သရုပ်ဆောင်အောင်ရဲထွေးကို အုပ်စုဖွဲ့ရိုက်နှက်သူများအား လူသတ်မှုဖြင့် အမှုဖွင့်

ငါးဦးဖမ်းမိထားဟုဆို

 ဖေ့စ်ဘွတ်တွင် ဟာသ ဗီဒီယိုဖိုင်များတင်၍ လူသိများ လာသည့် သရုပ်ဆောင် အောင်ရဲ ထွေးကို အုပ်စုဖွဲ့ရိုက်နှက်သူများအား လူသတ်မှုဖြင့် အမှုဖွင့်ထားကြောင်း အစ်ကိုဖြစ်သူကိုသန့်ဇင်ဦးက ပြောသည်။

အောင်ရဲထွေးသည် ဇန်န၀ါရီ ၁ ရက် နံနက်အစောပိုင်းတွင် သုဝဏ္ဏရှိ The One Entertain-ment Park အတွင်း ပြုလုပ်သောThe Space ပါတီပွဲတွင် အုပ်စုဖွဲ့ရိုက်နှက်ခံရသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကာ ဇန်န၀ါရီ ၂ ရက် နေ့လယ်ပိုင်းတွင် ကွယ်လွန်ခဲ့ပြီး ဇန်န၀ါရီ ၃ ရက်တွင် ဈာပနပြုလုပ်မည် ဖြစ်ကြောင်း ကိုသန့်ဇင်ဦးက ပြောသည်။

‘‘အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တော့ စာနယ်ဇင်းရှင်းလင်းပွဲလုပ် ပါမယ်’’ဟု ကိုသန့်ဇင်ဦးက ပြော သည်။

ပြစ်မှုကျူးလွန်သူများကို လူ နာကျင်စေမှုပုဒ်မဖြင့် အမှုဖွင့်ထား ရာမှ အောင်ရဲထွေးသေဆုံးခဲ့သဖြင့် လူသတ်မှုဖြင့် ပြောင်းလဲအမှုဖွင့်ခဲ့ပြီး တရားခံများ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သုဝဏ္ဏနယ်မြေရဲစခန်း တာဝန်ကျရဲအရာရှိက ဇန်န၀ါရီ ၂ ရက်ညနေတွင် ပြောသည်။

သို့ရာတွင် အမှုမှ ပြစ်မှုကျူး လွန်ခဲ့သူ ငါးဦးကို ဖမ်းမိထား ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ဇန်န၀ါရီ ၂ရက် ညပိုင်းက ပြောသည်။

သေဆုံးသူ အောင်ရဲထွေးသည် လူမှုကွန်ရက်တွင် Follower ၁၃ သိန်းကျော်ရှိပြီး ဟာသဗီဒီယိုအတိုများတင်ရာမှ ပရိသတ်အားပေးမှု အခိုင်အမာရရှိလာသည့် ဖေ့စ်ဘွတ်ဆယ်လီတစ်ဦး ဖြစ်သည်။ ၎င်းသည် ယခုနောက်ပိုင်းတွင် သရုပ်ဆောင်လိုင်းဘက် ကူးပြောင်းလုပ်ကိုင်လာသူ ဖြစ် သည်။

Top News