၅၂ လမ်း ညဈေးတန်းကို လွတ်လပ်ရေးနေ့ စတင်ဖွင့်လှစ်မည်

၅၂ လမ်းညဈေးတွင် ရောင်းမည့်ဈေးသည်များအား စည်ပင်က စမတ်ကတ်များ ထုတ်ပေးနေစဉ်(ဓာတ်ပုံ − ခင်ရူပါမော်)

 ရန်ကုန်မြို့ ဒုတိယ မြောက်ညဈေးကို ၅၂ လမ်းတွင် ဇန်နဝါရီ ၄ ရက်(လွတ်လပ်ရေး နေ့) ၌ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ဈေးလုံခြုံရေးဝန်ထမ်းများပါ ထား ရှိမည်ဖြစ်ကြောင်း ပုဇွန်တောင် မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ရန် ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင့်လွင်က ပြောကြားသည်။

နံနက်ပိုင်းဈေးအဖြစ် သား ငါးရောင်းချသည့် ဈေးသည်များ  နှင့် ညဈေးတွင် အစားအသောက် ရောင်းချသည့် ဆိုင်ခန်းများ ပါဝင် မည်ဖြစ်သည်။


အဆိုပါဈေးတွင် ရောင်းချ မည့်သူများအား ဒီဇင်ဘာ ၂၈ ရက်၌ ပုဇွန်တောင်မြို့နယ် စည်ပင်သာ ယာအုပ်ချုပ်ရေးမှူးရုံး၌ စမတ်ကတ်များ ထုတ်ပေးခဲ့သည်။

အဆိုပါညဈေးတွင် ဗိုလ်တ ထောင်ဘုရားလမ်း၊ အထက်ပုဇွန် တောင်လမ်း၊ အောက်ပုဇွန် တောင်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်ချုပ် အောင်ဆန်းလမ်းတို့၌ ရောင်းချနေသည့် လမ်းဘေးဈေးသည် များအား နေရာချထားခြင်းဖြစ်သည်။

‘‘အခု ဈေးဖွင့်ဖို့က ရေ၊ မီး ပြည့်စုံသွားပြီ။ ဈေးဖွင့်ဖို့ အဆင် ပြေပြီဆိုတော့ မူလက စာရင်း ကောက်ထားတဲ့သူတွေကို စမတ် ကတ်ထုတ်ပေးတာပါပဲ’’ ဟု ဦးတင့်လွင်က ပြောသည်။

စမတ်ကတ်ရရှိသူတိုင်း ဒီဇင် ဘာ ၂၉ ရက် စတင်ရောင်းချနိုင်ပြီး ဇန်နဝါရီ ၃ ရက် နောက်ဆုံးထား၍ ဈေးသို့ပြောင်းရွှေ့ရန် မေတ္တာရပ် ခံထားသည်။

‘‘စမတ်ကတ်က လွှဲပြောင်း ပေးလို့မရဘူး။ အဓိကကတော့ ဆိုင်ခွဲရောင်းလို့မရအောင် လုပ် ထားတာပါ။ လူ ၉၀ ကျော် ထုတ်ပေးဖို့ရှိတယ်’’ဟု ဦးတင့်လွင်က ပြောသည်။

အဆိုပါဈေးတွင် ရှစ်ပေပတ်လည်ဆိုင်ခန်း ၁၃၈ ခန်းဖြင့် ဖွင့် လှစ်ရောင်းချမည်ဖြစ်ပြီး နေ့ဈေး တွင် ၉၂ ဦး၊ ညဈေးတွင် ၁၁၉ ဦး ရောင်းချမည်ဖြစ်သည်။

‘‘မိုးကာတွေနဲ့ဆောက်ထား တော့ ညဘက်တွေမှာ ဈေးသိမ်း ပြီးတဲ့အခါ တစ်ခုခုဖြစ်မှာစိုးရိမ်လို့၊အများပိုင်ပစ္စည်းတွေ မပျက်စီး အောင်ပေါ့’’ဟု ဈေးတွင်လုံခြုံရေးဝန်ထမ်းထားရှိမှုနှင့် ပတ်သက်၍ ၎င်းက ပြောသည်။

ရန်ကုန်မြို့တွင် ပထမဆုံး ညဈေးကို ကမ်းနားလမ်း၌ ၂၀၁၆ နိုဝင်ဘာက ဖွင့်လှစ်ခဲ့သည်။