ချောက်မြို့တွင် ပါဂျဲရိုးယာဉ်တစ်စီး ၀ိုင်ယာရှော့ခ်ဖြစ်ပြီးမီးလောင်

 မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် ပါဂျဲရိုးကားတစ် စီးစက်မသတ်ဘဲ ရပ်ထားရာက ကားစက်ခန်းအတွင်း ၀ိုင်ယာရှော့ခ် ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ကြောင်း မကွေးတိုင်းမီးသတ်ဦးစီးဌာန တာ ၀န်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီခွဲခန့်တွင် ချောက်မြို့အမှတ် (၂) ရပ်ကွက် ပျဉ်းမလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၌ ဖြစ်ပွားခဲ့ကြောင်း ချောက်မြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘မီးခိုးတွေထွက်လာပြီး ဖြစ် ဖြစ်ချင်းပဲ ဘေးပတ်ဝန်းကျင်က မီးသတ်ကို လှမ်းဖုန်းဆက်ကြ တယ်။ လောင်တာက ဈေးတောင် ဘက်မီးသတ်က ဈေးမြောက်ဘက်မှာဆိုတော့ နီးတယ် မီးသတ်ကား လည်း တန်းရောက်လာတော့ ပေါက်ကွဲတာတွေ၊ ထိခိုက်ဒဏ်ရာ ရတာတွေ မရှိပါဘူး’’ဟု မျက်မြင် တွေ့ရှိသူတစ်ဦးက ပြောသည်။

ကားရှေ့ခေါင်းပိုင်းစက်ခန်း မှ မီးခိုးများထွက်လာစဉ် လူကြီး နှစ်ဦးသည် ကားထဲမှ ဦးစွာထွက် လာခဲ့ပြီး ကားရှေ့ခန်းတွင် ကျန် နေခဲ့သော ကလေးငယ်တစ်ဦးကို ပတ်ဝန်းကျင်ရှိ ဒေသခံများက ကားတံခါးဖွင့်၍ ခေါ်ထုတ်ကယ် ဆယ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘ပါဂျဲရိုးကားဆိုတော့ ၀ိုင်ယာရှော့ခ်ဖြစ်ဖို့က ခဲယဉ်းပါတယ်။ အထဲမှာ လုစ်ဖြစ်နေတာမျိုးတို့၊ နောက်ပြီး ဘက်ထရီအပေါင်းကြိုး ကလည်း ကားဘော်ဒီနဲ့ ထိလို့မရ ဘူး။ အပ်မိပြီးတော့ ရှော့ခ်ဖြစ်နိုင် တယ်။ ဖြစ်တော့ဖြစ်ခဲပါတယ်’’ ဟု မကွေးမြို့ ပုဂ္ဂလိကလုပ်ငန်း သုံးမော်တော်ယာဉ်များထိန်းသိမ်းရေးအဖွဲ့ အတွင်းရေးမှူး ဦးမိုးခိုင် စိုးက ပြောသည်။

နံနက် ၉ နာရီ မိနစ် ၅၀ ခန့် တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီး လောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှု တန်ဖိုးကျပ် ၇၅,၀၀၀ ရှိကြောင်း  ဒုရဲအုပ်ချစ်ဆွေက ပြောသည်။

ယင်းအမှုနှင့် ပတ်သက်၍ ပါဂျဲရိုးယာဉ်မောင်းကို ချောက်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်စစ်ဆေးနေ ကြောင်း အဆိုပါရဲစခန်းမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။