NCA တွင် လက်မှတ်မထိုးနိုင်သည့်အကြောင်းရင်းကို နာဂကောင်စီက ငြိမ်းချမ်းရေးကော်မရှင်သို့ ရှင်းပြခဲ့ဟုဆို

NCA တွင်ပါဝင်ရန် ငြိမ်း ချမ်းရေးကော်မရှင် တိုက်တွန်းမှုအပေါ် နိုင်ငံရေးအခြေအနေ အမျိုးမျိုးကြောင့် ပါဝင်လက်မှတ်ရေးထိုးရန် မဖြစ်နိုင်သည့်အကြောင်း ပြန်လည်ရှင်းပြခဲ့သည်ဟု နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝမ်းစိန်က ပြော သည်။


အစိုးရငြိမ်းချမ်းရေးကော်မ ရှင်နှင့် နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ (NSCN-K ) ကိုယ်စား

လှယ်အဖွဲ့သည် အစိုးရသစ်လက် ထက် ဒုတိယအကြိမ်အဖြစ် ဒီဇင် ဘာ ၂၈ ရက်က ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

‘‘ကျွန်တော်တို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကော်မရှင် လူကြီး တွေအားလုံးကနေမှ NCA  လက်မှတ်ထိုးဖို့ တိုက်တွန်းတာလည်း ရှိပါတယ်။ ဒါပေမဲ့လို့ ကျွန်တော် တို့ရှင်းပြတာကတော့ နိုင်ငံရေး အခြေအနေအမျိုးမျိုးကြောင့် မဖြစ်နိုင်တဲ့ အကြောင်းရင်းလေး တွေရှိတဲ့အခါကျတော့ အကျိုးအ ကြောင်းလေးတွေ မထိုးနိုင်သေး တဲ့အကြောင်းကတော့ အခုထိ တိုင်အောင်ပေါ့နော်’’ဟု ဦးကျော် ၀မ်းစိန်က ပြောသည်။

NSCN-K သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူ ညီချက်ကို ၂၀၁၂ ဧပြီကလက် မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ဖြစ် သည်။ သို့သော် NCA တွင်မူ လက်မှတ်ရေးထိုးခြင်း မရှိပေ။ လက်ရှိအစိုးရလက်ထက်တွင် အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် NSCN-K ကိုယ်စားလှယ်အဖွဲ့ တို့သည် ၂၀၁၆ ဇူလိုင် ၂ ရက်က ရန်ကုန်မြို့၌ ပထမဆုံးတွေ့ဆုံ ခဲ့သည်။

‘‘ကျွန်တော်တို့ဆီမှာက နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ ရှိ တယ်။ သူတို့တပ်ဖွဲ့တွေလည်းရှိ တော့ ဘယ်လိုပဲဖြစ်ဖြစ်  NCA  အရ ကျွန်တော်တို့ နိုင်ငံငြိမ်းချမ်းရေး

မှာ ပါဝင်ဖို့ ကျွန်တော်တို့ဖိတ်ခေါ် တယ်။ ဒီငြိမ်းချမ်းရေးညီလာခံ တက်ဖို့လည်း ကျွန်တော်တို့ဖိတ် ခေါ်ထားတယ်’’ဟု ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုး က ပြောသည်။

NSCN-K အနေဖြင့် ယခင် အစိုးရလက်ထက်က ပြုလုပ်ခဲ့ သော ပထမအကြိမ်ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့ လေ့လာ သူအဖြစ် တက်ရောက်ခဲ့သော် လည်း လက်ရှိအစိုးရလက်ထက် တွင် ကျင်းပသည့် ငြိမ်းချမ်းရေး ညီလာခံ နှစ်ကြိမ်စလုံး မတက် ရောက်ခဲ့ပေ။

အပစ်အခတ်ရပ်စဲရေး မ ဟုတ်ဘဲ နိုင်ငံရေးပိုင်းဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေး သည့် ပင်လုံညီလာခံအစည်းအ ဝေးများသို့ တက်ရောက်ရန် နာဂအဖွဲ့အနေဖြင့် အစီအစဉ်မရှိ သော်လည်း NCA  နှင့် သက်ဆိုင် သည့် အစည်းအဝေးများကိုမူ လေ့လာသူအနေဖြင့် ဖိတ်ကြားပါက တက်ရောက်ရန် အဆင်သင့်ရှိ ကြောင်း ဦးကျော်ဝမ်းစိန်ကပြော ကြားသည်။

နာဂလက်နက်ကိုင်အဖွဲ့ NSCN-K ၏ နိုင်ငံရေးသည် မြန်မာနိုင်ငံသာမက အိမ်နီးချင်း အိန္ဒိယနိုင်ငံနှင့်လည်း ဆက်စပ် နေသည်။ မြန်မာအစိုးရနှင့် တိုက် ပွဲဖြစ်ပွားခြင်းမရှိသော်လည်း NSCN-K နှင့် အိန္ဒိယတပ်များအ ကြား မကြာခဏ ထိတွေ့မှုများ ရှိ ကြောင်း နာဂအဖွဲ့ကဆိုသည်။ 

More in Politics Section