လွတ်လပ်သောစာပေ၏အသံ ဘယ်အထိခရီးပေါက်မလဲ

စာပေညီလာခံဖွင့်ပွဲ၌ အဖွင့်အမှာစကားပြောကြားနေသော ပြန်ကြားရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် (ဓာတ်ပုံ − စာပေညီလာခံ ၂၀၁၇ FB)

‘နူးညံ့သိမ်မွေ့လှတဲ့စာလုံးလေးများရဲ့အာနိသင်... လူတကာနှလုံးသားကို သိမ်းကျုံးဆွဲငင်၊  ထိုစာပေကို ဖန်တီးသူစာဆိုရှင်...အထက်မြက်ဆုံးသော လက်နက်ပိုင်ဆိုင်သူများပင်’

စာပေညီလာခံ ၂၀၁၇ လှုံ့ ဆော်ရေးသီချင်း ‘ခေတ်အဆက် ဆက်၏ကြေးမုံပြင်’ မှ စာသားအ ချို့ဖြစ်သည်။ အထက်မြက်ဆုံး သော လက်နက်ပိုင်ဆိုင်သူများ သည် ရန်ကုန်မြို့တော်ခန်းမရှေ့ နှင့် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်း ရှင်းစင်တာတွင် စုစည်းခဲ့ကြ သည်။  ထိုသို့ စုစည်းရန် သူတို့ (၅၅) နှစ်ကြာ စောင့်ခဲ့ရသည်။

ခေတ်ကာလနှင့်အညီ သူတို့ ၏လက်နက်များကို မွမ်းမံတပ်ဆင်ရန်ဖြစ်သည်။

၁၉၆၂ က စ၍ မကျင်းပနိုင်ခဲ့ သော စာပေညီလာခံကို အရပ်သားအစိုးရသစ်လက်ထက်တွင် မြန်မာ စာပေအဖွဲ့အစည်း ၁၁ ခုက ဦး ဆောင်စီစဉ်ပြီး ပြန်လည်ကျင်းပ ခြင်းဖြစ်သည်။

ညီလာခံတွင် စာပေလောက ၌ ဖြစ်ပေါ်နေသည့် စာပေအရေး အသား၊ စာအုပ်ဈေးနှုန်းများမြင့် တက်လာမှုကအစ ရသစာပေ၊ တိုင်းရင်းသားစာပေ၊ ဘာသာပြန် စာပေအလယ် ဒစ်ဂျစ်တယ်ဈေး ကွက်အဆုံး စကားဝိုင်း ၅၄ ခုအထိ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ စာပေညီလာခံအကြိုလှုပ်ရှားမှုအ နေဖြင့် မြို့တော်ခန်းမတွင် စာပေ ဟောပြောပွဲများ၊ စာအုပ်အရောင်း ပွဲများကို ရန်ကုန်သမိုင်း၌ စာပေ နှင့် ပတ်သက်၍ ပထမဆုံး ကျင်းပ နိုင်ခြင်းဖြစ်သည်။

စာပေည်ီလာခံသို့ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က သဝဏ်လွှာပေးပို့ ခဲ့သည်။

မြန်မာပြည်သူများ လိုလား တောင့်တသော ငြိမ်းချမ်းရေး၊ ဒီမို ကရေစီအရေး၊ နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးတို့အတွက် တစ်နိုင်ငံလုံး ကြိုးပမ်းဆောင်ရွက်ရာတွင် စာပေပညာရှင်များအနေနှင့်လည်း မိမိတို့၏အနုပညာ၊ အတတ်ပညာ စွမ်းအားများနှင့် ထိရောက်စွာ ဝိုင်းဝန်းပါဝင်ရေးအတွက်ပါ ဦး ဆောင်လမ်းပြပေနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

သို့သော် အစိုးရကလည်း စာပေလောကဖွံ့ဖြိုးရေးအတွက် အကူအညီများပေးရန် လိုအပ်နေ ကြောင်း ညီလာခံတွင် ဆွေးနွေး ချက်များက သက်သေခံသည်။

‘‘သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေကို ကျွန်တော်တို့စာပေ လောကမှာ ဘုံပြဿနာတွေဖြစ် နေပါတယ်။ လူကြီးမင်းများအနေ နဲ့ ကူညီဖြေရှင်းပေးပါလို့ အသိပေးခြင်းပဲဖြစ်ပါတယ်’’ဟု စာပေညီ လာခံကျင်းပသည့် ရည်ရွယ်ချက် ကို ကျင်းပရေးကော်မတီဒုတိယ ဥက္ကဋ္ဌ ကဗျာဆရာမောင်သွေးသစ် က ပြောသည်။

စာပေညီလာခံ ၂၀၁၇ တွင် ရရှိသော ဆွေးနွေးမှုရလဒ်များကို ညီလာခံဆုံးဖြတ်ချက်ရယူ၍ ပြန် ကြားရေးဝန်ကြီးဌာနထံ တင်သွင်း မည်ဖြစ်သည်။ ပြန်ကြားရေးဝန် ကြီး ဒေါက်တာဖေမြင့်က စာပေ ညီလာခံမှ ထွက်ပေါ်လာသည့်အ ချက်များကို သဘောတူကြောင်း ညီလာခံပိတ်ပွဲမိန့်ခွန်းတွင် ပြော ကြားသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး အကြိမ် စာပေညီလာခံကို ၁၉၆၂ နိုဝင်ဘာ ၁၇ ရက်တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေတွင် ပြုလုပ်ခဲ့ သည်။ ဆရာကြီးများဖြစ်သည့် ရန်ကုန်ဘဆွေ၊ ဒဂုန်တာရာ၊ မင်း အောင်၊ မိုးဝေ၊ ဆရာဇော်ဂျီ၊ ဆရာတက်တိုး၊ ဒေါင်းနွယ်ဆွေ၊ ဦးသန်း ထွတ်(တိုက်စိုး)၊ လူထုဦးလှ၊ ဦး ထင်ဖတ်(မောင်ထင်)၊ ဆရာဇေ ယျ၊ ဆရာဇဝန၊ မင်းရှင်နှင့် ဗန်း မော်တင်အောင် စသည့် စာရေး ဆရာကြီးများ  ပါဝင်ဆွေးနွေးခဲ့ သည်။

၂၀၁၇ စာပေညီလာခံကြိုဆို ပွဲ အစီအစဉ်များအဖြစ် ဒီဇင်ဘာ ၁၂ ရက်တွင် မြို့တော်ခန်းမနှင့် မဟာဗန္ဓုလပန်းခြံရှေ့၌ စာအုပ် ရောင်းပွဲ၊ ဖျော်ဖြေရေး၊ စာပေ ဟောပြောပွဲများ ပြုလုပ်ခဲ့သည်။

ထို့နောက် စာပေညီလာခံကို ဒီဇင်ဘာ ၁၃၊ ၁၄ နှင့် ၁၅ ရက်တို့ တွင် နံနက်  ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ကျင်းပခဲ့သည်။

စာပေညီလာခံသို့ တက် ရောက်မှု စကားဝိုင်းဆွေးနွေးပွဲ အ လိုက် စိတ်ဝင်စားသည့်လူ အနည်း အများကွာခဲ့သည်။ တစ်ရက်လျှင် လူရှစ်ရာခန့် ညီလာခံသို့ တက် ရောက်ကြောင်း ဆရာမောင်သွေး သစ်က ပြောသည်။

စာပေညီလာခံ စကားဝိုင်း ဆွေးနွေးမှုများတွင် လူမျိုးရေး၊ နိုင်ငံရေး၊ ဘာသာရေး မပါရှိရန် သတ်မှတ်ထားခဲ့သည်။ စည်းကမ်း ချက်ထဲတွင် အဆိုပါအကြောင်းအ ရာများကို ဆွေးနွေးပါက မှတ် တမ်းတင်ထားသော်လည်း မဲခွဲဆုံး ဖြတ် အတည်ပြုရာ၌ မထည့်သွင်း ရန် သတ်မှတ်ထားခြင်းဖြစ်သည်။

၂၀၁၇ ညီလာခံမှာ ‘လွတ် လပ်သောစာပေ၊ လွတ်လပ်သော အသံ’ ဟု ကြွေးကြော်ခဲ့သည်။

ညီလာခံတွင် စာပေလောက အတွက် လိုအပ်နေသည့်အချက် များကို ဆွေးနွေးခဲ့ပြီး ရသစာပေ စာသင်ခန်းများတွင် ရှင်သန်ရန်၊ တိုင်းရင်းသားစာပေ၏ အခန်း ကဏ္ဍ၊ ဘာသာပြန်စာပေ၊ ဒစ်ဂျစ် တယ်စာပေအပါအဝင် အချက် ၄၀ ကို အတည်ပြုခဲ့သည်။

‘‘တောင်းဆိုလိုက်တဲ့အချက် တွေနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနက ဆောင်ရွက်ပေး၊ မပေးကို စောင့် ကြည့်အဖွဲ့ သီးခြားဖွဲ့ စောင့်ကြည့် မယ်’’ဟု ကဗျာဆရာ မောင်သွေး သစ်က ပြောသည်။

တောင်းဆိုသည့်အချက် ၄၀ အနက် ဝန်ကြီးဌာနအလိုက် ပြုလုပ်ပေးမည့်အချက်များတွင် အမျိုးသားစာပေဆုကိစ္စ၊ အခွန် စသည့် ကိစ္စရပ်များသည် လက် တွေ့ အကောင်အထည်ဖော်နိုင် မည့် ကိစ္စများဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြန်ကြားရေးစာကြည့်တိုက် များနှင့် အမျိုးသားစာပေဆုရွေး ချယ်ရေးအဖွဲ့များတွင် ကျွမ်းကျင် ပညာရှင်များပါဝင်ရေးသည် အ မြန်ဆောင်ရွက်နိုင်သော ကိစ္စများဖြစ်ကြောင်း ညီလာခံတက်ရောက် လာသူများက မှတ်ချက်ပြုသည်။

အမျိုးသား စာပေဆုချီးမြှင့် သည့် ဂုဏ်ပြုဆုငွေကို ခေတ်နှင့် လျော်ညီစွာ ထိုက်သင့်သလို တိုး မြှင့်ပေးရန်နှင့် အမျိုးသားစာပေ ဆု (တစ်သက်တာစာပေဆုရှင်) ရွေးချယ်ရာတွင် ကာတွန်းဆရာ များအား ထည့်သွင်းချီးမြှင့်ရန်၊ အမျိုးသားစာပေကဗျာဆုကို အ စဉ်အလာနှင့် ခေတ်ပေါ်ကဗျာဟု နှစ်ဆုခွဲပေးရန် စသည်တို့ကို အ လျင်အမြန်အကောင်အထည်ဖော် သင့်ကြောင်း စာရေးဆရာချစ်ဦး ညိုက အကြံပြုသည်။

‘‘တစ်နှစ်တစ်ခါပေးနေတဲ့ အမျိုးသားစာပေဆုကတော့ နောက်နှစ် ဒီလိုအချိန်ဆိုရင် အမြန် ဆုံးအကောင်အထည်ဖော်နိုင်တဲ့ အရာတွေ ဖြစ်ပါတယ်’’ဟု ၎င်းက အကြံပြုသည်။

စာပေညီလာခံ၏ဆုံးဖြတ် ချက်များအနက် အခြေခံပညာသင် ရိုးညွှန်းတမ်းများတွင် ရသစာပေ ကို ဖော်ပြသင်ကြားနိုင်ရန် ပညာ ရှင်များနှင့် တိုင်ပင်စီစဉ်ပေးပြီး လိုအပ်သည့် သင်ထောက်ကူ ပစ္စည်းများ လုံလောက်စွာ ဖြည့် ဆည်းပေးရန်ဆိုသည့် အချက်ကို အတည်ပြုဆုံးဖြတ်ခဲ့သည်။

‘‘ရသစာပေ  ကဗျာကို ကျောင်းသုံးစာထဲမှာ ထည့်ပေးဖို့ဆိုတာတော့ အချိန်ယူရလိမ့်ဦး မယ်ထင်တယ်။ အဲဒါက မြန်မာ စာအဖွဲ့နဲ့ ဘာနဲ့တိုင်ပင်ပြီး လုပ်ကြ ရမှာပါ’’ဟု ဆရာချစ်ဦးညိုက ပြော သည်။

စာပေညီလာခံသည် လွတ် လပ်စွာ ထုတ်ဖော်ခွင့်ရသဖြင့် ကျေ နပ်အားရမိကြောင်း ဆွေးနွေးပွဲ ရလဒ်များကို အကောင်အထည် ဖော်မည်ဆိုလျှင် စာပေလောက ကြီးတိုးတက်ကောင်းမွန်လာမည် ဟု မျှော်လင့်မိကြောင်း ရာသက်ပန်(တောင်ငူဆောင်)က ပြောသည်။

ညီလာခံလှုပ်ရှားမှုနှင့်ဆွေး နွေးမှုများ၊ အမေးအဖြေများသည် အားရစရာကောင်းသော်လည်း ညီလာခံ၏ဆုံးဖြတ်ချက်များ အ ကောင်အထည်ပေါ်၊ မပေါ် မူတည်ပြီးမှသာ ညီလာခံအောင်မြင်မှုရှိ၊ မရှိဆုံးဖြတ်ရမည်ဖြစ်ကြောင်း ဆရာ ချစ်ဦးညိုက ပြောသည်။

ဘာသာပြန်စာပေ၏အခန်း ကဏ္ဍကို စာပေပညာရှင်များက စာပေညီလာခံတွင် ဆွေးနွေးခဲ့ သည်။ ဘာသာပြန်စာပေအသင်း များပေါ်ပေါက်ရန် အစိုးရက ကူညီရန်လိုအပ်ကြောင်း  စာရေးဆရာ များက ပြောကြားသည်။

ဆွေးနွေးပွဲအပြီး ပြန်ကြား ရေးဝန်ကြီးဌာနထံပေးပို့သည့် အတည်ပြု ဆုံးဖြတ်ချက်များအနက် ဘာသာပြန်စာပေ ထွန်းကားရေး အခြားဘာသာစကားများမှ အများ သုံးမြန်မာဘာသာစကားသို့လည်း ကောင်း၊ မြန်မာဘာသာစကားမှ အခြားနိုင်ငံခြား၊ တိုင်းရင်းသား ဘာသာစကားများသို့ လည်း ကောင်း၊ ဘာသာပြန်ဆိုခြင်းများ ကို နိုင်ငံတော်အဆင့် ရင်းနှီးမြှုပ်နှံ မှုအဖြစ် အကောင်အထည်ဖော် ရန် ဘာသာပြန်ပညာရှင်များကို အားပေးကူညီရန်နှင့် မျိုးဆက်သစ် များမွေးထုတ်ပေးရန် စသည်တို့ကို အတည်ပြုခဲ့သည်။

‘‘ဥပမာ တိုင်းရင်းသားဘာ သာစကားတွေ ဖွံ့ဖြိုးအောင်လုပ်ဖို့ ဆို၊ တကယ်ဖြစ်အောင် လုပ်ဖို့ဆို အများကြီးလိုသေးတယ်။ အခွန်နဲ့ ပတ်သက်တာတော့ လက်ရှိ စာပေ လောကမှာ ခက်ခဲနေတာ၊ အခွန် လေးသာ လျှော့ပေးမယ်ဆိုရင် ချက်ချင်းလက်ငင်း အကျိုးရှိနိုင် မယ်’’ဟု စာရေးဆရာ မြေမှုန်လွင် က ပြောသည်။

စာပေညီလာခံအပြီး အတည် ပြုသည့် ဆုံးဖြတ်ချက်များအနက် တိုင်းရင်းသားစာပေ၏ အခန်း ကဏ္ဍသည် အရေးပါခဲ့သည်။ ဆွေးနွေးပွဲအပြီး ပြန်ကြားရေးဝန်ကြီး ဌာနထံ ပေးပို့မည့် အတည်ပြု ဆုံးဖြတ်ချက်များအနက် နိုင်ငံခြား ဘာသာတက္ကသိုလ်တည်ရှိသကဲ့ သို့ တိုင်းရင်းသားဘာသာတက္က သိုလ်တည်ထောင်ဖွင့်လှစ်ပေး ရန်၊ တိုင်းရင်းသားဘာသာစကား လေ့လာရေးဌာနကို ဗဟိုသုတေ သနကော်မတီ၏ဌာနခွဲအဖြစ် ဖွင့် လှစ်ပေးရန်နှင့် ယင်းဌာနအတွက် စာကြည့်တိုက်သီးခြားထူထောင် ပေးရန်တို့ပါဝင်သည်။

အလယ်တန်းပညာရေးတွင် ကြိုက်နှစ်သက်ရာ တိုင်းရင်းသား ဘာသာစကားနှစ်မျိုးကို ရွေးချယ် သင်ကြားပေးရန်၊ တိုင်းရင်းသား ဘာသာစကားဆိုင်ရာ အဘိဓာန် များကို သက်ဆိုင်ရာတိုင်းရင်းသား ပညာရှင်များနှင့် ပူးပေါင်းအကူအ ညီယူ၍ ပြုစုပေးရန်လည်းပါဝင် သည်။ ထို့အပြင် တိုင်းရင်းသားစာ ပေဖွံ့ဖြိုးရေး တိုင်းရင်းသားလူမျိုး အသီးသီး၏ စာပေယဉ်ကျေးမှုအ ဖွဲ့များကို နိုင်ငံတော်က အားပေး ကူညီရန်နှင့်လိုအပ်သော ဘဏ္ဍာ ငွေများ ဖြည့်ဆည်းဆောင်ရွက် ပေးရန် စသည့်အချက်များ အတည်ပြုခဲ့သည်။

ပုံနှိပ်စက်ပေါ်လာခြင်းသည် စာပေလောက၏ အကြီးမားဆုံး အချိုးအကွေ့ဖြစ်ခဲ့သည်။ ဒစ်ဂျစ် တယ် စာပေသို့ပြောင်းလဲလာခြင်း သည် လည်းပုံနှိပ်စက်ပြီးနောက် အကြီးမားဆုံး ပြောင်းလဲမှုဖြစ် သည်။ စာပေညီလာခံတွင် ဒစ်ဂျစ် တယ်စာပေကို မည်သို့တိုးတက် အောင် ဆောင်ရွက်မည်ဆိုသည့် အချက်ကို ဆွေးနွေးခဲ့သည်။ ဒစ် ဂျစ်တယ် စာကြည့်တိုက်များ ပေါ် ထွန်းရေး နိုင်ငံတော်ကစီမံကိန်း ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်၊ အွန်လိုင်းစာ ပေဈေးကွက်ကို မြှင့်တင်ရန်၊ ဒစ် ဂျစ်တယ် ငွေကြေးအသုံးပြုမှုတွင် ကျယ်စွာ ဆောင်ရွက်ပေးရန်၊ ပုံ နှိပ်စာပေများမှ အချို့ကို ဒစ်ဂျစ် တယ်မူပြောင်းရာတွင် တိကျသော မူဝါဒ၊ စံနှင့်ပုံစံရှိစေရန် စသည် တို့ကို အတည်ပြုခဲ့သည်။

‘‘စာပေညီလာခံပြီးသွားတာ နဲ့ စာပေလောကကြီးက ဝုန်းခနဲ တိုးတက်တာမျိုးမဟုတ်ဘူး။ စာ ပေလောကကို ဖွံ့ဖြိုးတိုးတက်လာ အောင် ညီလာခံက အတည်ပြု လိုက်တဲ့အချက်တွေကို အစိုးရက ဘယ်လောက်အကောင်အထည် ဖော်နိုင်မလဲဆိုတာပေါ် မူတည် တယ်။ အဲဒါတွေ မူတည်ပြီးမှ စာ ပေညီလာခံဘယ်လောက်အောင် မြင်လဲဆိုတာ ပြောလို့ရမယ်’’ဟု စာရေးဆရာ မြေမှုန်လွင်က ဆို သည်။