ရဂုံတစ်ရိုးမှာ ပညာတွေ တစ်ဟုန်ထိုးပါလို့

(တစ်)

အင်္ဂလိပ်လိုကတော့ ဆလို ဂန် (Slogan) လို့ပဲ ခေါ်မှာပေါ့။ မြန်မာလိုကတော့ ဆောင်ပုဒ်ဆို လည်းဖြစ်၊ ကြွေးကြော်သံလို့ခေါ် လည်း မှန်တာပါပဲ။

ဘာတဲ့။ ခုနက ပြောခဲ့တဲ့ ဥစ္စာ။ ဆလိုဂန်တဲ့။ စုံနံ့သာမြိုင် ဟာ ကျန်တဲ့နေရာတွေမှာ အားပါ ချင်မှ အားပါပါလိမ့်မယ်။ အနို့ သော ကြွေးကြော်တဲ့နေရာ၊ ဆလိုဂန်ထုတ်တဲ့ နေရာမှာကတော့ ထိပ်တန်းဆိုမှ နံပါတ်ဝမ်း စတား (Star) ဆိုတာမျိုးပါ။

တိရစ္ဆာန်မှန်သမျှ ဂရက်ကျူ ရိတ်ဖြစ်စေရမည်... တဲ့။

တိရစ္ဆာန်များရှိရာ အက်ကျူ ကေးရှင်းအရောက်လာအံ့... တဲ့။

ကဲကြည့်။ ဘယ်လောက် များ ခွန်အားပါသတုံးဆိုတာ။ ဘာမှမသင်ဘဲနဲ့ကို ပညာက တတ် ချင်နေပြီ။ တိရစ္ဆာန်မှန်သမျှ ဂရက်ကျူရိတ် (Graduate) ခေါ် ဘွဲ့ ရတွေဖြစ်စေရမတဲ့။ ကျောင်းရှိ ရာ တိရစ္ဆာန်ကလေးတွေ မလာ အားခဲ့ရင် သင်းတို့ရှိရာကို အက် ကျူကေးရှင်း (Education) ခေါ်ပညာက ဝုန်းဒိုင်းဆိုကာ ဒုန်းစိုင်း လာခဲ့မှာတဲ့။ အားရှိလိုက်တာ။

အဲသည့်ပညာရေးကို ဘဇာ ပညာရေးလို့ ခေါ်သတုံးလို့ ဂျက် က မေးကြည့်မိပါတယ်။ ဘုရား ဘုရား။ လှလိုက်တဲ့ နာမည် ကလေးဗျာ။ ပဝါတစ်ကမ်း လက်တစ်လှမ်း ပညာရေးတဲ့။ ပဝါတစ် ကမ်း လက်တစ်လှမ်း ယူနီဗာစီတီ တဲ့။ တိရစ္ဆာန်ပညာရေးမှာ တာဝန်ရှိပုံရတဲ့ ကြက်တူရွေးကြီးက ဖြေတာ။ အစစအရာရာ နောက်ကျခဲ့ ရတဲ့ တောကြီးထဲမှာ လူတွေကို အမီလိုက်ဖို့ဆိုတာဟာ သတ္တဝါ တွေ ပညာတတ်မှ ဖြစ်မယ်လို့ သဘောပေါက်လာတာမို့ တိရစ္ဆာန်တိုင်း ဘွဲ့ရဖို့ရာ ပဝါတစ်ကမ်း လက်တစ်လှမ်း အက်ကျူကေး ရှင်းဆိုတာကို လုပ်ချလိုက်တာလို့ ဆိုတာပါပဲ။ ခပ်လှမ်းလှမ်းက ပညာရေးလို့ပဲ ဆိုကြပါစို့ရဲ့။

(နှစ်)

ကောင်းလိုက်တာ။ ပဝါတစ် ကမ်း လက်တစ်လှမ်း ယူနီဗာစီတီ ကို ဝင်ခွင့်လျှောက်ထားတဲ့ သတ္တ ဝါလေးတွေဟာ ကျောင်းဝင်ကြေး ပေးပြီးသွားတာနဲ့ ဘုတ်အုပ်တွေ အများကြီးရလာတော့တာပါပဲ။

အဲ... ဘုတ်အုပ်တွေနဲ့အတူ မေးခွန်းတွေလည်း ပါလာသဗျ။

ဘာစာမှ မသင်ရသေးဘဲနဲ့ မေးခွန်းတွေ မေးထည့်လိုက်ပြီဆို ကတည်းက တိရစ္ဆာန်တွေရဲ့ ပဝါ တစ်ကမ်း လက်တစ်လှမ်း အက် ကျူကေးရှင်းဟာ သိပ်မခေဘူးဆို တာ ရိပ်စားမိနေပါပြီ။ အဲသည့် မေးခွန်းတွေကို ဖြေပြီးပြန်တင် တာနဲ့ အောင်မှတ်က တစ်ဝက်ရ နေပြီ။  အဲဒါကို ဟုမ်းဝပ်အဆိုင်း မင့် (Home Work Assignment) လို့ခေါ်တယ်ဆိုလား၊ ဘာဆို လား။

အနို့သော် ဘာစာတစ်လုံးမှ မသင်သေးဘဲနဲ့၊ ကိုယ်လည်း ဘာ မှ ဂဃနဏမသိသေးဘဲနဲ့ မေး ခွန်းကို ဘယ့်နှာသို့ ဖြေရပါ့။

မပူနဲ့။ ပဝါတစ်ကမ်း လက် တ စ်လှမ်း အက်ကျူကေးရှင်းက သိပ်စနစ်ကျတာ။ ကိုယ်ဘာမှ မသိတဲ့ မေးခွန်းတွေကို ပြန်ဖြေဖို့ ရာ အဖြေစာအုပ်တွေက ဆိုင် တွေပေါ်မှာ အဆင်သင့်။ ဝယ်ပြီး ကူးရေးလိုက်ရုံ။ အဲဒါကို ပြန်ပို့ လိုက်ရုံ။

‘‘သူက ဘာမေးမှန်း ကိုယ် မသိ။ ကိုယ်က ဘာတွေ ဖြေနေ မှန်းလည် မသိ။ ဘယ်နေရာမှာ အဖြေပါတယ်ဆိုတာလည်း ရေ ရေရာရာမသိ။ အနို့သော် အမှတ် တွေရ၏။ သို့ဖြစ်၍ အနှီအက်ကျူ ကေးရှင်းကို ကြိုဆိုပါ၏’’တဲ့။

ဘီယာကလေး နည်းနည်းမူး နေပုံရတဲ့ မျောက်ဖင်နီတစ် ကောင်က ရင်ဖွင့်နေတာပါ။ သင်းက စက္ကင်းရီးယားဆိုလား၊ ဘာဆို လား။

(သုံး)

ပဝါတစ်ကမ်း လက်တစ် လှမ်း တက္ကသိုလ်က သိပ်ကောင်း တာပါပဲလား။ စာမေးပွဲစနစ်က လည်း မေတ္တာနဲ့ ကရုဏာကို အ ခြေခံထားတာ။ အဖြေလွှာကို ကရုဏာနဲ့ စစ်ပါတဲ့။

ဟောကြည့် မေးခွန်းက တွားသွားသတ္တဝါတစ်ကောင်အ ကြောင်း ရေးပါတဲ့။ တိရစ္ဆာန် ကလေးတွေ မရကြဘူးလေ။ ကျက်မှ မကျက်ထားတဲ့ဥစ္စာ။ အဲ သမှာ ငါးခူအကြောင်းရေးတဲ့ အ ကောင်ကရေး၊ မြေခွေးအကြောင်း ရေးတဲ့ အကောင်ကရေး၊ စာ ကလေးအကြောင်းရေးတဲ့ အ ကောင်ကရေးနဲ့။ စာစစ်တဲ့ တိရစ္ဆာန် ဆရာ၊ ဆရာမတွေက သိပ်ကရုဏာကြီးတာခင်ဗျ။ မေး ခွန်းနဲ့ သောက်တလွဲဖြစ်နေပေ မယ့် ကရုဏာမှတ်ဆိုပြီးပေးပါ တယ်။ ငါးမှတ်။ ခြောက်မှတ်။

သည်လိုပါပဲ။ ကျွန်းပင်အ ကြောင်းမေးတယ်၊ နှမ်းပင်အ ကြောင်း ဖြေထည့်လိုက်တယ်။ ငါးမန်းအကြောင်းမေးတယ်၊ တော ဝက်အကြောင်း ဖြေထည့်လိုက် တယ်။ ပေးတယ်ခင်ဗျ။ ကရုဏာ မှတ်တဲ့။ ကိုယ်မေးတာ သူမရပေ မယ့် သူရတာတော့ သူဖြေရှာ သားပဲတဲ့။ အနို့ကလို စာမေးပွဲ။

(လေး)

တိရစ္ဆာန်ကလေးတွေကို ပေးဖို့ ဘွဲ့လက်မှတ်တွေ ရိုက် ရိုက်ပြီး သယ်လာလိုက်တာများ ဆိုတာ တစ်ခါတိုက်ရင် ဆယ်ဘီး ကားကြီးတွေနဲ့ လေးစီးတိုက်၊ ငါး စီးတိုက်။ ဘွဲ့လက်မှတ်မချိတ် ထားတဲ့ တိရစ္ဆာန်ရိပ်မြုံရယ်လို့ တစ်ခုမှ မရှိ။ တိရစ္ဆာန်နာမည် နောက်မှာ အေဘီစီဒီတွေနဲ့။

ဥဩဆွေ (B.A)၊ ကြိုးကြာ သီရိ (B.Sc)၊ ဆဒ္ဒန်ရဲရင့် (B.A. (Q))၊ ဘွတ်အဲ (B.A)၊ သီဟ ကျော်စွာ (B.Sc) ။

အဝေးရောက် ရီမုတ်ကွန်ထ ရိုး (Remote Control) နဲ့ တော ရဲ့အက်ကျူကေးရှင်းကို တစ်ဟုန် ထိုး မြှင့်တင်နေတာတောင် တိရစ္ဆာန်ကလေးတွေက ဟိုချုံတိုး သည်ချုံတိုးနဲ့။ ဘယ်လိုများဖြစ်ရ ပြန်တယ်မသိ။

လူတွေက တိရစ္ဆာန်အက် ကျူကိတ်တက်တွေကိုကြည့်ကာ ပြုံးစိစိနဲ့။ ဘာတွေများ မနာလိုဝန် တိုဖြစ်နေကြတယ်မသိ။     ။

(ဖော်ပြပါ သရော်စာသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)