KIO ဥက္ကဋ္ဌ အနားယူ၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးပိုင်း ခေါင်းဆောင်မှုကို ဗိုလ်ချုပ်ကြီး အင်ဘန်လ တာဝန်ယူ

ဇန်နဝါရီ ၂ ရက်တွင် တာဝန်လွှဲပြောင်းမှုပြုလုပ်မည်ဟု KIO အလုပ်အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် အတည်ပြု
ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဦးဇောင်းဟရား အနားယူပြီး အဖွဲ့အတွင်း တာဝန်အပြောင်းအလဲပြုလုပ်ရာ ယခင်ဒုဥက္ကဋ္ဌ တာဝန်ယူထားသူ ဗိုလ်ချုပ်ကြီး အင်ဘန်လက နိုင်ငံရေးနှင့် အုပ်ချုပ်ရေးပိုင်းခေါင်းဆောင်မှုကို တာဝန်ယူခဲ့ကြောင်း KIO တာဝန်ရှိသူများနှင့်နီးစပ်သူများက ပြောကြားသည်။

နိုင်ငံရေးအဖွဲ့ KIO နှင့် အုပ် ချုပ်ရေးအဖွဲ့ KIC (ကချင်ပြည် လွတ်မြောက်ရေးကောင်စီ) ဥက္ကဋ္ဌတာဝန်များကို ဗိုလ်ချုပ်ကြီး အင် ဘန်လက တာဝန်ယူသော်လည်း  စစ်ဘက်တာဝန်ဖြစ်သည့် ကချင် ပြည်တွင်းလွတ်မြောက်ရေးတပ် မတော် (KIA) ခေါင်းဆောင်မှု အ ပြောင်းအလဲမရှိသေးဘဲ စစ်ဦးစီး ချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ကပင် တာဝန်ယူထားသည်။

‘‘အခုမှ သတင်းတွေရနေ တုန်း မပြည့်စုံသေးဘူး။ ခေါင်း ဆောင်အပြောင်းအလဲတော့ရှိ တယ်။ ဒါပေမဲ့ အထဲက အသေး စိတ် စတိတ်မန့်က ထွက်မလာ သေးဘူး’’ဟု KIO နည်းပညာအ ထောက်အကူပြုအဖွဲ့ (TAT) ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောသည်။

သဘောထားတင်းမာသူဟု လေ့လာသူအချို့က သုံးသပ်ထား သည့် ဗိုလ်ချုပ်ကြီး အင်ဘန်လသည် လက်ရှိအစိုးရလက်ထက် တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဦးဆောင်လုပ်ကိုင်နေသည့် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ၂၀၁၆ ဇူလိုင်က တစ်ကြိမ်၊ ၂၀၁၇မေလတွင် တစ်ကြိမ် နှစ်ကြိမ်တွေ့ဆုံထားသည်။

မကြာမီက ဒေါ်အောင်ဆန်း စုကြည်က ဗိုလ်ချုပ်ကြီး အင်ဘန် လအပါအဝင် KIO ခေါင်းဆောင် များထံ နှစ်သစ်ကူးသဝဏ်လွှာ ပေးပို့ပြီး နှစ်သစ်တွင် ပျော်ရွှင် ချမ်းမြေ့ပါစေကြောင်း ဆုတောင်းပေးခဲ့သည်။

ဗိုလ်ချုပ်ကြီး အင်ဘန်လ သည် ‘ဝ’လက်နက်ကိုင်အဖွဲ့ (UWSA) ဥက္ကဋ္ဌ ဦးပေါက်ယူချမ်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ ၏ ပြည်ထောင်စု နိုင်ငံရေးဆွေး နွေးညှိနှိုင်းရေးကော်မတီ (FPN-CC) ပူးတွဲဥက္ကဋ္ဌလည်းဖြစ်သည်။

KIO ဗဟိုကော်မတီအစည်း အဝေးကို ဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပ၍ ခေါင်းဆောင်ရွေးချယ် နေခြင်းဖြစ်သည်။ KIO ဗဟိုကော်မတီဝင် ၃၀ ဦးခန့်ရှိပြီး ဗဟိုအမြဲ တမ်းကော်မတီဝင်ကိုးဦးရှိသည်။

‘‘ကျွန်တော်တို့ ကြားရတာ က ဇန်နဝါရီ ၂ ရက် နှစ်ဆန်းမှာ ပိုပြီးတော့ ခိုင်မာအောင်၊ သေချာ အောင် လက်လွှဲပြောင်းအပ်တဲ့ ဟာတွေ၊ တာဝန်ပြောင်းအပ်တဲ့ ဟာတွေ လုပ်မယ်လို့တော့ ကြား တယ်’’ဟု ဦးဒေါင်ခါးက ဆက် လက်ပြောသည်။

 နိုင်ငံရေးပိုင်းဆိုင်ရာအ တွက် ဖွဲ့စည်းထားသည့် KIO အောက်တွင် အုပ်ချုပ်ရေးပိုင်းအ တွက် KIC ဟူ၍လည်းကောင်း၊ စစ်ရေးပိုင်းအတွက် KIA ဟူ၍ လည်းကောင်း ဖွဲ့စည်းထား သည်။

ခေါင်းဆောင်မှု အပြောင်း အလဲအရ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်သည် KIO ဒုဥက္ကဋ္ဌ (၁) ဖြစ်လာပြီး KIO ငြိမ်း ချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်း ဆောင် ဦးဆွမ်လွတ်ဂမ်သည် ဒုဥက္ကဋ္ဌ (၂) ဖြစ်လာသည်။

‘‘KIO ရဲ့ ပေါ်လစီက ညှိနှိုင်း ဆွေးနွေးခြင်းအားဖြင့် နိုင်ငံရေး အဖြေရှာမယ်ဆိုတဲ့ ပေါ်လစီပေါ့။ ဒီအပေါ်မှာ ရပ်တည်ပါတယ်။ စစ်တိုက်တာ တိုက်တာတစ်ကြောင်း ပေါ့ဗျာ။ စစ်တိုက်ပြီးတော့ နိုင်ငံ ရေးအဖြေမထွက်နိုင်ဘူး။ စစ် တိုက်ပြီးတော့ နိုင်ငံရေး အဆုံးအ ဖြတ်မပေးနိုင်ဘူးဆိုတဲ့ဟာက KIO ဘက်က လက်ခံယုံကြည် ထားတဲ့ သဘောထားဖြစ်တယ်။ ဒါကြောင့်မို့ ညှိနှိုင်းဆွေးနွေးရေး ဘက်ကနေပြီးတော့ နိုင်ငံရေးအ ဖြေရှာမယ်ဆိုတဲ့ လမ်းကြောင်းမှာ KIO က အဓိကစဉ်းစားတယ်။ အဲ ဒီလမ်းကြောင်းကို ရောက်လာ မယ့် လူပုဂ္ဂိုလ်တွေကို ဇောင်းပေး ပြီးတော့ ခန့်အပ်တဲ့ အနေအထား ဖြစ်ပါတယ်’’ဟု ဦးဒေါင်ခါးက ပြောသည်။

အုပ်ချုပ်ရေးပိုင်းဖြစ်သည့် KIC ဒုဥက္ကဋ္ဌ (၁) မှာ ယခင် KIC ဒုဥက္ကဋ္ဌ (၂)အဖြစ် တာဝန်ယူထား သူ ဗိုလ်ချုပ်ဂွန်မော်အား ရွေးချယ် ခဲ့သည်။ ၎င်းသည် ယခင်က KIA ဒုစစ်ဦးစီးချုပ် တာဝန်ယူခဲ့သူဖြစ် ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ် စဲရေးစာချုပ် (NCA) ရရှိရေးအပါ အဝင် အစိုးရနှင့် ဆွေးနွေးမှုများ တွင် KIO ကိုယ်စားလှယ်အဖြစ် ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။

KIC ဒုဥက္ကဋ္ဌ (၂) တာဝန်ကို ဗိုလ်မှူးချုပ် ဇုန်းဘုတ်ထန်းက တာဝန်ယူခဲ့သည်။ ဗိုလ်မှူးချုပ် ဇုန်းဘုတ်ထန်းသည် ဗဟိုကော်မ တီဝင်တစ်ဦးဖြစ်ပြီး KIO စီးပွား ရေးဌာန တာဝန်ခံအဖြစ်လည်း လုပ်ဆောင်ခဲ့ဖူးကြောင်း KIO ဌာန ချုပ် လိုင်ဇာရှိ တာဝန်ရှိသူတစ်ဦး က ပြောသည်။ ထို့အပြင် ဗိုလ်မှူး ချုပ် ဇုန်းဘုတ်ထန်းသည် KIA ဒုစစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ ဖူးကြောင်း ၎င်းက ဆိုသည်။

လက်ရှိ KIA ဒုစစ်ဦးစီးချုပ် နှစ်ဦးသည် ဗိုလ်မှူးချုပ် ခေါန်လွန်းနှင့် ဗိုလ်မှူးချုပ် အောင်ဆိုင်းလာ တို့ဖြစ်သည်။

‘‘ခေါင်းဆောင်အပြောင်းအ လဲက ကြီးကြီးမားမား မဟုတ်ပါ ဘူး။ လောလောဆယ် ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဦးဇောင်းဟရား က အသက်ကြီးလို့ အနားယူတာ ပါ။ ဥက္ကဋ္ဌဇောင်းဟရား အသက် ကြီးလို့နားပြီး ကျန်တဲ့လူအစဉ်အ တိုင်း တက်တာပါပဲ။ အာဏာပါ ဝါ အပြောင်းအလဲပုံစံမျိုးတော့ မတွေ့ရပါဘူး’’ဟု တိုင်းရင်းသား အရေး လေ့လာသူ ဦးမောင်မောင် စိုးက သုံးသပ်သည်။ ဦးဇောင်း ဟရားသည် အသက် (၈၀)ခန့်ရှိ ပြီဟုလည်း ၎င်းက ခန့်မှန်းသည်။

အစိုးရ ငြိမ်းချမ်းရေးကော် မရှင် အတွင်းရေးမှူး ဒုတိယဗိုလ် ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)က KIO ခေါင်းဆောင်အပြောင်းအလဲဖြစ် သည်ဆိုသည့် သတင်းကြားသော် လည်း တရားဝင် အတည်ပြုခြင်း မျိုး မကြားသေးဟု ပြောသည်။

အစိုးရနှင့် KIO အကြား ငြိမ်းချမ်းရေးဆွေးနွေးမှု အခြေအနေ သည် KIO အဖွဲ့အစည်း၏ မူဝါဒ ပေါ် မူတည်ပြီး အပြုသဘော ဆောင်ခြင်း၊ အနုတ်လက္ခဏာ ဆောင်ခြင်းတို့ ဖြစ်လာမည်ဟု ၎င်းက ဆိုသည်။

အစိုးရနှင့် KIO တို့သည် ၁၉၉၄ တွင် အပစ်ရပ်စဲရေးဆောင် ရွက်ပြီး ၁၇ နှစ်အကြာ ၂၀၁၁ ဇွန်လတွင် တိုက်ပွဲများ တစ်ကျော့ ပြန် ဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက် သေဆုံးမှု အများအပြားရှိသည့် အပြင် ဒေသခံပြည်သူများ အ သက်ဆုံးရှုံးဒဏ်ရာရခြင်းများရှိ သည်။ ထို့အပြင် တိုက်ပွဲများ ကြောင့် ထွက်ပြေးတိမ်းရှောင်နေ ရသည့် ကချင်ဒေသခံ တစ်သိန်း ကျော်သည် ခြောက်နှစ်ကျော် သည်အထိ နေရပ်မပြန်နိုင်သေး ဘဲ စစ်ဘေးဒုက္ခသည်စခန်းများ တွင် စားဝတ်နေရေးခက်ခဲစွာ နေထိုင်နေရသည်။