၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပေးရေး ဆန္ဒထုတ်ဖော်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းပေးရန် ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ−စိုင်းဇော်)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဖျက်သိမ်းပေးရန် နိုင်ငံ ရေးတက်ကြွလှုပ်ရှားသူအချို့က ဇန်နဝါရီ ၂ ရက်တွင် တောင်ဒဂုံ မြို့နယ်၌ တရားဝင်စီတန်းလှည့် လည်ဆန္ဒထုတ်ဖော်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ဒီမိုကရေစီ နိုင်ငံတစ် နိုင်ငံဖြစ်လာစေရေး အဓိကအ ထားအဆီးဖြစ်နေကြောင်း ဆန္ဒ ထုတ်ဖော်ရာတွင် ပါဝင်သူများက ပြောသည်။ ထို့ကြောင့် တရား မျှတ၍ ဒီမိုကရေစီနည်းကျ အခွင့် အရေးတန်းတူရှိသော အခြေခံ ဥပဒေတစ်ရပ် ရေးဆွဲပေးရန်လို ကြောင်း ၎င်းတို့က ဆိုသည်။

‘‘ပြင်လို့မရနိုင်အောင် ပြဋ္ဌာန်းထားတဲ့ ဒီဖွဲ့စည်းပုံအခြေ ခံဥပဒေကို ထပ်ပြီးတော့ ပြင်ဖို့ ကြိုးစားမနေပါနဲ့တော့။ ကျွန် တော်တို့ ပြည်သူတွေလိုချင်တဲ့ နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင် ခွင့်တွေအပြည့်အဝရရှိနိုင်တဲ့ အ ခြေခံဥပဒေအသစ်ကို အမြန်ဆုံး ဖော်ဆောင်ပေးပါ’’ဟု ဆန္ဒထုတ် ဖော်မှုကို ဦးဆောင်သူ ကိုနောင် နောင်က ပြောသည်။

ကိုနောင်နောင်သည် ၂၀၁၇ ဖေဖော်ဝါရီကလည်း ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဖျက်သိမ်း ရန် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်မှုကို တောင်ဒဂုံမြို့နယ်၌ ပြုလုပ် ခဲ့သည်။ ယခုတစ်ကြိမ် ဆန္ဒထုတ် ဖော်ရာတွင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ၂၀ ဦးခန့် ပါဝင်ခဲ့ သည်။

ဆန္ဒထုတ်ဖော်သူများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပေးရေး၊ ဖက်ဒရယ်ဒီမို ကရက်တစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ် ရေးဆွဲပေးရေး စသည့်  ကြွေးကြော်သံများဖြင့် တောင်ဒဂုံမြို့နယ် ၅၆ လမ်းဆုံမှ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ရုံးအနီးထိ စီတန်းလှည့်လည်ခဲ့ သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီအနေဖြင့် ၎င်းတို့၏ ရွေး ကောက်ပွဲ ကတိကဝတ်တစ်ခုဖြစ် သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆောင်ရွက်ရန် ပျက်ကွက်နေကြောင်း ဆန္ဒထုတ် ဖော်ရာတွင် ပါဝင်သူ ကိုမြတ် ကျော်က ပြောသည်။

‘‘ဖွဲ့စည်းပုံဖျက်သိမ်းရေးဆို တာဟာ တစ်တိုင်းပြည်လုံးဖျက်၊ အကုန်လုံး မင်းမဲ့စရိုက်ဖြစ်ဆိုတာ မျိုး ပြောနေတာမဟုတ်ဘူး။ တကယ်လုပ်ချင်ရင် လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါ တယ်။ မလုပ်ချင်ရင်တော့ ဆင် ခြေတွေ အများကြီးရှိနေမှာပဲ’’ဟု ကိုမြတ်ကျော်က ဆိုသည်။