ပြဿနာအားလုံးကို တစ်ပြိုင်တည်းမဖြေရှင်းနိုင်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ်ပြော

မီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားနေသော ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း (ဓာတ်ပုံ − နိုင်လင်း)

ဒီမိုကရေစီနည်းကျ ရွေး ချယ်ခံထားရသည့် အစိုးရတစ်ရပ် အနေဖြင့် ပြည်သူနှင့်လက်တွဲ ဆောင်ရွက်မည်ဖြစ်သော်လည်း ပြဿနာအားလုံးကို တစ်ပြိုင် တည်း ဖြေရှင်းနိုင်မည်မဟုတ်ဟု ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောသည်။


‘‘ပြဿနာတွေက အင်မတန် မြောက်မြားနေတဲ့ကာလမှာ အ ကုန်လုံးကြီးတစ်ပြိုင်တည်းဖြေ ရှင်းဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး ပေါ့။ ဖြည်းဖြည်းချင်းပဲ အစ ကောက်ပြီး ဖြေရှင်းနေပါတယ်’’ ဟု ဗဟန်းမြို့နယ်ရှိ ဒီချုပ်ပါတီရုံး ချုပ်၌ပြုလုပ်သည့် ပါတီဗဟို ကော်မတီအစည်းအဝေးတက် ရောက်စဉ် ၎င်းကသတင်းထောက် များအား ပြောသည်။

ဝန်ကြီးချုပ် ဦးဝင်းသိန်း သည် ပဲခူးတိုင်းဒေသကြီးဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း ဒေသခံအချို့က ဝေ ဖန်ထားပြီး ရာထူးမှ နုတ်ထွက်ပေး ရန်ဆန္ဒပြတောင်းဆိုမှုအချို့နှင့် ရင်ဆိုင်ခဲ့ရသည်။

သို့သော်ဝန်ကြီးချုပ်ဦးဝင်း သိန်းကမူ ပြည်သူနှင့်ပွင့်လင်းမြင် သာစွာလက်တွဲဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောသည်။ ‘‘ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး တော့ လုပ်တာအကောင်းဆုံးပါ ပဲ။ ဖေ့စ်ဘွတ်ခ်တွေကနေ ဟို ရေးဒီရေးရေးတာာကျတော့ ကျွန် တော်တို့လည်းပဲ အကုန်လုံးမသိ ဘူးလေ’’ ဟု ၎င်းကဆိုသည်။

လက်ရှိပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သက်တမ်း ၂ နှစ်အ တွင်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင်မှုမရှိခြင်း၊ မြေယာ ပြဿနာများဖြေရှင်းနိုင်မှုမရှိခြင်း အပါအ၀င် တိုင်းဒေသကြီးဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ထိ ရောက်စွာဆောင်ရွက်နိုင်မှုမရှိ ခြင်းစသည့်အားနည်းချက်များရှိ နေကြောင်း ပဲခူးမြို့ဒေသခံနိုင်ငံ ရေးတက်ကြွလှုပ်ရှားသူဦးလင်း နိုင်က ပြောသည်။

ဦးလင်းနိုင်သည် အောက် တိုဘာလဆန်းက ပြုလုပ်ခဲ့သည့် ၀န်ကြီးချုပ်ဦးဝင်းသိန်းနုတ်ထွက် ပေးရန် ဆန္ဒပြမှုကို ဦးဆောင်ခဲ့သူ ဖြစ်သည်။ ထိုသို့ဆန္ဒပြသူများကို ၀န်ကြီးချုပ်၏ ညွှန်ကြားချက်အရ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တောဝန်ကြီးဦးကျော်မင်းစံ က ခေါ်ယူတွေ့ဆုံ၍ အစိုးရအဖွဲ့ ၏ဆောင်ရွက်ချက်များကို ရှင်း လင်းခဲ့သေးသည်။

ပဲခူးတိုင်းဒေသကြီးသည် သစ်တောနှင့်လယ်ယာမြေအရင်း အမြစ်များရှိပြီး မွန်၊ ကရင်ပြည် နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး တို့အပြင် ထိုင်းနိုင်ငံမှ ကုန်စည် များဖြတ်သန်းသည့်ဒေသဖြစ်သ ဖြင့် ဖွံ့ဖြိုးတိုးတက်နိုင်မည့်အလား အလာရှိကြောင်း ၀န်ကြီးချုပ် ဦးဝင်းသိန်းက ပြောသည်။

သို့သော် ငွေကြေး၊ နည်းပညာ၊ ပညာရှင်များ၏ ပူးပေါင်း ပါဝင်မှုနှင့် လူထု၏ပူးပေါင်း ဆောင်ရွက်မှုတို့ရှိမှသာ ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများအောင်မြင် မည်ဟု ၎င်းကပြောသည်။ ‘‘လူထု က အများကြီးနားလည်မှုရှိပြီး တော့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်လာတယ်လို့ မြင်ပါတယ်’’ ဟု ၀န်ကြီးချုပ်ဦးဝင်းသိန်းကဆို သည်။

More in Politics Section