ဖြိုးကိုကိုတင့်ဆန်းကို ယနေ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမည်

အောက်တိုဘာ ၁၅ရက် ညက နေပြည်တော်လေဆိပ်တွင် သေနတ်များတွေ့ရှိပြီးနောက် ဖြိုးကိုကိုတင့်ဆန်းကို ထိန်းသိမ်းထားစဉ်

ဖြိုးကိုကိုတင့်ဆန်း ကို ယနေ့ (ဇန်နဝါရီ ၃ ရက်)တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ် ဆေးမည်ဖြစ်ကြောင်း နေပြည် တော် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က ပြောသည်။

‘‘မနက်ဖြန် (ဇန်နဝါရီ ၃ ရက်) ရုံးချိန်းရှိတယ်။ ပထမဆုံး ရုံးချိန်းပဲ’’ဟု ၎င်းကပြောသည်။

ဒက္ခိဏသီရိခရိုင် တရားရုံး တွင် ဖြိုးကိုကိုတင့်ဆန်းကို ရုံး ထုတ်စစ်ဆေးမည်ဖြစ်ကြောင်း အထက်ပါရဲအရာရှိက ပြော သည်။

ဒီဇင်ဘာ ၂၁ ရက်က ဒက္ခိ ဏသီရိ ခရိုင်တရားရုံးတွင် ဖြိုးကို ကိုတင့်ဆန်းကိုတရားစွဲဆိုပြီးနောက် နေပြည်တော်အချုပ်ထောင်သို့ ပို့ဆောင်ထားကြောင်း ၎င်းက ပြောသည်။

ယင်းအမှုကို ရဲတပ်ဖွဲ့ လုပ် ထုံးလုပ်နည်းနှင့်အညီ တရားစွဲ တင်ခြင်းဖြစ်ပြီး ဖြိုးကိုကိုတင့် ဆန်းကို အပြစ်ရှိသည့်အတိုင်း တရားရုံးက အရေးယူမည်ဖြစ် ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့် က ပြောကြားသည်။

၂၀၁၇ အောက်တိုဘာ ၅ ရက်က နေပြည်တော်လေဆိပ်၌ ဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းပါ နှစ်ဦးတို့၏ ခရီးဆောင်အိတ် အတွင်း လက်နက်များ၊ ကျည် တောင့်များ၊ စိတ်ကြွဆေးပြားနှင့် မူးယစ်ဆေးဝါးများကို ဖမ်းဆီး ရမိခဲ့ပြီးနောက် ၎င်းပိုင်ဆိုင်သည့် ရန်ကုန်ရှိ ဟိုတယ်၊ နေအိမ်များ တွင် ဆက်လက်ရှာဖွေခဲ့ရာ လက် နက်များနှင့် မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြိုးကိုကိုတင့်ဆန်းအမှုနှင့် ပတ်သက်၍ ကွင်းဆက်တရားခံ ၁၅ ဦးနှင့် လက်နက် ၂၄ လက် ဖမ်းဆီးရမိထားပြီး အမှု ၁၇ ခုဖြင့် အမှုဖွင့်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားထားသည်။

More in Crime Section