင့် ရင်တော့ ဘယ်လောက်ကြာကြာ သီလတွေ စောင့်နိုင်ကြမလဲဆိုတာလည်း စိန်ခေါ်မှုတစ်ရပ်ပဲလေ။

တိုင်းပြည်စီးပွားရေး မ ကောင်းတာလည်း တစ်ပိုင်းပေါ့။ ဒါပေမဲ့ ကိုယ့်ရဲ့ တစ်ကိုယ်ရေ စိတ်ဓာတ်နဲ့ အမူအကျင့်ကိုလည်း ကောင်းဖို့ ကိုယ့်ဘာသာတည် ဆောက်ယူရဦးမှာပေါ့။ ကိုယ့်ရဲ့ အမူအကျင့် (Habit) တွေ၊ နေ့စဉ် ပြုမူလှုပ်ရှားသွားလာ နေထိုင်စား သောက်တတ်မှုတွေက ဒီမိုကရေ စီနဲ့ အံဝင်ခွင်ကျ ဖြစ်ရဲ့လား၊ ဘေးချော်နေလားဆိုတာ ကိုယ့် ဘာသာဝေဖန်ကြည့်ရမှာပါ။

ပါးစပ်က ဒီမိုကရေစီလို့သာ ပြောနေပေမယ့် လမ်းပေါ်မှာ၊ မြောင်းထဲမှာ၊ ဘုရားစောင်းတန်း အောက်ခြေတွေမှာ၊ တွေ့ကရာ နေရာတွေမှာ အမှိုက်တွေပစ်ချနေ ကြတုန်းပဲ။ ဘေးပတ်ဝန်းကျင်အ နှောင့်အယှက်ဖြစ်မှာကို မစိုးရိမ် ဘဲ ကိုယ်အလှူခံငွေရဖို့ အရေး ကိုပဲ ကြည့်ပြီး လော်စပီကာနဲ့ အော်နေကြတုန်းပဲ။ ဖေ့စ်ဘွတ်ခ် ပေါ်မှာ တစ်ယောက်နဲ့တစ် ယောက် မမြင်ရတာကို အခွင့် ကောင်းယူပြီး အားမနာတမ်း ရိုင်း ရိုင်းစိုင်းစိုင်း၊ တစ်တစ်ခွခွတွေ ဆဲ နေကြတာပဲ။ လွတ်လပ်စွာပြော ဆိုခွင့်ဆိုပြီး ကိုယ်နဲ့သိသိ၊ မသိသိ  ညံ့ဖျင်းသေးသိမ်တဲ့ စကားလုံးကို အပြိုင်အဆိုင်၊ သူနိုင်ကိုယ်နိုင် သုံး နှုန်းနေကြတာက ကိုယ့်ရဲ့အရည် အသွေးကို ကိုယ့်ဘာသာသိက္ခာချ နေကြတာလို့ မတွေးမိကြတော့ ဘူးလား။ လွတ်လပ်စွာ တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိဆဲဆိုကြမ်းတမ်း နေကြတာက ဒီမိုကရေစီရဲ့ အမူ အကျင့်ကောင်းတွေတဲ့လား။ ဒီမို ကရေစီဆိုတာ လွတ်လပ်စွာပြော ဆိုခွင့်တော့ ရှိပါတယ်။ ဒါပေမဲ့ စည်းနဲ့ကမ်းနဲ့တော့ လွတ်လပ်ရ မှာပေါ့။

အစိုးရဘက်ကတော့ ပြောင်းလဲအောင် မလုပ်ပေးနိုင်သေးဘူး ဆိုတာ ဟုတ်ပါပြီ။ ပြည်သူတွေ ဘက်ကကော ဘာတွေပြောင်းလဲ နေပြီလဲ၊ ဘာတွေပြုပြင်ပြီးပြီလဲ။ အခုပဲကြည့်လေ။ တစ်သက်လုံး ဝရုန်းသုန်းကားနဲ့ တိုးတိုးဝှေ့ဝှေ့ နေရာလုကြတဲ့ အကျင့်က မ ပျောက်သေးဘူး။ ကျိုက်ထီးရိုးစေ တီတော်မှာ ပြေးဆွဲတဲ့ ကေဘယ် ကား (ကောင်းကင်ကြိုးရထားက) စဖွင့်တဲ့နေ့ ဒီဇင်ဘာ ၁၅ ရက်မှာပဲ ရပ်နားလိုက်ရပြီ။ သုံးရက်ခန့်ရပ် နားပြုပြင်ရမယ်တဲ့လေ။ ကုမ္ပဏီ  က ပြောတာက ‘‘ပြုပြင်မယ်ဆိုတာ  က စက်ပိုင်းဆိုင်ရာတွေ မဟုတ် ပါဘူး။ ဖွင့်ပွဲနေ့က ပြည်သူတွေက ကေဘယ်ကားပေါ်ကို လုတက် ကြ၊ တိုးဝှေ့တက်ရောက်ကြတာ ကေဘယ်ကားရဲ့ အဖွင့်အပိတ် တံခါးလေးတွေ နည်းနည်းပျက်စီး သွားတာပါ။ စက်ပိုင်းဆိုင်ရာက ဘာမှမဖြစ်ပါဘူး။ သူတို့နိုင်ငံခြား သားတွေကလည်း ပျက်စီးတာကို အဖြစ်မခံနိုင်ဘူး။ ကေဘယ်ကား ကို အဖွင့်အပိတ်တံခါး အသေးစား ပြန်လည် ပြုပြင်ပြီး ဒီဇင်ဘာ ၁၉ ရက်မှာ ပြန်ဖွင့်ပါမယ်’’ လို့ဆို တော့ နည်းနည်းတော့ အရှက်ရစ ရာပဲပေါ့။

တကယ်ဆို ဘာလို့တိုးတက် ကြတာလဲ။ အသွားအပြန် ၁၅ မိနစ်လောက်သာ ကြာတာကို တန်းစီ ပြီး အလှည့်ကျမှ စီးလို့မဖြစ်ဘူး လား။ အချိန်ကန့်သတ်ချက်နဲ့မ ဟုတ်ဘဲ တစ်နေကုန်ပြေးဆွဲပေး နေမှာကို ဘာလို့ အလုအယက်ဖြစ် နေရတာပဲ။ ဘာတွေလောဘ၊ သောကတွေနဲ့ ယောက်ယက်ခတ် နေကြမလဲ၊ ဘာလို့ အချိန်ပေးပြီး မစောင့်ချင်ကြတာလဲဆိုတာ စဉ်း စားစရာပါ။ ခုတော့ ဖွင့်ချိန် ၉ နာရီကနေ ၁၂ နာရီအထိ အချိန် သုံးနာရီအတွင်းမှာပဲ တံခါးက ပျက်ပြီဆိုတော့ အရပ်ရပ် နေပြည် တော်ကြားလို့မှ ကောင်းကြသေး ရဲ့လားနော်။

ကျွန်မတို့တစ်တွေက တစ် သက်လုံး တိုးဝှေ့ခြင်း၊ အလုအ ယက်ဖြစ်ခြင်းတွေနဲ့ နေသားကျ နေကြတာလား။ ဘာလုပ်လုပ် တန်းစီတဲ့ အလေ့အထက နည်းပြီး တိုးရ၊ ဝှေ့ရ၊ သူများထက်အရင်ဦး အောင် ကျော်ရ၊ ခွရ၊ နေရာတစ် ခုအတွက် အလုအယက်ယူမှ၊ လက်ဦးမှုယူမှ အဆင်ပြေကြတဲ့ အနေအထားတွေကို ဖြတ်ကျော် လာကြရတာဆိုတော့ တိုးဝှေ့ တတ်တဲ့အကျင့်တွေက မပျောက် ကြသေးဘူးနဲ့တူရဲ့။ ဒါကလည်း အရာရာဟာ ရှားရှားပါးပါးနဲ့ ဘ ဝတွေ ကြီးပြင်းခဲ့ကြတာဆိုတော့ လူသားဆိုတဲ့ ဂုဏ်သိက္ခာက နောက်ရောက်နေတတ်ကြတာ ပေါ့။ အလုအယက်ကားတိုးစီး၊ အလုအယက် နေရာယူ၊ အလုပ် အယက်ဈေးရောင်း၊ အလုအ ယက်ဈေးဝယ်နဲ့ နှစ်ပေါင်းများစွာ ဂုဏ်သိက္ခာတွေ ပွန်းပဲ့ကုန်ကြ တာနော်။

တချို့ကလည်း ခုထိတန်းစီရ တာကို ရှက်စရာလို့ အထင်ရှိကြ တုန်းပါ။ မဲတော့နှိုက်ချင်တယ်၊ မဲ နှိုက်ဖို့တော့ တန်းမစီချင်ကြဘူး။ ရုပ်ရှင်တော့ ကြည့်ချင်တယ်။ လက်မှတ်ဝယ်ဖို့တော့ တန်းမစီ ချင်ဘူး။ နိဗ္ဗာန်ဈေးမှာ လှူတာကို တော့ စားချင်တယ်၊ တန်းစီပြီးယူ ရမှာကိုတော့ ရှက်ကြတယ်။

နိုင်ငံခြားမှာတော့ ဘာလုပ် လုပ်၊ ဘာဝယ်ဝယ်တန်းစီရတယ်။ ဘယ်နိုင်ငံမဆိုတန်းစီတဲ့ အလေ့ အကျင့်ရှိတယ်။ နိုင်ငံသားတွေကို အသေးအဖွဲ့လေးတွေက အစ စည်းကမ်းတကျနဲ့ နေတတ် အောင်၊ သူများထက်ပိုပြီးအခွင့်အ ရေးမယူချင်အောင် လေ့ကျင့်ပျိုး ထောင်နေသလိုပါပဲ။ နိုင်ငံသား တွေရဲ့ စိတ်ဓာတ်ကောင်းအောင်၊ သိမ်မွေ့အောင် ဆောင်ပုဒ်တွေနဲ့ နှိုးဆော်မထားတဲ့ လုပ်ရပ်ကောင်း မို့ ပိုပြီးထိရောက်၊ ပိုပြီးလက်တွေ့ ဆန်တာပေါ့။

ကျွန်မတို့ ပြည်သူတွေက အစိုးရရဲ့ အားနည်းချက်တွေ၊ လို အပ်ချက်တွေ၊ လွဲချော်မှုတွေကို ဝေဖန်ကြပါ၊ ပြောကြပါ၊ ထောက် ပြကြပါ။ ဒါက ပြည်သူတွေ၊ နိုင်ငံ သားတွေရဲ့ တာဝန်ပါ။ ကိုယ် ကိုယ်တိုင်ကလည်း နိုင်ငံသား တစ်ယောက်ရဲ့ အသိတွေ၊ လုပ် ဆောင်ချက်တွေနဲ့ နိုင်ငံသားတာ ဝန်ကျေအောင်လည်း ကြိုးစားကြ ရမှာပါ။ ကိုယ့်ရဲ့အားနည်းချက်၊ လိုအပ်ချက်တွေကိုလည်း သိ အောင် ကြိုးစားပြီး ပြင်ရမှာပါ။ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ကြရမှာပါ။

ခေတ်မီပြီး စည်းကမ်းပြည့်ဝ တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဖြစ် လာဖို့က ဘယ်ဘိုးတော်၊ ဘယ် ဘွားတော်မှ မစလို့မရဘဲ စည်း ကမ်းပြည့်ဝတဲ့ နိုင်ငံသူ၊ နိုင်ငံသား တွေ အားလုံး မစမှပဲရနိုင်မှာပါလို့ ယုံကြည်မိပါတော့တယ်။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)