စုပ်ခွက်ငါးများကြောင့် တွံတေးရှိ ငါးမွေးကန်များ ပျက်စီးပြီး ဂေဟစနစ် ထိခိုက်နေ

ဓာတ်ပုံ- BANCA

တွံတေးမြို့နယ်ရှိ ငါးမွေးမြူရေး ကန်များတွင် စုပ်ခွက်ငါးများ ကြောင့် ငါးမွေးမြူရေးထိခိုက်ဆုံး ရှုံးကာ ဂေဟစနစ်ထိခိုက်မှုများ ဖြစ်ပေါ်နေကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့်  သဘာဝထိန်းသိမ်းရေး (BANCA) က သတင်းထုတ်ပြန်သည်။


တွံတေးမြို့နယ် ခတ္ထိယကျေး ရွာရှိ ငါးမွေးမြူရေးကန်များအ တွင်း စုပ်ခွက်ငါး (Sucker Fish) ဒေသအခေါ် မြွေပွေးငါးခူများ ဝင် ရောက်ဖျက်ဆီးနေ၍ BANCA အသင်းက သွားရောက်လေ့လာခဲ့ ရာ ခတ္တိယကျေးရွာရှိ ငါးကန်ဧက ၈,၀၀၀ ခန့်သည် လွန်ခဲ့သော သုံး နှစ် ၂၀၁၄ ကစတင်၍စုပ်ခွက်ငါး များကြောင့် ငါးကန်များ ပျက်စီး ကာ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း ဆိုသည်။

လေ့လာချက်များအရ ဧက ၄၀ ရှိ ငါးကန်တစ်ကန် ငါးဖော်ချိန်တွင် စုပ်ခွက်ငါးပိဿာချိန် ၂,၀၀၀ ကျော် (ကောင်ရေ ၄,၀၀၀ ခန့်) ထွက်ရှိနေခြင်း၊ ငါးကန်အ လုပ်သမားများ ခြေလက်တို့တွင် စုပ်ခွက်ငါးများကြောင့် ဒဏ်ရာရရှိ ခြင်း၊ ငါးကြင်း၊ ငါးခေါင်းပွတို့ အား ကျွေးမွေးသည့်အစာတောင့် များကို စုပ်ခွက်ငါးများက လုယက် စားသောက်သဖြင့် မွေးမြူထား သည့် ငါးများအစာဝလင်စွာ မစားရခြင်း၊ စုပ်ခွက်ငါးများ၏ ဆူးတောင်များနှင့် ထိခိုက်ကာ ဒဏ်ရာရသေဆုံးမှု ဖြစ်ပေါ်ခြင်း၊ ငါးမွေးကန်၏ ကန်ပေါင်နံရံများကို တူးဆွခြင်းကြောင့်ကန်ပေါင် ပျက်စီးပြီး ငါးထွက်နှုန်းလျော့ကျပြီး ငါးလုပ်ငန်းရှင်များ အရှုံးနှင့်ရင်ဆိုင်ရခြင်း များကြုံတွေ့နေရကြောင်း လေ့လာတွေ့ရှိခဲ့သည်။

စုပ်ခွက်ငါးများသည် မြန်မာ့ ဒေသမျိုးရင်း မဟုတ်ဘဲ မူရင်းဒေ သသည် တောင်အမေရိကတိုက် ကဖြစ်ပြီး အလှမွေးငါးအဖြစ် ပြည်ပမှ တင်သွင်းလာသော မျိုး စိတ်များဖြစ်သည်။ မွေးမြူသူများ က ကြီးပြင်းလာသောအခါ ဆက် လက် ထိန်းသိမ်းနိုင်ခြင်း မရှိတော့ ဘဲ နီးစပ်ရာ မြစ်ချောင်းများအ တွင်း စွန့်ပစ်ခြင်း၊ ဘာသာရေး ဓလေ့ထုံးစံအရ မြစ်ချောင်းများ၊ ငါးကန်များအတွင်း လွှတ်ခြင်းများ ကြောင့် မြန်မာနိုင်ငံ အနှံ့အပြားသို့ ရောက်ရှိ ပြန့်ပွားနေကြောင်း လေ့လာရာတွင် ပါဝင်သည့် BANCA အသင်း Program Officer ကိုသော်ဖြိုးရွှေက ပြောသည်။

ထို့အပြင် ယင်းငါးများကို ငှက်နှင့်အခြားရေပျော်ငှက်များက ဖမ်းဆီးစားသောက်မှု မရှိခြင်း၊ ဒေသရင်းငါးမျိုးစိတ်များ ဖြစ်သည့် ငါးရံ့၊ ငါးပတ်စသည့် အသားစား ကြူးသည့် ငါးများပင် စားသောက် မှုမရှိခြင်း၊ ပြင်ပဈေးကွက်တွင် လည်း စားသုံးသူ ဝယ်လက်မရှိ ခြင်းတို့ကြောင့် အလွန်ပွားများ နေသည်။

စုပ်ခွက်ငါးများကို ကန်ငယ် တစ်ခုအတွင်း သိုလှောင်ကာသေ ဆုံးသည်အထိ ထားရှိသော်လည်း ရေအနည်းငယ်ရှိသည့် ကန်အ တွင်း၌ပင် ဗွက်ရေများအကြား တစ်လကျော် ကြာသည်အထိ ကောင်းမွန်စွာ အသက်ရှင်နေ ကြောင်း ၎င်းကပြောသည်။

‘‘သူက တွင်းအောင်းသားလို ဖြစ်နေတာ။ ငါးကန်လုပ်သားတွေ ကို ပိုင်ရှင်ကစား ဘာညာပြော တော့ စားပြီးယားတာတွေ ဘာ တွေဖြစ်တယ်။ သူက အပုပ်အစပ်တွေလည်း အကုန်စားတယ်’’ ဟု ကိုသော်ဖြိုးရွှေက ပြောသည်။

ထို့အပြင် ငါးကန်နေလုပ် သားများက အဆိုပါငါးများကိုစား သောက်ကြည့်ရာ ခန္ဓာကိုယ်ယား ယံခြင်း၊ ကိုယ်တွင်းရောဂါဟောင်း များ ပြန်လည်ဖြစ်ပွားသည့် အပြင် ဒေသခံ လုပ်ငန်းရှင်များပြောပြ ချက်အရ ငါးသတ်ဆေးများ၊ လျှပ် စစ်ရှော့ခ်တိုက်ခြင်းများ ဆောင် ရွက်သော်လည်း မျိုးပွားမှုလျော့ ကျခြင်းမရှိဘဲ ဆက်လက်ပွားများ နေဆဲဖြစ်သည်။

စုပ်ခွက်ငါးသည် မြန်မာနိုင်ငံ မြစ်ချောင်းများအတွင်း ပျံ့နှံ့ ရောက်ရှိနေပြီး ယခုအခါ တွံတေး မြို့နယ်အပြင် ပဲခူးတိုင်းဝေါမြို့ နယ်ဝန်းကျင် တစ်ဝိုက်၊ မိုးယွန်း ကြီးအင်း၊ ရှမ်းပြည်နယ်အင်း လေး ကန်အတွင်းအထိ ပျံ့နှံ့နေသည်။

ယင်းငါးများကို ဆောလျင်စွာ ကိုင်တွယ်ဖြေရှင်းခြင်း မပြုလုပ် နိုင်ပါက ရေချိုငါးမွေးမြူခြင်းလုပ် ငန်းများ လျော့နည်းလာနိုင်ခြင်း၊ ရေထွက်ပစ္စည်း ထုတ်လုပ်မှုကျ ဆင်းခြင်း၊ သဘာဝငါးသယံဇာတ ရှားပါးလာနိုင်ခြင်း၊ သဘာဝမြစ် ချောင်းများ တိမ်ကောကာရေဝပ် ဒေသများကို ပျက်စီးခြင်း၊ ရေ လုပ်ငန်း လုပ်ကိုင်နေသည့် ရေလုပ် သားများ၏ စီးပွားရေးနှင့် အသက် မွေးဝမ်းကျောင်း လုပ်ငန်းများ ထိခိုက်လာနိုင်ခြင်းကြောင့် အမြန် ဆုံး ထိရောက်စွာ ဖြေရှင်းသင့်ပြီး လေ့လာတွေ့ရှိချက်များကို ငါး လုပ်ငန်းဦးစီးဌာနနှင့် ပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဦးစီးဌာန တို့သို့ တင်ပြမည်ဖြစ်သည်။