မိခင်ကြီးဒေါ်ခင်ကြည်ကွယ်လွန်ခြင်း (၂၉)နှစ်ပြည့်ကို ရည်စူး၍ သံဃာတော်များအား ဒေါ်အောင်ဆန်းစုကြည်ဆွမ်းဆက်ကပ်

ဘာသာပေါင်းစုံ ဆုတောင်းပွဲလည်းပြုလုပ်
ဒေါ်အောင်ဆန်းစုကြည်က ချမ်းမြေ့ရိပ်သာဆရာတော်ကြီးအား ဆွမ်းဆက်ကပ်နေစဉ် (ဓာတ်ပုံ−ဘိုဘို)

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ် ခင်ကြည်ကွယ်လွန်ခြင်း(၂၉)နှစ် ပြည့်ကို ရည်စူး၍ နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က သံဃာတော်များအား ဒီဇင်ဘာ ၂၇ ရက်တွင် ဆွမ်း၊ သင်္ကန်းများဆက်ကပ်လှူဒါန်းခဲ့ သည်။ ဆွမ်းကပ်လှူပွဲကို ရန်ကုန် မြို့တက္ကသိုလ်ရိပ်သာလမ်း အ မှတ်(၅၄) နေအိမ်၌ ပြုလုပ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက  ဦးတင်ဦး၊ ငြိမ်းချမ်း ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းနှင့် မိသားစုဆွေမျိုး များတက်ရောက်ခဲ့သည်။

ဆွမ်းကျွေးအလှူတွင် ချမ်း မြေ့ရိပ်သာ ဆရာတော် အရှင်ဇန ကာဘိဝံသအမှူးပြုသောသံဃာ တော် ၁၅ ပါးတို့အား ပင့်ဖိတ်ကာ ဆွမ်းနှင့် သင်္ကန်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။

‘‘နှစ်တိုင်း သွားနေကျပါ။ အန်တီဒေါ်ခင်ကြည်အတွက် အ လှူလုပ်တာက ဒီနေ့က ဆွမ်းကပ် တယ်၊ အမျှဝေတယ်’’ဟု ဒေါက် တာတင်မျိုးဝင်းက ပြောသည်။

ထို့အပြင် ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များက ဒေါ်ခင်ကြည်အတွက် ဘာသာအ လိုက် အောက်မေ့ဖွယ်ရာ ဆု တောင်းမေတ္တာများ ပို့သခဲ့သည်။ ဘာသာပေါင်းစုံ ဆုတောင်းခြင်း အခမ်းအနားတွင် ဟိန္ဒူ၊ ခရစ် ယာန်၊ အစ္စလာမ်၊ ဂျူးနှင့် ဘဟာ အီဘာသာတို့မှ ဘာသာရေးခေါင်းဆောင်များက မေတ္တာစကားပြော ကြားခြင်းနှင့် ဆုတောင်းမေတ္တာပို့ သခြင်းများပြုလုပ်ခဲ့သည်။

ဒေါ်ခင်ကြည်ကို ဧရာဝတီ တိုင်း မြောင်းမြမြို့၌ ဦးမိုးညှင်း၊ ဒေါ်ဖွားစုတို့က ၁၉၁၂ ဧပြီ ၁၆ ရက်တွင် မွေးဖွားခဲ့သည်။ ဗိုလ် ချုပ်အောင်ဆန်းနှင့် လက်ထပ်ပြီး နောက် သား အောင်ဆန်းဦး အောင်ဆန်းလင်း၊ သမီး အောင် ဆန်းစုကြည်တို့ ထွန်းကားခဲ့ သည်။ ဗိုလ်ချုပ်ကျဆုံးပြီးနောက် ဖဆပလအဖွဲ့ချုပ်၏တာဝန်ပေး ချက်အရ ဗိုလ်ချုပ်အောင်ဆန်း၏ မဲဆန္ဒနယ်တွင် ၁၉၄၇ မှ ၁၉၅၁ အထိ အမျိုးသမီးလွှတ်တော်အ မတ်အဖြစ်    ရွေးချယ်ခြင်းခံရ သည်။ ဦးနုဦးဆောင်သော ပြည် ထောင်စုအစိုးရအဖွဲ့သည် ဒေါ်ခင်ကြည်အား ၁၉၆၀ ပြည့်နှစ် မေလ ၁၉ ရက်တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့် အပ်ခဲ့သည်။ ဇွန်လတွင် နီပေါ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ပူးတွဲတာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ အိန္ဒိယနိုင်ငံ နယူးဒေ လီမြို့တွင် ရုံးထိုင်၍ သံအမတ် ကြီးအဖြစ် ခုနစ်နှစ်တာမျှ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၆၇ ဇွန်လတွင် အငြိမ်းစားယူခဲ့သည်။ ဒေါ်ခင်ကြည်သည် ၁၉၅၀ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စုက အပ်နှင်းသော မြန်မာ့မိခင်ဘွဲ့ (Mother of Burma) ကိုလည်း ကောင်း၊ ၁၉၅၁ တွင် ပြည်ထောင် စုမြန်မာနိုင်ငံတော် အစိုးရက အပ် နှင်းသော မဟာသီရိသုဓမ္မဘွဲ့ကို လည်းကောင်း၊ ၁၉၅၅ တွင် ယူဂို စလားဗီးယားနိုင်ငံက အပ်နှင်း သော ယူဂိုစလပ်ကြယ်ဘွဲ့တံဆိပ် နှင့် ထိုင်းနိုင်ငံက အပ်နှင်းသော ဘုရင်မြင့်မြတ်သော ဘွဲ့တံဆိပ် ကိုလည်းကောင်းရရှိသည်။

၁၉၈၈ တွင် မိခင်ကြီးဒေါ်ခင် ကြည် ကျန်းမာရေးမကောင်း၍ သမီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသို့ ပြန်လာပြုစုရင်း တိုင်းပြည်၏အခြေအနေကို သိမြင်ကာ နိုင်ငံရေးလောကသို့ ဝင်ရောက်လာခဲ့သည်။ ၁၉၈၈ ဒီဇင်ဘာ ၂၇ ရက်တွင် ဒေါ်ခင်ကြည် ကွယ်လွန်ခဲ့သည်။