ရွှေတိဂုံစေတီတော်ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာပွဲတွင် လိုအပ်ချက်နှင့် လစ်ဟာမှုကြောင့် အခက်အခဲဖြစ်သူများကို ရန်ကုန်ဝန်ကြီးချုပ်တောင်းပန်

ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲသို့ ကြွရောက်လာသော သံဃာတော်များ (ဓာတ်ပုံ−စိုင်းဇော်)

ဇန်နဝါရီ ၁ ရက်က ကျင်းပသည့် ရွှေတိဂုံစေတီတော် ဗုဒ္ဓါ ဘိသေက အနေကဇာတင်အခမ်း အနားတွင် လိုအပ်ချက်နှင့်လစ် ဟာမှုများရှိခဲ့ပါက တောင်းပန် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

သံဃာတော် အပါး ၁၈,၀၀၀ ပါဝင်ခဲ့သည့် ရွှေတိဂုံစေတီတော် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်း ပနိုင်ခဲ့မှု အထိမ်းအမှတ်အောင်ပွဲ အခမ်းအနားတွင် ထိုသို့ပြောကြား ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန် သည်။

အနေကဇာတင်အခမ်းအ နားတွင် အားနည်းချက်၊ လိုအပ် ချက်နှင့် လစ်ဟာမှုများရှိခဲ့ပါက ထိုသို့ဖြစ်စေရန် ရည်ရွယ်ဆောင် ရွက်ခဲ့ခြင်းမဟုတ်သည်ကို  နား လည်ပေးရန် တောင်းပန်ကြောင်း  ဇန်နဝါရီ ၂ ရက်က ကျင်းပသည့် အောင်ပွဲအခမ်းအနား၌ ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။

‘‘အဆင်ပြေအောင် ကြိုးပမ်း ဆောင်ရွက်တဲ့ကြားထဲကပဲ လစ် ဟာသွားမှုအဖြစ်နဲ့ ဖြစ်ခဲ့တယ်ဆို တာကိုလည်း ကျွန်တော်တို့က အ ခက်အခဲဖြစ်ခဲ့တဲ့သူတွေအပေါ် မှာ တောင်းပန်ရမှာဖြစ်ပါတယ်’’ ဟု ၎င်းက ဆိုသည်။

အခမ်းအနားတွင် စီမံခန့်ခွဲ မှုအားနည်းချက်များရှိကြောင်း သံဃာတော်နှင့် သီလရှင်အချို့က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက် နှာ၌ ရေးသားဖော်ပြခဲ့သည်။

ရွှေတိဂုံစေတီတော် ဗုဒ္ဓါဘိ သေကအနေကဇာတင်အခမ်းအ နားကို နှစ်စဉ် ကျင်းပလေ့ရှိသော် လည်း ယခုနှစ်တွင် သမိုင်းတစ် လျှောက် ပထမဆုံးအကြိမ်အဖြစ် သံဃာတော်အပါး ၁၈,၀၀၀ ပင့် ဖိတ်၍ ကျင်းပသည်။

ယင်းအခမ်းအနားသည် မြတ်စွာဘုရားပွင့်ပြီးနောက် သံ ဃာအရေအတွက် ဒုတိယအကြိမ် အများဆုံး စုစည်းခြင်းဖြစ်ကြောင်း သီတဂူဆရာတော်က မိန့်ကြား သည်။ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်သည့် အထိမ်းအမှတ် အဖြစ် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်တွင် ကမ္ပည်းကျောက်စာ တိုက် စိုက်ထူရန် စီစဉ်နေကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။