ကယားပြည်နယ်အတွင်း ငြိမ်းချမ်းရေးဖြစ်စဉ် ထိခိုက်မှုမရှိနိုင်ကြောင်း ၀န်ကြီးချုပ်ပြော

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို (ဓာတ်ပုံ − နိုင်လင်း)

ကယားပြည်နယ်အ တွင်း ငြိမ်းချမ်းရေးဖြစ်စဉ် ထိခိုက် မှုမရှိနိုင်ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ဒီဇင်ဘာ ၃၀ ရက်တွင် ပြောသည်။ 

ရန်ကုန်မြို့တွင်ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမဗဟိုကော်မတီ  အဋ္ဌမအ ကြိမ် ပုံမှန်အစည်းအဝေးပထမ နေ့၌ မီဒီယာများနှင့်  တွေ့ဆုံစဉ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တပ်ဖွဲ့ဝင်များ သေဆုံးသည့် ကိစ္စရပ်နှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ၀န်ကြီးချုပ်က ယင်းသို့ပြောကြားသည်။

‘‘ဒီလိုဖြစ်စဉ်မျိုး နောက်မ ဖြစ်ဖို့အတွက် ကျွန်တော်ကကြား ခံပေါင်းစပ် ညှိနှိုင်းပေးရပါတယ်။ အဖွဲ့အစည်းတွေအားလုံးနဲ့လည်း ကျွန်တော်တွေ့တယ်။ တွေ့သင့် တွေ့ထိုက်တဲ့အဖွဲ့အ စည်းတွေနဲ့ တွေ့ပြီးတာနဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေ လုပ်ထားပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ် ကယားပြည်နယ်အတွင်းမှာ ထိခိုက်မှုမရှိနိုင်ပါဘူး။ မရှိဘူးလို့ပြောနိုင်တာကလည်း ဒါတပ်ဘက်ကလည်း တာဝန်ယူတယ်။ အဖွဲ့အစည်းတွေဘက်ကလည်း တာဝန်ယူတယ်။ ဒါဆိုရင်တော့ မထိခိုက် တော့ပါဘူး’’ဟု ဦးအယ်လ်ဖောင်းရှိုက  ပြောသည်။ 

KNPP သည် အစိုးရနှင့် ပြည်ထောင်စုအဆင့်၊ ပြည်နယ် အဆင့် အပစ်ရပ်စဲရေးဆောင် ရွက်ထားသည့် အဖွဲ့အစည်းဖြစ် ပြီး အပစ်ရပ်ကာလအတွင်း တင်း မာမှုနှင့် ပဋိပက္ခအချို့ရှိသော် လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိ ပေ။ လက်ရှိတွင် တစ်နိုင်ငံလုံးအ ပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ်(NCA) လက်မှတ်ထိုးနိုင် ရေး ညှိနှိုင်းနေသည့်အဖွဲ့ ဖြစ် သည်။

ဒီဇင်ဘာ ၁၉ ရက်က လွိုင် ကော်မြို့နှင့် ၇ မိုင်အကွာရှိ KNPP  ယာယီစစ်ဆေးရေးဂိတ်မှ တပ်ဖွဲ့ ၀င်များက ရိက္ခာပို့ပြီးပြန်လာ သည့် တပ်မတော်ယာဉ်တန်းကို တားဆီးရာမှ အချင်းများပြီး နောက် ဒီဇင်ဘာ ၂၀ ရက်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင် ကော်) လက်အောက်ခံတပ်မှ တပ်ဖွဲ့ဝင်များက KNPP ရဲဘော် များကို ဖမ်းဆီးသတ်ဖြတ်ခဲ့ ကြောင်း KNPP က ဆိုသည်။ 

ယင်းကိစ္စအပေါ် ဒေသကွပ် ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)က ရှင်းလင်းချက်ထုတ်ပြန်ရာ  အ ပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး KNPP တပ်ဖွဲ့ဝင်များသေဆုံးခြင်း ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ KNPP အနေဖြင့် အစိုးရနှင့် သဘောတူညီထားသည့် ‘ဆက် ကြေးကောက်ခြင်းနှင့် ဥပဒေနှင့် မညီသော လုပ်ငန်းများ မပြုလုပ် ရန်’ အချက်ချိုးဖောက်၍ ဥပဒေ မဲ့ဆောင်ရွက်ခဲ့ကြောင်း ရှင်း လင်းခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက် ပြီး ပြည်နယ်အစိုးရတာဝန်ရှိသူ များ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)နှင့် KNPP တာဝန် ရှိသူများ ဒီဇင်ဘာ ၂၆ ရက်တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံ ပြီး ပြည်နယ်အတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှုမပျက်ပြားရန် ညှိ နှိုင်းခဲ့ကြောင်း ၀န်ကြီးချုပ်က ပြောသည်။ ထို့နောက် ယင်းဖြစ် စဉ်ကို ကယားပြည်နယ်အစိုးရ အဖွဲ့က နိုင်ငံတော်၏အတိုင်ပင် ပုဂ္ဂိုလ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထားသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) သို့ တင်ပြခဲ့ ကြောင်း ၎င်းကဆက်လက် ပြော သည်။ 

‘‘NRPC ကနေတစ်ဆင့် တပ်ပိုင်းဆိုင်ရာကိစ္စဖြစ်တဲ့အ တွက်ကြောင့် တပ်ကိုအဲဒီကိစ္စပို့ တာပေါ့။ ဒါကိုတပ်မတော်က စုံခုံဖွဲ့ပြီးတော့ အကောင်းဆုံးဆောင်ရွက်မယ်လို့ သိထားပါတယ်။ တပ်ရော၊ အဖွဲ့ကရော သူတို့က တော့ ငြိမ်းချမ်းရေးကို ထိခိုက် အောင် ဘယ်တော့မှမလုပ်ပါဘူး လို့ ပြောပါတယ်’’ဟု ဦးအယ်လ် ဖောင်းရှိုက ပြောသည်။

ကယားပြည်နယ် အစိုးရအ နေဖြင့် သေဆုံးသည့် KNPP တပ်ဖွဲ့ဝင်လေးဦး၏ မိသားစုဝင်များ အား ထောက်ပံ့ငွေပေးအပ်ပွဲကို ဒီဇင်ဘာ ၂၇ ရက်က ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ရာ မိသားစုတစ်စုလျှင် ကျပ်ငါးသိန်း စီ ထောက်ပံ့ခဲ့ကြောင်း ပြည်နယ် အစိုးရနှင့် KNPP လွိုင်ကော် ဆက်ဆံရေးရုံးတာဝန်ရှိသူများက အတည်ပြုပြောကြားသည်။ 

ဆက်လက်၍ ကယားပြည်နယ်အစိုးရ၀န်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို စီစဉ်မှုဖြင့် သေဆုံးသူများ၏ မိသားစုဝင်ကလေးများ၏ ပညာရေးအားပေးရန်နှင့် ကလေးများ   အလုပ်အကိုင်ရရှိရေး ထောက်ပံ့ကူညီမည်ဟုလည်း ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က အတည်ပြု ပြောကြားသည်။

လက်ရှိတွင် ကရင်နီအမျိုး သားတိုးတက်ရေးပါတီ(KNPP) တပ်ဖွဲ့ဝင်များသေဆုံးသည့် ကိစ္စ ကို တပ်မတော်က  စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့စည်းစစ်နေကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။ တပ်ဖွဲ့ဝင် လေးဦးသေဆုံးသည့် ကိစ္စနိုင်ငံရေးနည်းဖြင့် အကောင်းဆုံးပြေလည်မှုရရှိအောင်အဖြေရှာမည်ဖြစ်၍ စိုးရိမ်တကြီးမဖြစ်ရန် KNPP အတွင်းရေးမှူး (၂) ခူဒယ်နီယာယ်က ကယားပြည်နယ်အခြေစိုက် ကန္တရ၀တီတိုင်းမ် သတင်းဌာနအား ဖြေကြားထားသည်။

 ‘‘ကျွန်တော်တို့ အကောင်းဘက်သွားတဲ့ အစီအစဉ်ပဲ စီစဉ်ထားတယ်။ အစိုးရအပေါ်လည်း အများကြီးမူတည်ပါတယ်။ အစိုးရက ပြစ်မှုကျူးလွန်တဲ့သူကို ဘယ်လိုအရေးယူဆောင်ရွက်မလဲပေါ့။ ဒါကတော့  ဥပဒေလမ်းကြောင်းအတိုင်းပဲ’’ဟု ၎င်းက ပြောကြားသည်။

ယင်းဖြစ်ရပ်သည် လက်ရှိ ဖော်ဆောင်နေသော ပြည်တွင်း ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ် ငန်းကို နှောင့်နှေးကြန့်ကြာစေနိုင် ပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုမှ တစ်ဆင့် ရရှိထားသော ယုံကြည် မှုကို ထိခိုက်စေနိုင်ကြောင်း KNPP အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်လေးဖွဲ့ဖြင့် စုပေါင်းဖွဲ့စည်းထားသည့် UNFC က ကြေ ညာချက်ထုတ်ပြန်ထားသည်။ 

ကရင်နီအရပ်ဘက် အဖွဲ့အစည်း ၂၅ ဖွဲ့ ပူးပေါင်း၍ ဒီဇင်ဘာ ၂၃ ရက်က ကြေညာချက်ထုတ်ပြန်ရာ၌ ယင်းဖြစ်ရပ်အပေါ် ပြည်နယ်အတွင်း နှစ်ဦးနှစ်ဖက်သဘောတူထားသော အပစ်ရပ်စာချုပ်ပါ အချက်များနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များ ဖော်ဆောင်နေမှုထိခိုက်မည်ကို ပြည်သူလူထုနှင့်အတူ အထူးစိုးရိမ်ပူပန်ကြောင်း  ထည့်သွင်း ဖော်ပြခဲ့သည်။