လေကြောင်းလိုင်းသစ်များ ထပ်မံဝင်လာပါက ပြည်တွင်းလေကြောင်းလိုင်းများ ပြိုကွဲနိုင်ဟုဆို

ရန်ကုန်လေဆိပ်မှ ပျံသန်းပြေးဆွဲမည့် လေယာဉ်တစ်စီးကို တွေ့ရစဉ် ဓာတ်ပုံ- စိုင်းဇော်

ပြည်တွင်းလေကြောင်း ပို့ဆောင်ရေးကဏ္ဍတွင် လိုင်း သစ်များထပ်မံဝင်ရောက်လာပါ က ပြည်တွင်းလေကြောင်းလိုင်း များ ပြိုကွဲနိုင်ကြောင်း ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန လက်ထောက်အတွင်းဝန်က ပြောကြားသည်။


မြန်မာနိုင်ငံ၏ လေကြောင်း သယ်ယူပို့ဆောင်ရေးနယ်ပယ်သို့ ၀င်ရောက်ရန် ဂျပန်ကုမ္ပဏီ ANA Holdings ကတတိယအကြိမ် ကြိုးပမ်းနေမှုအပေါ် ၀န်ကြီးဌာန က ပြန်လည်မှတ်ချက်ပေး ပြော ကြားခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်တွင်းလေ ကြောင်းလိုင်း ၁၀ ခုရှိပြီး လေ ယာဉ်အစီး ၄၀ ခန့်ရှိသည်။ လက် ရှိပြေးဆွဲနေသော လေကြောင်း လိုင်းများသည် အဲကမ္ဘောဇ၊ အဲ မန္တလေး၊ Asian Wings, FMI Air, Golden Myanmar Airline, Union Express Charter Airline၊ မန်းရတနာပုံ၊ ရန်ကုန်အဲဝေး၊ မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် မြန်မာအင်တာနေရှင်နယ်အဲလိုင်းတို့ဖြစ်သည်။

‘‘ပို့ဆောင်ရေးရဲ့ ရပ်တည် ချက်အရ ပြည်တွင်းမှာ လေ ကြောင်းလိုင်းများတယ်။ ဈေးကွက်အရ Supply (ဈေးကွက် ထောက်ပံ့နိုင်မှု)များတယ်။ ထပ် ၀င်လာရင် လေကြောင်းလိုင်းတွေ ဗုန်းဗုန်းလဲသွားရော။ ဒါက သီအိုရီပဲ။ လက်ရှိဈေးကွက်အရ မလိုဘူး။ ပြည်ပပျံမယ်ဆိုရင် ပျံပေါ့’’ ဟု ၎င်းကဆက်လက် ပြောကြား သည်။

ANA အနေဖြင့် ပြည်တွင်း လေကြောင်းသယ်ယူပို့ဆောင် ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံပါက ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သ ဘောသာဖြစ်ပြီး ၀န်ကြီးဌာန အနေဖြင့် သဘောထားမှတ်ချက် ပေးရန်သာရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

ANA Holdings သည် ပြည် တွင်းကုမ္ပဏီများနှင့် ပူးပေါင်းကာ ဖက်စပ်လေကြောင်းလိုင်းတစ်ခု တည်ထောင်နိုင်ရန် ယခင်က နှစ် ကြိမ်ကြိုးစားဖူးသော်လည်း မ အောင်မြင်ခဲ့ပေ။ ၂၀၁၄ က ပြည် တွင်းလေကြောင်းလိုင်း Asian Wings Airway ၏ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ၀ယ်ယူရန်ကြိုးစား ပြီးနောက် အစီအစဉ်ပယ်ဖျက် ခဲ့သည်။ ပြီးခဲ့သည့်နှစ်ကလည်း ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုဖြစ်သော Golden Sky World တွင်ပါဝင်မြှုပ်နှံခဲ့သော်
လည်း လုပ်ငန်းလိုင်စင်ကိစ္စအ ဆင်မပြေသဖြင့် ပျက်ပြယ်ခဲ့သည်။

 ဂျပန်လေကြောင်းလိုင်း ANA နှင့် ရွှေသံလွင်ကုမ္ပဏီအုပ်စု မှ Golden Sky World ကုမ္ပဏီ တို့ပူးပေါင်း၍ Asia Blue ကုမ္ပဏီ အဖြစ် ဖက်စပ်တည်ထောင်ရန် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြု မိန့်ထုတ်ပေးထားပြီးဖြစ်သည်။ ထို့အပြင် အဆိုပါ Asia Blue ကုမ္ပဏီအား လေကြောင်းလိုင်း တည်ထောင်ခွင့်ကိုလည်း ၂၀၁၆ ဒီဇင်ဘာတွင် ထုတ်ပေးခဲ့သည်။ သို့သော် ထိုခွင့်ပြုချက်ကို Asia Blue ကုမ္ပဏီက ပြန်လည်အပ်နှံခဲ့ သည်။ ထိုသို့ပြန်လည်အပ်နှံခြင်း သည် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ လေ ကြောင်းပျံသန်းခွင့်လိုင်စင် မရရှိ ခြင်းကြောင့်ဟု ကုမ္ပဏီက ဆိုထားသည်။ ANA Holdings ၏ ငါးနှစ်စီမံကိန်းအသစ်ကို လာမည့်ဖေ ဖော်ဝါရီတွင် ထုတ်ပြန်မည်ဖြစ် ပြီး မြန်မာနိုင်ငံ၌အကျိုးတူပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်း တစ်ခုတည်ထောင်ရေးပါဝင်မည် ဟု ANA Holdings အမှုဆောင် အရာရှိချုပ်ကာတာနိုဇာကာက ပြောထားသည်။