ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ၏ လွိုင်ကော်ငြိမ်းချမ်းရေးစကားဝိုင်း တစ်နာရီခွဲခန့်ကြာဆွေးနွေး

တပ်ပိုင်မြေမကျူးကျော်ရကိစ္စ၊ အစိုးရကို မကြောက်ရန်၊ အစိုးရလူကြီးများကို ဟင်းကောင်းအများကြီးကျွေးခြင်းနှင့် လူမှုကွန်ရက်တွင် ရိုင်းစိုင်းစွာပြောဆိုခြင်းများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ဆွေးနွေး
၂၀၁၇ ခုနှစ် ငါးကြိမ်မြောက် ငြိမ်းချမ်းရေးစကားဝိုင်းကို ကယားပြည်နယ် လွိုင်ကော်မြို့တွင် ယမန်နေ့က ကျင်းပနေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

ဆင်းရဲပြီး အင်အား နည်းသည့်နိုင်ငံဆိုပါက ကမ္ဘာက အထင်သေး၍ မျိုးဆက်သစ် များအတွက် ငြိမ်းချမ်းရေးကို အ ခြေခံပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး နှင့် အင်အားခိုင်မာရေးလုပ် ဆောင်ရန် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က တိုက်တွန်းသည်။

လွိုင်ကော်မြို့၌ ဒီဇင်ဘာ ၂၉ ရက်နံနက်က ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ကယားပြည်နယ်ရှိ ဒေသခံတိုင်း ရင်းသားလူငယ်များ၏ငြိမ်းချမ်း ရေးစကားဝိုင်းတွင် ယခုကဲ့သို့ တိုက်တွန်းခြင်းဖြစ်သည်။

နိုင်ငံတစ်ဝန်း လှည့်လည် ကျင်းပရာ ငါးကြိမ်မြောက် ငြိမ်း ချမ်းရေးစကားဝိုင်းတွင် ပအိုဝ်း၊ အင်း၊ ရှမ်း၊ ကယား၊ ကယော စသည့် ကယားပြည်နယ်ရှိ အသက်(၃၀)အောက် တိုင်း ရင်းသားလူငယ်ရှစ်ဦးပါဝင်ဆွေး နွေးပြီး ဒေသခံနှစ်ထောင်ခန့် တက်ရောက်ခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပတိုင်း ပြည်သူလူထု၏စိတ် ပါဝင်စားစွာ နားထောင်မှု၊ လူ ငယ်များ ငြိမ်းချမ်းရေးနှင့်ပတ် သက်၍ စိတ်အားထက်သန်မှုရှိ ခြင်းတို့က နိုင်ငံအတွက် များစွာ ကောင်းမွန်သည့် လက္ခဏာဖြစ် သည်ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

တစ်နာရီခွဲကျော်ကြာ ကျင်း ပခဲ့သည့် ငြိမ်းချမ်းရေးစကားဝိုင်း တွင် ဒေါ်အောင်ဆန်းစုကြည်က အယူအဆမတူသည့်တိုင် စိတ်ထဲ ရှိသည့်အတိုင်း ဆွေးနွေးနိုင် ကြောင်း ဖိတ်ခေါ်ခြင်းဖြင့် ဆွေး  နွေးပွဲကို အစပြုခဲ့သည်။

ဒေသခံ တိုင်းရင်းသားများ က ငြိမ်းချမ်းရေးမရှိခြင်း၏ဆိုးကျိုးကို ပြည်သူများ ခံစားနေရပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစစနောက်ကျနေ ရကြောင်း ဆွေးနွေးသည်။ ဒေါ် အောင်ဆန်းစုကြည်က ငြိမ်းချမ်း ရေးရရှိရေး ခက်ခဲနေသည့်အခြေ အနေများ၊ ငြိမ်းချမ်းရေးရရှိရေး တွင် လူငယ်များအပါအဝင် ပြည် သူများ၏ပါဝင်မှုအခန်းကဏ္ဍ အ ရေးပါခြင်းတို့နှင့်ပတ်သက်၍ ပြန် လည်ဆွေးနွေးခဲ့သည်။

‘‘ငြိမ်းချမ်းရေးရဖို့ ခက်ခဲနေ တာကလည်း ဟိုဘက်ဒီဘက် အ ဘက်ဘက်ကို ကြည့်တဲ့အမြင်ဟာ အားနည်းနေသေးလို့လို့ ဒီလိုပဲ မြင်တယ်။ တစ်ဖက်နဲ့တစ်ဖက် နား လည်မှုရှိလာရင် တခြားသူတွေရဲ့ လိုအပ်ချက်တွေ၊ စိုးရိမ်ချက်တွေ၊ အဲဒါတွေကို နားလည်တယ်ဆိုလို့ ရှိရင် ပိုပြီးတော့ အဖြေရှာတာ လွယ်တယ်’’ ဟု အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောသည်။

အခြားနိုင်ငံများနှင့်နှိုင်းယှဉ် ပါက မြန်မာနိုင်ငံတွင် ငြိမ်းချမ်း ရေးရရန် အထူးခက်ခဲနေသည့် အခြေအနေတစ်ခုသည် ငြိမ်းချမ်း ရေးရအောင် ပါဝင်လုပ်ဆောင်ရ မည့်အဖွဲ့အစည်းများနေ၍ ဖြစ် သည်ဟု ၎င်းက ဆိုသည်။

‘‘တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေလည်း များတယ်။ နောက်ပြီးတော့ တပ်မတော်လည်း ပါတယ်။ အစိုးရလည်းပါ တယ်။ လွှတ်တော်လည်းပါတယ်။ စသဖြင့်ပေါ့နော်။ အစုအဖွဲ့တွေ တော်တော်များတယ်။ နိုင်ငံ တော်တော်များများမှာ ငြိမ်းချမ်း ရေးရအောင်လုပ်တယ်ဆိုတာက အဖွဲ့နှစ်ဖွဲ့အကြားမှာ လုပ်ရတာ များတယ်။ ဥပမာ-အစိုးရနဲ့ တိုက် ခိုက်နေတဲ့ အစုအဖွဲ့တစ်ခုနဲ့။ တစ်ယောက်ချင်း တစ်ယောက် ချင်း ငြိမ်းချမ်းရေးရအောင်လုပ်ရ တာများတယ်။ ဘက်တွေက များ တဲ့အခါကျတော့ အဲဒါတွေအား လုံးညီမျှအောင် လုပ်ရတာခက် တယ်’’ဟု ၎င်းက ဆိုသည်။ ငြိမ်း ချမ်းရေးအတွက် အစုအဖွဲ့အ သီးသီးအနေဖြင့် သဘောထား ကြီးရန် ၎င်းက တိုက်တွန်းသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) လုပ်ငန်းစဉ်တွင် သဘော တူညီမှုရရှိထားသည့်အချက်များ ကို ပြည်သူများသိအောင် ဆောင် ရွက်ပေးရန် လူငယ်တစ်ဦးက အကြံပြုဆွေးနွေးမှုကို ဒေါ်အောင် ဆန်းစုကြည်က ကြိုဆိုပြီး လူထုကျယ်ပြန့်စွာ သိရှိရေး အလေး ထားဆောင်ရွက်မည်ဟု တုံ့ပြန် သည်။

‘‘ဘာကြောင့် ဘယ်သူတွေ က ဒီဟာကို လက်မှတ်မထိုးနိုင် တာလဲ၊ လက်မှတ်မထိုးရတဲ့အ ကြောင်းရင်းတွေက လက်ခံနိုင် သလား၊ လက်မခံနိုင်ဘူးလား။ ဒါ ပြည်သူတွေကလည်း ဝိုင်းပြီးသိဖို့ က အင်မတန်မှ အရေးကြီးပါ တယ်။ ငြိမ်းချမ်းရေးက ပြည်သူ တွေက ဆော်သြဖို့လည်း အများ ကြီးလိုတယ်လို့ ထင်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

တစ်နိုင်ငံလုံးရှိ လက်နက် ကိုင်တပ်ဖွဲ့အရေအတွက်သည် ပြည်သူများ၏အရေအတွက်နှင့် ယှဉ်ပါက အင်မတန်နည်းပါး၍ ငြိမ်းချမ်းရေးရရှိရေးနှင့် ငြိမ်းချမ်း ရေးစိတ်ဓာတ်များတည်ဆောက် ရေးတွင် ပြည်သူများ၌ တာဝန်နှင့် လုပ်ပိုင်ခွင့်များရှိကြောင်း ၎င်းက ဆိုသည်။

အစိုးရအဖွဲ့ကို ကြောက်ရန်မလို၊ မမှန်မကန် လုပ်ဆောင်ပါက တိုင်ကြားနိုင်

ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည်က ပြည်သူများအနေဖြင့် အစိုးရအဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး ယန္တရားမှ တာဝန်ရှိသူများ၊ လုံခြုံ ရေးတာဝန်ထမ်းဆောင်သူများ မဟုတ်မမှန် လုပ်ဆောင်မှုများ တွေ့ရှိပါက တိုင်ကြားရန် လို အပ်ကြောင်း ပြောသည်။

ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပါဝင်သည့်ဒေသခံ ကိုမာရီးယိုက ၎င်းအပါအဝင် တိုင်းရင်းသား အားလုံးက လက်ရှိအချိန်ထိ ကြောက်စိတ်များ အမြစ်တွယ်နေ ကြောင်း ဆွေးနွေးသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

‘‘အခုဆိုရင် ကျွန်မတို့အစိုးရ အနေနဲ့ ဒီနိုင်ငံမှာ အဂတိလိုက်စား မှုတွေရှိနေတယ်။ မတရားလုပ် တာတွေရှိနေတယ်။ အစိုးရအဖွဲ့တွေကပဲဖြစ်ဖြစ်၊ အုပ်ချုပ်ရေး ယန္တရားထဲက ပုဂ္ဂိုလ်တွေထဲက ဘယ်သူပဲဖြစ်ဖြစ် မတရားတဲ့ကိစ္စ တွေ လုပ်လို့ရှိရင် ပြည်သူတွေကို  တိုင်ပိုင်ခွင့်ပေးထားတယ်။ ဒါပေ မဲ့ ကိုယ့်ဘာသာကိုယ် တိုင်မှရ မယ်။ မတရားသဖြင့် လုပ်တာကို ကြည့်နေပြီး ကြောက်လို့ မတိုင် ဘူးဆိုလို့ရှိရင်လည်း ကိုယ်လည်း ဒီအထဲမှာ ပါရာရောက်တာပေါ့။ ဒီထဲမှာ မဟုတ်တာလုပ်တာကို အားပေးရာ ရောက်သွားတာ ပေါ့’’။

မဟုတ်မမှန်လုပ်ဆောင်သူ များကို သိမှ စည်းမျဉ်းစည်းကမ်း ဥပဒေများအရ အရေးယူ၍ ရမည် ဖြစ်၍ အရေးယူသင့်သူများကို အ ရေးယူနိုင်ရန် ပြည်သူများဝိုင်းဝန်း ကူညီရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

‘‘ကိုယ့်မှာ အဲဒီလောက် တော့ တာဝန်ကျေမှုရှိရမယ်။ ကြောက်ပြီးတော့ မလုပ်ရဲပါဘူး၊ မတိုင်ရဲပါဘူးဆိုရင် တစ်သက်လုံး ထိုင်ပြီး ကြောက်နေရမယ်။ အဲဒီ တော့ ကြောက်မနေနဲ့’’ဟု ပြော သည်။

ထို့အပြင် ဒီမိုကရေစီစနစ် အရ အစိုးရကသာ ပြည်သူကို ကြောက်ရမည်ဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ဆိုသည်။ ‘‘မှတ်ထားပါ အစိုးရကလည်း ဒီမို ကရေစီစနစ်အရ ရွေးကောက်ပွဲ လုပ်တယ်ဆိုရင် အစိုးရလုပ်တဲ့ လူတွေက ပြည်သူကို ကြောက်ရ တယ်။ တော်ကြာ မဲမပေးမှာစိုး လို့။ အဲဒါကြောင့် သူတို့ကလည်း ကိုယ့်ကို ကြောက်တယ်ဆိုတာ သဘောပေါက်ပါ။ အဲဒီဟာကို သဘောပေါက်ပြီးတော့ လုပ်သင့် လုပ်ထိုက်တာကို လုပ်ပါ’’ဟု ၎င်း က တိုက်တွန်းသည်။

ဒေသခံများ၏ လယ်ယာမြေပိုင် ဆိုင်မှုနှင့် တပ်ပိုင်မြေမကျူးကျော် ရဖြစ်စဉ်များ ဖြေရှင်းရန်လို

ဒေသခံများ၏တောင်ယာ၊ လယ်ယာမြေအချို့ တပ်ပိုင်မြေအ ဖြစ်သတ်မှတ်ထားကြောင်း လူ ငယ်တစ်ဦး၏တင်ပြမှုအပေါ် စိ စစ်ရန် ပြည်နယ်အစိုးရဝန်ကြီး ချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးနှင့် တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ကို လမ်းညွှန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က လယ်ယာကဏ္ဍနှင့်ပတ်သက်၍ ကြုံတွေ့ရသော ထူးခြားသည့် အ ခက်အခဲရှိပါက ပြောပြရန် မေး မြန်းရာ ဒေသခံတောင်သူ ကိုမာ ရီးယိုက ‘‘ဟုတ်ကဲ့ပါ။ လယ် ယာ ကဏ္ဍနဲ့ပတ်သက်ပြီး တောင်ယာ ကဏ္ဍနဲ့ပတ်သက်ပြီး ပြောချင်တာကတော့ ကျွန်တော်တို့စစ်ပွဲပြီး တော့ တောင်ယာသွားမယ်ဆိုပြီး တောင်ယာသွားကြည့်လိုက်တော့ တပ်ပိုင်မြေ မကျူးကျော်ရဆိုတဲ့ ဆိုင်းဘုတ်လေးတွေ့တယ်’’ဟု ကိုမာရီးယိုက တင်ပြသည်။ ယနေ့ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပါ ဝင်ဆွေးနွေးသူရှစ်ဦးအနက် ကိုမာ ရီးယို၏ ဆွေးနွေးမှုများအပေါ် ဆွေးနွေးပွဲလာ ပရိသတ်များက သြဘာပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ‘‘အဲဒီလိုဆိုလို့ရှိရင် ဒီဟာတွေ ပြောရမှာပဲ။ ဘယ့်နှယ် တပ်ပိုင် မြေမကျူးကျော်ရတွေ ဖြစ်သွားလဲ ဆိုတာ ကြည့်ပြီးတော့ လုပ်ရမယ်။ နောက် ဝန်ကြီးချုပ်ကလည်း ဒီဟာ ကို ကြည့်ပေးပါ။ အစိုးရကလည်း ကြည့်ပေးပါ။ ဒီမှာရှိတဲ့ နယ်လုံ ဝန်ကြီးတို့၊ တိုင်းမှူးတို့ကလည်း ကြည့်ပေးပါ။ ဘာဖြစ်လို့ ဒီ လောက်တောင် ပြည်သူတွေ လယ် မလုပ်ရဘဲနဲ့ တပ်ပိုင်မြေတွေပဲ ဖြစ်နေလဲဆိုတာကို’’ဟု ပြောကြားသည်။

ပြည်နယ်ဝန်ကြီးချုပ်အနေ ဖြင့်လည်း ပြည်သူများတိုင်ကြား သည့် တိုင်ကြားစာများကို ထိ ရောက်စွာ အရေးယူဆောင်ရွက် ပေးရန် ကိုမာရီးယို၏မေတ္တာရပ်ခံ မှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်း စုကြည်က ‘‘ဝန်ကြီးချုပ်က တိုင်တဲ့ဟာတွေကို သေသေချာချာ ဖတ်ရ လိမ့်မယ်။ ကိုယ်တိုင်မဖတ်နိုင်ရင် တောင် ဖတ်တဲ့အဖွဲ့တွေ ဖွဲ့ထား ရပါလိမ့်မယ်။ ဖတ်တဲ့အဖွဲ့တွေ ကလည်း နည်းနည်းဖြောင့်မတ်ဖို့ လိုတယ်။ သူတို့အကြောင်းတိုင် တာ ပါလို့ရှိရင် တင်မပြမှာလည်း စိုးရိမ်ရတယ်။ အဲဒီတော့ အဲဒါကို သေချာမှာခဲ့ပါတယ်’’ဟု ပြော ကြားသည်။

ရိုင်းစိုင်းစွာ ပြောဆိုခြင်းကို သတ္တိ ဟု မယူဆရန်လို

မြန်မာ့လူမှုအသိုင်းအဝိုင်း အတွင်း အပြန်အလှန်ပြောဆို ဆက်ဆံမှုအခြေအနေနှင့် ပတ် သက်ပြီးလည်း အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့သည်။

ဖေ့စ်ဘွတ်ခ်အပါအဝင် လူ မှုကွန်ရက်များပေါ်တွင် မြန်မာလူ မျိုးများ၏ဆဲဆိုမှုများကို တွေ့မြင် နေရကြောင်း ပါဝင်ဆွေးနွေးသူ စာရေးဆရာ ကိုစိုးရာဇာဝင်းက ပြောကြားသည်။

‘‘စင်ပေါ်မှာ ရောက်တဲ့လူကို စင်အောက်က ဆဲတယ်။ ဘော လုံးကွင်းထဲမှာ ကန်နေတဲ့ ဘော လုံးသမားကို ဘောလုံးပရိသတ် က ဆဲတယ်။ ဆဲတာကို လူထု ကြားမှာ တော်တော်လေးအမြစ် တွယ်နေတယ်’’ဟု ၎င်းက ဆွေး နွေးသည်။ လူပုဂ္ဂိုလ်အချို့သည် ရိုင်းပျစွာ ပြောဆိုခြင်းကို သတ္တိရှိ သည်ဟု ယူဆနေကြောင်း ဒေါ် အောင်ဆန်းစုကြည်က ဆွေးနွေး သည်။

‘‘ပြောသင့်ပြောထိုက်တာကို ပြောရဲတဲ့ သတ္တိရှိရမယ်။ နောက် ယဉ်ယဉ်ကျေးကျေးလည်း ပြော တတ်ရမယ်။ တချို့တွေက ရိုင်း ရိုင်းစိုင်းစိုင်းပြောတာကို ဟုတ်လှ ပြီလို့ ထင်နေကြတယ်။ ရိုင်းရိုင်း စိုင်းစိုင်းပြောတယ်ဆိုတာ ကိုယ့် သိက္ခာလည်း ကျတယ်။ ကိုယ့်ရဲ့ လူမှုအသိုင်းအဝိုင်းလည်း သိက္ခာ ကျတယ်။ ကိုယ့်ရဲ့နိုင်ငံသိက္ခာ လည်း ကျတယ်’’ဟု ဒေါ်အောင် ဆန်းစုကြည်က ဆိုသည်။

‘‘မဆဲကြပါနဲ့။ ကိုယ့်မှာ ဉာဏ်ရှိလို့ရှိရင်၊ ကိုယ့်မှာ ပညာ ရှိလို့ရှိရင် ထိထိမိမိနဲ့ ဝေဖန် သင့်တာကို ဝေဖန်လို့ရပါတယ်။  ဝေဖန်နိုင်တဲ့ အခွင့်အရေးလည်း ရှိပါတယ်’’ဟု ၎င်းက ဆက်ပြော သည်။

ထို့အပြင် တစ်ဦးနှင့်တစ် ဦး ဆက်သွယ်ရန် လွယ်ကူလာ သည့် နည်းပညာခေတ်တွင် သ ဘောထား ကျဉ်းမြောင်းလာသည် ကိုလည်း တွေ့ရသည်ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောသည်။

‘‘အခုဆိုရင် လူကြီးရော၊ လူငယ်ရောက ဖုန်းနဲ့လုပ်နေကြ တယ်။ ကိုယ့်ဘေးကို လှည့်မကြည့်ကြဘူး။ ဘယ်ပတ်ဝန်းကျင်ကို ရောက်နေတယ်ဆိုတာကိုလည်း ဂရုမစိုက်ဘူး။ ဒါတွေက နည်း ပညာတိုးတက်မှုရဲ့ ဆိုးကျိုးတွေ ပဲ။ ဘယ်ကိစ္စမဆို ကောင်းကျိုးနဲ့ ဆိုးကျိုးဆိုတာ ရှိတာပဲ။ ကိုယ့်မိ သားစုကိုကော တရားမျှမျှတတ ဆက်ဆံလား။ ဒါတွေကို သုံးသပ် ဖို့လိုတယ်’’ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စာဖတ်နှုန်း နည်းလာ၍ လူငယ်များ ဗဟုသုတကြွယ်ဝစေရန် စာများပိုမိုဖတ်ကြ ရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။

ငြိမ်းချမ်းရေး မလိုလားသူများ အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ထက်မြင်ချက်

ဒေသခံလူငယ်များနှင့် အ ပြန်အလှန်ဆွေးနွေးအပြီးတွင် အွန်လိုင်းမှ မေးမြန်းသူသုံးဦး၏ မေးခွန်းများကိုလည်း ဒေါ်အောင် ဆန်းစုကြည်က ပြန်လည်ဖြေဆို သည်။

နန္ဒာမင်းလွင် အမည်ရှိ အွန် လိုင်းအသုံးပြုသူက ‘‘အမေစုခင် ဗျာ။ ပြည်တွင်းစစ် ကြာရှည်နေ တာဟာ မြန်မာပြည်မှာ ငြိမ်းချမ်း ရေးကို မလိုလားတဲ့သူတွေ ရှိနေ တယ်ဆိုတာ ထင်ရှားပါတယ်တဲ့။ ဒီလို ငြိမ်းချမ်းရေးကို မလိုလားတဲ့ အဖွဲ့အစည်းတွေ၊ လူတွေကိုဘယ်လိုနည်းနဲ့ စည်းရုံးမှ အဆင်ပြေမယ်လို့ ယူဆပါသလဲခင်ဗျ’’ ဟု မေးမြန်းသည်။

ငြိမ်းချမ်းရေးကို မလိုလား သူများ၏ အဓိကပြဿနာသည် ငြိမ်းချမ်းရေးတန်ဖိုးကို မသိသေး ခြင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ ပြီး ပြည်သူများက ၎င်းတို့အား စည်းရုံးရန် ဒေါ်အောင်ဆန်းစု ကြည်က တိုက်တွန်းသည်။

‘‘ငြိမ်းချမ်းရေးရတယ်ဆိုလို့ ရှိရင် မိမိတို့အပါအဝင် အားလုံး အတွက် ဘယ်လိုအကျိုးအမြတ် တွေရှိနိုင်လဲဆိုတာကို သဘော မပေါက်သေးလို့ပဲ။ အခုအခြေအ နေနဲ့စာလို့ရှိရင် ငြိမ်းချမ်းရေးရရင် ပိုကောင်းမယ်ဆိုတာကို နှလုံး မသွင်းနိုင်သေးလို့ ငြိမ်းချမ်းရေး ကို မလိုလားတာပေါ့။ တကယ်ပဲ ငြိမ်းချမ်းရေးရလို့ရှိရင် ပိုပြီးတော့ အကျိုးအမြတ်တွေ၊ အသီးအပွင့် တွေဟာ တခြားလူတွေအတွက် တင်မဟုတ်ဘူး။ မိမိတို့အတွက် ပိုပြီးတော့ များလာမယ်ဆိုတာကို သဘောပေါက်သွားမယ်ဆိုရင် ငြိမ်းချမ်းရေးလိုလားမှာပဲ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေ ဆိုသည်။

လူကြီးများကို ထမင်းကောင်း၊ ဟင်းကောင်းကျွေးသည့်အကျင့် ဖျောက်ရန်လို

ယခု ငြိမ်းချမ်းရေးစကားဝိုင်း တွင် ဒေသခံ ကိုမာရီးယို၏ ဆွေး နွေးချက်ကြောင့် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က အစိုးရလူကြီးများ၏ ထမင်းဝိုင်းတွင် ပါဝင်မည့် ဟင်း လျာစာရင်းကို ညွှန်ကြားချက် ထုတ်ရန် စဉ်းစားနေကြောင်း ထုတ်ဖော်ပြောဆိုသည်။

ဒေသခံ ကိုမာရီးယိုက ‘‘ကျွန်တော်တို့ တကယ်တမ်း တိုင်းရင်း သားတွေဟာ အင်မတန်ရိုးသား ပါတယ်။ ဘယ်လောက်ရိုးသားလဲ ဆိုရင် တိုင်းရင်းသားကိုယ်တိုင် လုပ်တဲ့ ထမင်းဟင်းတွေတောင်မှ ကျွန်တော်တို့ မကောင်းတဲ့ဟာပဲ စားပြီး လူကြီးတွေ၊ အစိုးရတွေကို ကျွန်တော်တို့ ထမင်းကောင်း ကောင်း ရောင်းချပေးနေပါတယ်’’ ဟု ဆွေးနွေးခဲ့သည်။ ကိုမာရီးယို က ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေး စဉ်ကပင် ၎င်းအနေဖြင့် သာမန် လယ်ယာသမား တစ်ဦးဖြစ်ပြီး ပညာရည်အချင်း အားနည်း ကြောင်း မိတ်ဆက်ကာ ရင်ထဲရှိ ခံစားချက်များအတိုင်း ပြောကြား လိုကြောင်း ပြောသည်။

၎င်း၏ ဆွေးနွေးမှုနှင့်ပတ် သက်ပြီး ဒေါ်အောင်ဆန်းစုကြည် က ‘‘ဒီအလေ့အကျင့်ကို ဖျက်ရ လိမ့်မယ်’’ဟု ပြောကြားသည်။

‘‘ကျွန်မက လူကြီးတွေသွား လို့ရှိရင် ဟင်းတွေအများကြီးကျွေး တာ လုံးဝမကြိုက်ဘူး။ အဲဒါ ညွှန် ကြားချက်ထုတ်ဖို့ စဉ်းစားနေရ တယ်။ လူကြီးတွေလာလို့ရှိရင် အသားဟင်းတစ်ပွဲ၊ အသီးအရွက် ဟင်းတစ်ခွက်၊ အရည်သောက် တော်ပြီ။ နောက်ပြီးတော့ ငါးပိ ရည်တို့စရာပေါ့။ အဲဒါထက် ပိုပြီးတော့ ကျွေးတဲ့အဖွဲ့တွေကို Fine တပ်ရမယ်လို့ထင်တယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြုံး ရင်း ပြောကြားသည်။ လူကြီးများ ဘဝတွင် ပိုပြီးသိမ်ငယ်သူများကို ဦးစားပေးရမည်ဟုလည်း ဆက် လက်ပြောသည်။

ပညာရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုး ရေးဆိုင်ရာ ဆွေးနွေးချက်

ကယားပြည်နယ်အတွင်း ငြိမ်းချမ်းရေးအပြည့်အဝမရသေး ၍ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးနေကြောင်း ပါဝင်ဆွေးနွေး သူ မမို့မို့ထင်ဇော်မွန်က ပြော သည်။

‘‘စစ်ဖြစ်ရင် အမျိုးသမီးနဲ့ ကလေးတွေက ဒဏ်အခံရဆုံးဆို တာကတော့ တစ်ကမ္ဘာလုံးမှာ ဒီ အတိုင်းပါပဲ။ အခုအချိန်မှာ ပညာ သင်တဲ့နေရာမှာ ယောက်ျားလေး တွေက မိန်းကလေးတွေထက် သိ သိသာသာ အားနည်းသွားတာကို တွေ့ရပါတယ်။ ဒီနိုင်ငံမှာ တက္က သိုလ်ရောက်တဲ့နှုန်းကိုကြည့်ရင် မိန်းကလေးတွေက များပါတယ်။ အစိုးရအနေနဲ့ အခုအလေးထား တာကတော့ အသက်မွေးဝမ်း ကျောင်းပညာပါ။ ပညာဆိုတာ ကိုယ့်ဘဝကို ကိုယ်ကျောင်းနိုင်ဖို့ ပညာသင်တာပဲ။ ပညာသင်ထား ပြီး ဘာမှမလုပ်နိုင်ရင်တော့ ဘာမှအသုံးမကျဘူး။ အသက်မွေးဝမ်း ကျောင်းပညာက အရေးကြီးပါ တယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြန်လည်ဆွေးနွေး သည်။

‘‘ပညာရေးစနစ်တစ်ခုကို ပြင်မယ်ဆိုတာ နေ့ချင်းညချင်း လုပ်လို့မရဘူး။ နောက်ပြီးတော့ တချို့တွေက ဒီကာလရဲ့ ဆယ်စု နှစ်တွေကြားထဲမှာ ကျောင်းသား လူငယ်တွေ ခံခဲ့ရတဲ့ ကိစ္စတစ်ခုက အစမ်းသပ်ခံ ဖြစ်သွားတာပေါ့။ အစမ်းသပ်ခံ ဖြစ်သွားတယ်ဆို တာ ပညာရေးနဲ့ပတ်သက်ပြီး မူ တစ်ခုချမယ်ဆိုရင် တကယ်တော့  အနည်းဆုံး ၁၀ နှစ်လောက်ကို ဦးတည်ပြီးတော့ ကြည့်ရမယ်’’ဟု ၎င်းက ပြောသည်။

နှစ်ပေါင်းရှည်ကြာစွာ ပညာ ရေးစနစ်မကောင်းခဲ့ခြင်းကြောင့် လက်ရှိ သင်ကြားနေသည့် ဆရာ၊ဆရာများကိုယ်တိုင် စနစ်၏ အားနည်းမှုဒဏ်ကို ခံနေရသည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ပညာရေးစနစ်ပြောင်းလဲမှုသာမက မိဘများ၏ ပြိုင်ဆိုင်မှုအလေ့အထများကိုလည်း ပြောင်းလဲရန်လိုကြောင်း ပြောသည်။တိုင်းရင်းသားများ၏ စာပေ ယဉ်ကျေးမှု၊ ဘာသာစကားများ တိုးတက်မြင့်မားအောင် အစိုးရ က ပံ့ပိုးပေးရန် မအော်လေးဗီယာ ၏ တောင်းဆိုမှုနှင့်ပတ်သက် ပြီး ယင်းကိစ္စကို ထိန်းသိမ်းဆောင် ရွက်ရန် အစိုးရတွင် တာဝန်ရှိ၍ အလေးထားဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

‘‘တစ်တိုင်းပြည်လုံး စီးပွား ရေးတိုးတက်လာတာနဲ့အမျှ၊ ငြိမ်း ချမ်းရေးရဲ့ အသီးအပွင့်တွေကို ခံစားရတာနဲ့အမျှ ယဉ်ကျေးမှု၊ ဘာသာစကား ထိန်းသိမ်းလာ တာ၊ အားပေးလာတာ ပိုပြီးတော့များလာတယ်ဆိုတာ တွေ့ရပါ တယ်။ သိပ်ပြီးတော့ စိတ်မပူပါနဲ့။ ကျွန်မတို့ အလေးထားပြီးတော့ ဆောင်ရွက်ပေးပါမယ်’’ဟု ၎င်း က ဆိုသည်။

ထို့အပြင် ဆရာဝန်တစ်ဦးအ နေဖြင့်လည်း ဆေးကုသရာတွင် အဖိုးအခကို ယူသင့်သလောက် သာ ယူသင့်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းသည်။

‘‘ဆရာဝန်တစ်ယောက်အ နေနဲ့ သိပ်ပြီးတော့ အဖိုးအခတွေ အများကြီးယူတယ်ဆိုရင် ဆရာ ဝန်တာဝန်မကျေဘူးပေါ့။ ဘာ ဖြစ်လို့လဲဆိုရင် ဒီဆရာဝန်က သူဌေးတွေပဲကုမယ့် ဆရာဝန်ဖြစ် နေတာကိုး။ သိပ်ပြီးတော့ မတတ် နိုင်တဲ့ လူဆိုရင် မကုဘူးဆိုတဲ့ ဆရာဝန်မျိုးဖြစ်လာတဲ့အခါကျ တော့ ဒီဆရာဝန်ကလည်း တာဝန်မကျေပွန်ဘူး’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးသည် ဆက်စပ်နေ သကဲ့သို့ ငြိမ်းချမ်းရေးသည်လည်း တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတို့နှင့် ဆက်စပ်နေကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

‘‘ငြိမ်းချမ်းရေးကို တရား ဥပဒေစိုးမိုးရေးနဲ့ ဖွဲ့စည်းပုံအခြေ ခံဥပဒေနဲ့က ထိန်းထားတယ်။ အဲ ဒါလည်း လက်တွေ့ကျကျ စဉ်း စားရမှာပါ။ ဒီလို မထိန်းထားလို့ မရဘူး။ ငြိမ်းချမ်းရေးတည်တံ့ခိုင် မြဲဖို့ဆိုရင် တရားဥပဒေစိုးမိုးရေးရှိ ရမယ်။ အများလက်ခံနိုင်တဲ့ ဖွဲ့ စည်းပုံ အခြေခံဥပေဒတစ်ခုရှိ ရမယ်။ အဲဒါမှလည်း ငြိမ်းချမ်း ရေးဆိုတာ တည်မြဲမယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

‘‘တရားမျှတတယ်ဆိုတာ၊  ကိုယ့်အတွက် မျှတတယ် ဆိုတာ ဖြစ်ဖို့ မလုံလောက်ဘူး။ တခြားသူ အတွက်လည်း မျှတရမယ်။ ဟို ဘက်ဒီဘက် နှစ်ဖက်ကို စဉ်းစား ကြရမယ်။ အဲဒီတော့ လူငယ်တွေ စရမယ်။ လူငယ်တွေကလည်း တစ်ချိန်ချိန်မှာ လူကြီးတွေ ဖြစ် သွားမှာပဲ’’ ဟု တရားမျှတမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားခဲ့သည်။