နှစ်သစ်ကူးကို ဘယ်လိုကြိုကြမလဲ

ဓာတ်ပုံ−နစ်ကီ

 မကြာမီရက်ပိုင်းအတွင်း ခရစ်သက္ကရာဇ် ၂၀၁၇ ကိုနှုတ်ဆက် ရတော့မည်ဖြစ်သည်။

တရွေ့ရွေ့ ပြောင်းလဲလာ သော နေထိုင်မှုပုံစံများအရ နှစ် သစ်ကူးပွဲသည် လအလိုက်ပွဲ တော်များ ပြည့်နှက်နေသည့် မြန် မာလူမျိုးတို့အတွက် ထပ်တိုးပွဲ တော်တစ်ခု ဖြစ်လာသည်။

နှစ်သစ်ကူးညတွင် Count Down ပြုလုပ်ရန် ယခုနောက်ပိုင်း ၌ မြို့ကြီးပြကြီးများတွင်သာမက နယ်များ၌ပါ ပြင်ဆင်လာသည်။ အချို့ က သူငယ်ချင်းများ စုဖွဲ့၍ ချက်ပြုတ်စားသောက်ကြသလို အချို့ကလည်း  နှစ်သစ်ကူးည ဖျော်ဖြေပွဲများ၊ ပွဲတော်များသို့ သွားရောက် ပျော်ရွှင်မည် ဖြစ် သည်။

ရန်ကုန်တွင်မူ နှစ်သစ်ကူး Count Down ပြုလုပ်ရန် ရွေးချယ် စရာနေရာ တော်တော်များများ ရှိ နေသည်။ နာမည်ကျော် ရော့ခ် တေးဂီတ အဖွဲ့ဖြစ်သော အိုင်းရင်း ခရော့စ်အဖွဲ့ Count Down ပါတီ ကို မိုင်ဒါကွင်းတွင် အခမဲ့ပြုလုပ် မည်ဖြစ်ပြီး ကျိုက္ကဆံကွင်းတွင် လည်း နာမည်ကြီး အဆိုတော်များ ပါဝင်သည့် နှစ်သစ်ကူး ဖျော်ဖြေ ပွဲကို အခမဲ့ပြုလုပ်မည် ဖြစ်သည်။

သို့သော် နှစ်သစ်ကူး ည များတွင် သောက်စားမူးယစ်သူ များပြားသောကြောင့် မိဘများက အပြင်သွားရန် ခွင့်မပြုဘဲ နှစ် သစ်ကူးညကို အိမ်တွင်သာ ဖြတ် သန်းမည်ဟု PR ကုမ္ပဏီတွင်  အ လုပ်လုပ် နေသည့် အသက် (၂၅) နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

‘‘နှစ်သစ်ကူးမှာတော့ အလုပ်လုပ်ရမှာပါ၊    မပျော်ရပါဘူး။ Countdown ပွဲအတွက်  လုပ်ပေးရမှာ ဆိုတော့ အပျော်တွေတော့ကူး စက်ခံစားရမှာပါ။ လုံခြုံရေးအ တွက်ကတော့ စိုးရိမ်ရတယ်ဗျ၊ သေနတ်တွေကလည်း ပေါပေါ လောလော တွေ့နေတယ်။  ပြစ်မှု တွေကလည်း အထူးအဆန်းတွေ ချည်းပဲ။ စိုးရိမ်လားမေးရင် စိုးရိမ် ရတာအမှန်ပဲ။ ဖြစ်နိုင်ရင် အိမ်မှာ နေပြီး ပျော်ပျော်ပါးပါး ဖြတ်သန်း ချင်ပါတယ်’’ ဟု Marketing ကုမ္ပဏီတစ်ခုမှ Production Manager ကိုခန့်ထက်အောင်က ပြောသည်။

ကျိုက္ကဆံကွင်းသည် ကွင်း  အနေအထားအရ လူဦးရေနှစ် သိန်းခန့် ပါဝင်ဆင်နွှဲနိုင်မည် ဖြစ် ပြီး ဖျော်ဖြေပွဲ၏ လုံခြုံရေးပိုင်းနှင့် ပတ်သက်၍ လက်မှတ်ထုတ်ပေး သည့် အချိန်ကတည်းက မှတ်ပုံ တင် ပြခိုင်း၍ ထုတ်ပေးထား ကြောင်း ယင်းဖျော်ဖြေပွဲကို စီစဉ် သည့် Forever Group မှ ကိုပြည့် ဖြိုးဟန်က ပြောသည်။

‘‘လူအဝင်အထွက်ကိုလည်း  Body Search ကို သေချာလုပ် မယ်၊ ပွဲမတိုင်ခင်မှာလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အကူအညီ တောင်းပြီး ခွေးတွေနဲ့ ရှာတာတွေ   လုပ်မယ်။ လုံခြုံရေးကိုတော့ သေ ချာလုပ်မှာပါ ’’ ဟု ၎င်းက ဆို သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၃၁ ရက် ညနေကလည်း ရန်ကုန်မြို့ တွင် ပျော်ပွဲ၊ ရွှင်ပွဲပြုလုပ်မည့် နေရာများ ဖြစ်သည့် မိုင်ဒါကွင်း၊  ကန်တော်ကြီး (မျှော်စင်ကျွန်း)၊  ပြည်သူ့ဥယျာဉ်နှင့် ပြည်သူ့ရင် ပြင်၊ အင်းလျားကန်ပေါင် စသည့် လူစည်ကားရာ   နေရာများကို  ရဲတပ်ဖွဲ့က မိုင်းရှာခွေးများအသုံး ပြု၍ လုံခြုံရေး ဆောင်ရွက်ခဲ့ သည်။

‘‘မှုခင်းက နယူးရီးယားဆို ရန်ဖြစ်တာရယ်၊ ကားတိုက်တာ ရယ်ပဲ စိုးရိမ်စရာ။ ဒါပေမဲ့ ကိုယ် က မမူးနေဘူး၊ အပျော်လွန် သတိ မလွတ်နေဖို့ပဲ လိုတယ်။  နှစ်တိုင်း လည်း ပျော်နေကျပဲ။ ကိုယ့်ရှေ့မှာ ဖြစ်ခဲ့တာတွေလည်း ရှိတာပဲ သတိ ထား ရှောင်ရှားရတာပဲ’’ ဟု မိုင်ဒါ ကွင်း၌ ပြုလုပ်မည့် ဖျော်ဖြေပွဲကို  သွားရောက်အားပေးမည့် မထား ထားက ပြောသည်။

ယခုနှစ်တွင် ရန်ကုန်မြို့၌ အထက်ပါ အခမဲ့ ဖျော်ဖြေပွဲများ သာမဟုတ်ဘဲ နှစ်သစ်ကူး အထိမ်း အမှတ် ဖျော်ဖြေပွဲများအနေဖြင့်  လက်မှတ်ရောင်းချသည့် ပွဲများ လည်း ပြုလုပ်မည်ဖြစ်သည်။

ယနေ့ခေတ်၏ ယဉ်ကျေးမှု တစ်ခု ဖြစ်လာသော Bar များတွင် လည်း နှစ်သစ်ကူး အထိမ်းအ မှတ် ဖျော်ဖြေပွဲများ ပြုလုပ်ပြီး လူငယ်များအကြား ရေပန်းစား သည့် EDM ဖျော်ဖြေပွဲကိုလည်း  နိုင်ငံတကာနှင့် ပြည်တွင်းမှ ဒီဂျေ များပေါင်း၍ ၂၀၁၇ အတွက် နှုတ် ဆက်ပွဲ ပြုလုပ်မည်ဖြစ်သည်။

‘‘ပျော်ပွဲ ရွှင်ပွဲတွေ များတဲ့ အပြင် ရန်ကုန်မြို့နေ လူထုရဲ့ ပြောင်းလဲလာတဲ့ life style တွေ ကြောင့် New year ညကိုတော့စိတ်ပူမိပါတယ်။ ဒါပေမဲ့ နှစ်တိုင်း လုပ်နေကျပွဲ၊ နှစ်တိုင်းလည်း လူ ငယ်တွေ ပျော်နေကျဆိုတော့  တာ ဝန်ရှိသူတွေကလည်း  လုံခြုံရေး ကို ဂရုစိုက်မယ်။ လူငယ်တွေအ နေနဲ့လည်း စည်းကမ်းတကျ ပျော် မယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် အန္တရာယ်ကင်းမှာပါ’’ ဟု FUN2G Digital Marketing Agency မှ Copywriter မအိမွန်ကျော်က ဆိုသည်။

၂၀၁၈ နှစ်သစ်ကို မန္တလေး မြို့ရှိ ဖျော်ဖြေပွဲ၌ သီချင်းသီဆိုရင်း ဖြတ်သန်းမည့် ဖြိုးပြည့်စုံက ‘‘အရင်နှစ်တွေထက် စာရင်တော် တော်များများ ပွဲလမ်းသဘင်တွေ ကလည်း ပေါများလာတယ်။ ခါ တိုင်းနှစ်တွေမှာ မတွေ့ရတဲ့ ပွဲတွေ လည်း တွေ့ရတယ်။ အပျော်တွေ အရမ်းကူးစက်စေတယ်။  အပျော် များလာတဲ့အခါမှာ တစ်ခါတစ်ရံ ကိုယ်မမျှော် လင့် ထားတဲ့ အတွေ့ အကြုံတွေနဲ့အတူ အန္တရာယ်ဆို တာလည်း ရှိနိုင်ပါတယ်။ အဲဒါ ကြောင့် သတိလေးနဲ့ ကျော်ဖြတ် ကြပါ။ ကိုယ်ကိုယ်တိုင်အပြင် ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ဝိုင်း ဝန်းထိန်းသိမ်းကြပါ’’ ဟု နှစ်သစ် ကူးည ဖြတ်သန်းမည့် သူများအ တွက် အကြံပြုစကားဆိုသည်။

ထို့အပြင် ယခုနှစ်တွင် နှစ် သစ်ကူး ရုံးပိတ်ရက်ကို အစိုးရက တရားဝင် ပိတ်ရက်အဖြစ် သတ် မှတ်ထားသောကြောင့်  အချို့က  လည်း မိမိတို့၏ ရပ်ရွာများသို့ ပြန် ၍ နှစ်သစ်ကူးမည့် သူများလည်း ရှိနေသည်။

အချို့ကလည်း နှစ်သစ်ကူး ပိတ်ရက်များတွင် ပြည်ပသို့ ဈေး ဝယ်ထွက်သူများရှိပြီး အချို့က လည်း အလည်အပတ် ခရီးစဉ်များ သွားရောက်သည်။

‘‘တစ်နှစ်လုံး အလုပ်တွေ လုပ်နေရတာဆိုတော့ New Year မှာတော့ ရှော့ပင်းလည်း ထွက် ရင်း၊ အပန်းလည်းဖြေရင်း ခဏ သွားဖြစ်တာပါ’’ ဟု နှစ်သစ်ကို ဘန်ကောက်တွင် ဖြတ်သန်းမည့် မော်ဒယ်ပိုင်တံခွန်က ပြောသည်။

ယင်းကဲ့သို့ပင် ပြည်တွင်း ခရီးသွား ကုမ္ပဏီများကလည်း နှစ် သစ်ကူးပိတ်ရက်တွင် ခရီးသွား လိုသူများအတွက် ရှမ်းပြည်နယ် ကလောခရီးစဉ်၊ ချင်းပြည်နယ် နတ်မတောင် ခရီးစဉ်စသည့် ခရီး  စဉ်များကို ခရီးသွားကုမ္ပဏီများ  က စိတ်ဝင်စားဖွယ် အကြောင်း  အရာများရေးသား၍ အပြိုင်အ ဆိုင် ဆွဲဆောင်နေသည်။

နေထိုင်မှုပုံစံ ပြောင်းလဲလာ သည်နှင့်အမျှ နှစ်သစ်ကူးကာလ ကို ဖြတ်သန်းရန် အမျိုးမျိုးသော  အကြောင်းအရာများက သင့်ကို ဆီးကြိုနေပြီဖြစ်သည်။ သို့သော်  လည်း အပျော်များ၍ အပျက်မဖြစ်  စေရန် နှစ်သစ်ကူးညကို ဖြတ် သန်းမည့် လူတစ်ဦးချင်းပေါ်တွင် မူတည်နေသည်။

နှစ်သစ်ကူး အချိန်များကို ဘုရားကျောင်းတွင်သာ ဖြတ်သန်း လေ့ရှိသည်ဆိုသည့် အေးဝတ် ရည်သောင်းက ‘‘နှစ်ဟောင်းမှာ  စိတ်ချမ်းသာမှုတွေအကုန် နှစ် သစ်ကို သယ်သွားပြီး နှစ်သစ်မှာ ဒီထက်မက စိတ်ချမ်းသာမှု ရပါ စေ။ ပေါက်စီက ဘုရားကျောင်း တက်နေမှာဆိုတော့ အားလုံးအ တွက် ဆုတောင်းပေးနေမှာပါ’’ ဟု ပရိသတ်များအတွက် နှစ်သစ်ဆု တောင်းစကား ဆိုသည်။

New Year Count Down Iron Cross Live Show

လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း။

မိုင်ဒါကွင်း (အခမဲ့)

Myanmar Countdown 2018

စိုင်းစိုင်းခမ်းလှိုင်၊ လင်းလင်း၊ ဂျီလတ်၊ AR-T၊ Snare၊ Bunny Phyo၊ ရဲရင့်အောင်၊ G-Fatt၊ထွန်းနောင်ဆင့်၊David Derrick၊ ချစ်သုဝေ၊ အိမ့်ချစ်၊ ၀ိုင်းစုခိုင်သိန်း၊ Bobby Soxer၊ လိမ္မော်သီး။

ကျိုက္ကဆံကွင်း (အခမဲ့)

Welcome 2018 New Year Party

ရင်ဂို၊ မျိုးကျော့မြိုင်၊ ဇော်ပိုင်၊ ဝေလ၊ အောင်ထက်၊ ကော်နီ၊ ချောစုခင်၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ လဖိုင်၊ လူးလူ။

မင်းဓမ္မလမ်း၊ Myanmar Event Park

လက်မှတ်ဈေးနှုန်း - (၉,၀၀၀၊ ၁၅,၀၀၀)။

The Boom Wave Pool Party

ဂျီလတ်၊ ရဲရင့်အောင်၊ ဂျက်ဆန် ထွန်း၊ အိမ့်ချစ်၊ ဂျူဝယ်လ်။

Yangon Waterboom

လက်မှတ်ဈေးနှုန်း - (၂၀,၀၀၀၊ ၅၀,၀၀၀)။

Myanmar Premium New Year Countdown Yangon 2018

Carnage, Breathe Carolina, Cesqeaux, Jewelz & Sparks, Say My Name, Dynamite, Terror Bass and The Bugbears

The One Entertainment Park

လက်မှတ်ဈေးနှုန်း - (၂၅,၀၀၀၊ ၃၀,၀၀၀၊ ၇၅,၀၀၀)။