KNPP တပ်ဖွဲ့ဝင်များ သေဆုံးမှု တပ်မတော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးနေ

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တပ်ဖွဲ့ဝင်များ သေဆုံးသည့် ကိစ္စကို တပ်မတော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းစစ်ဆေးနေကြောင်း သမ္မတရုံး ၀န်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

တပ်မတော် ရိက္ခာပို့ယာဉ် များကို တားဆီးစစ်ဆေး၍ဟုဆို ကာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)လက်အောက်ခံတပ် မှ တပ်ဖွဲ့ဝင်များကြောင့် KNPP ရဲဘော်လေးဦးသေဆုံးသည့်ကိစ္စ ကို ပြည်နယ်အစိုးရက အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေးဗဟိုဌာန (NRPC)သို့ တင်ပြခဲ့သည်။

‘‘အဲဒီသေဆုံးမှုနဲ့ ပတ်သက် ပြီးတော့ NRPC ကနေ တပ်က တာဝန်ရှိတဲ့လူတွေကို အသိပေး တယ်။ အသိပေးတော့ တပ်က လည်း ဒီဟာကိုအဖြစ်မှန်ဘယ်လို ဖြစ်သလဲဆိုတာ စုံစမ်းစစ်ဆေး မယ်လို့ပြောတာ။ တပ်မတော်ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း သူ့စုံ စမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးတော့ စစ်တာ’’ဟု ဦးဇော်ဌေးက ပြော သည်။

အဆိုပါကိစ္စနှင့် ပတ်သက် ပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)နှင့် KNPP တာဝန် ရှိသူများ ဒီဇင်ဘာ ၂၆ ရက်တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံ ပြီး ပြည်နယ်အတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုမပျက်ပြားရန် ညှိနှိုင်းခဲ့သည်ဟု ၎င်းက ဆိုသည်။

‘‘ညှိနှိုင်းတော့ တပ်ဘက်က လည်း တာဝန်ရှိတဲ့လူတွေက တာ ၀န်ရှိတဲ့အတိုင်း လုပ်ဆောင်နေ တယ်။ အဲဒီအပေါ်မှာ ငြိမ်းချမ်း ရေးမထိခိုက်အောင် ဆောင်ရွက် သွားမယ်ဆိုတဲ့ နှစ်ဖက်သဘော ထားတော့ရတယ်’’ဟု ၎င်းက ပြောသည်။

ကယားပြည်နယ် အစိုးရအ နေဖြင့် သေဆုံးခဲ့သည့် KNPP တပ်ဖွဲ့ဝင်လေးဦး၏ မိသားစုဝင် များအား ထောက်ပံ့ငွေပေးအပ်ပွဲ ကို ဒီဇင်ဘာ ၂၇ ရက်က ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ရာ မိ သားစုတစ်ခုလျှင် ကျပ်ငါးသိန်းစီ ထောက်ပံ့ခဲ့ကြောင်း ပြည်နယ်အစိုးရနှင့် KNPP လွိုင်ကော်ဆက်ဆံရေးရုံးတာဝန်ရှိသူများက အ တည်ပြုသည်။

‘‘ပြည်နယ်အစိုးရကလည်း လူသားချင်း စာနာတဲ့အနေနဲ့ ထောက်ထားပြီး ကူညီပေးတာပါ တဲ့။ နည်းတယ်၊ များတယ်တော့ မသတ်မှတ်ပါနဲ့တဲ့။ တတ်နိုင်သ လောက် ကူညီတဲ့အခြေအနေမျိုး ကို သူတို့ပြောပါတယ်’’ ဟု ၎င်း ကပြောသည်။

သေဆုံးသူများ၏ မိသားစု ၀င်များက ကလေးများ၏ ပညာ ရေးအားပေးရန်နှင့် ကလေးများ အလုပ်အကိုင်ရရှိရေး ကူညီမည် ဟုလည်း ၀န်ကြီးချုပ်က ပြော ကြားခဲ့ကြောင်း ခူညေးရယ်က ပြောသည်။

 ကယားပြည်နယ်အစိုးရအ ဖွဲ့ သယံဇာတနှင့်သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေး ၀န်ကြီး ဦးတီရယ်က ‘‘ပြည်နယ်အစိုးရ ၀န်ကြီးချုပ် ဦးအယ်လဖောင်းရှို စီစဉ်မှုဖြင့် ယခုကဲ့သို့ထောက်ပံ့ခြင်းဖြစ်ကြောင်း အတည်ပြုသည်။

ဒီဇင်ဘာ ၁၉ ရက်က လွိုင် ကော်မြို့နှင့် ခုနစ်မိုင်အကွာရှိ KNPP ယာယီစစ်ဆေးရေးဂိတ်မှ တပ်ဖွဲ့ဝင်များက ရိက္ခာပို့ပြီးပြန် လာသည့် တပ်မတော်ယာဉ်တန်း ကို တားဆီးရာမှ အချင်းများပြီး နောက် ဒီဇင်ဘာ ၂၀ ရက်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင် ကော်)လက်အောက်ခံတပ်မှ တပ် ဖွဲ့ဝင်များက KNPP ရဲဘော်များ ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း KNPP ကဆိုသည်။

ယင်းကိစ္စအပေါ် ဒေသကွပ် ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)က ရှင်းလင်းချက်ထုတ်ပြန်ခဲ့ရာ အ ပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး KNPP တပ်ဖွဲ့ဝင်များ သေဆုံးခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။ KNPP အနေဖြင့် အစိုးရနှင့် သ ဘောတူညီထားသည့် ‘ဆက် ကြေးကောက်ခြင်းနှင့် ဥပဒေနှင့် မညီသောလုပ်ငန်းများ မပြုလုပ် ရန်’ အချက်ကိုချိုးဖောက်၍ ဥပ ဒေမဲ့ဆောင်ရွက်ခဲ့ကြောင်း ရှင်း လင်းခဲ့သည်။

 KNPP သည် အစိုးရနှင့် ပြည်ထောင်စုအဆင့်၊ ပြည်နယ် အဆင့် အပစ်ရပ်စဲရေး ဆောင်ရွက်ထားသည့် အဖွဲ့အစည်းဖြစ်ပြီး အပစ်ရပ်ကာလအတွင်း တင်းမာမှုနှင့် ပဋိပက္ခအချို့ရှိသော် လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိ ပေ။