ပြက္ခဒိန်ဆိုတာ ဒိုင်ယာရီပဲ

နေ့ရက် နှစ်လေးတွေ××× ပြောင်းပေမယ့်××× တို့ရဲ့အရပ်မှာ××× ဒီအကျင့်ဟောင်းကို××× ဘယ်လိုမှမပြောင်းနိုင်×××သိလား××× ဆောင်ပုဒ်တွေထဲမှာ××× ပြောင်းပေမယ့်×××လက်တွေ့ဘဝမှာ××× ဒီအကျင့်မျိုးကို××× ဘယ်လိုမှ မပြောင်း နိုင်××× သိလား××× စိတ်ဓာတ်နဲ့ အပြုအမူ××× တကယ်ကိုသာ ××× အားလုံးပြောင်းလဲရင်××× နိုင်ငံသစ်ဆု××× ပိုင်ဆိုင်ကြရမယ်××× သိလား×××

အင်း... တကယ်တော့ ပြက္ခ ဒိန်ဆိုတာ ကာလဆိုတဲ့ ယန္တရား စက်ရုံကြီးက ခိုင်းစေထားတဲ့၊ အ ချိန်တာလီမှတ်ဖို့ တာဝန်ပေးထား တဲ့ အောက်တန်းစာရေးလေးတစ် ယောက်မျှသာ။ သူ့မှာ ဘာလုပ် ကိုင်ခွင့်မျှမရှိ။ နေ့တွေ၊ ရက်တွေ၊ လတွေကိုသာ တကုပ်ကုပ်နဲ့ ရေ တွက်နေရုံ။ ကမ္ဘာမြေကို ဂုဏ်ပြု ချင်လို့ဆိုပြီး ဒီတစ်နှစ်မှာ ရက် တစ်ထောင်လည်း သတ်မှတ်ခွင့် မရှိ။ အမှန်တကယ်က အဲဒီပြက္ခ ဒိန်ဆိုတဲ့ကာလအတွင်းမှာ ရုန်း ကန်လှုပ်ရှားခွင့်ရနေတဲ့ သက်ရှိ တွေကသာ ပန်းတစ်ခင်းကိုလည်း ပွင့်စေနိုင်တယ်။ အဆိပ်ပုလင်းကို လည်း ပွင့်စေနိုင်တယ်။ အဲဒီပြက္ခ ဒိန်အတွင်းမှာ လူအသစ်တွေကို လည်း မွေးဖွားပေးနိုင်သလို လူ တချို့ကိုလည်း တုံးလုံးလှဲသိပ်အ နိုင်ယူနိုင်ခဲ့ကြစမြဲပါ။

ပညာရှင်တစ်ဦးကတော့ ကလိတိတိ ရိတိတိ ပြောခဲ့ဖူးပါ တယ်။ အီဗော်လူးရှင်းသီအိုရီအရ မျောက်ကနေ လူတွေ ဆင်းသက် လာတယ်ဆိုခဲ့ရင်၊ နောက်တစ်မျိုး ထပ်ပြီးစဉ်းစားကြည့်လိုက်ရင် လူ ကနေပြီး မျောက်တွေ ဆင်းသက် လာတာမျိုးလည်း ဖြစ်နိုင်တာတဲ့။ အင်း... အူရန်ဂူတန်မျောက်ဝံတွေ ကပဲ လူဖြစ်ဖြစ်၊ ဗြဟ္မာကြီးလေး ပါးကပဲ လူဖြစ်ဖြစ်၊ အာဒံဧဝကပဲ စတင်လူဖြစ်ဖြစ် လူသားလောက ကမ္ဘာကြီးမှာ လူတန်းစေ့နေနိုင် ဖို့သာ အဓိကမဟုတ်လား။ မျောက်တွေကတော့ မျောက်ပီပီ အငြိမ်မနေခြင်းနဲ့ မျောက်ဘဝ သရုပ်ကို ပီပြင်စွာ ဖော်ဆောင်နိုင် ခဲ့ကြပေရဲ့။ အခုလို လူနဲ့မျောက် ဆက်စပ်ပုံလေးတွေးမိတော့ လွန် ခဲ့တဲ့ အနှစ် ၂၀ လောက်က ကဗျာ ဆရာကြီး (ဦး) အံ့မောင်ရေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ် သတိရမိ သေး။

ဒါလီက နာရီတွေကို

အရည်ဖျော်ပြီး

ဒါဝင်က လူတွေကို မျောက်လုပ် တော့...

လူတွေက နာရီတစ်လုံးနဲ့

မျောက်ရှုံးအောင်ဆော့... တဲ့။

ဒါလီရဲ့ နာရီများဆိုတဲ့ ပန်းချီကားချပ်မှာ ကာလခံတွင်းအောက် အရည်ပျော်နေတဲ့ နာရီတွေ၊ ဒါ ဝင်ရဲ့ လူနဲ့မျောက် ဆွေမျိုးမကင်း သီအိုရီတွေကြောင့် ထင်ပါရဲ့။ ကျွန်တော်တို့ လူသားတွေ တန်ဖိုး ကြီးတဲ့အချိန်တွေထဲမှာ ပေါ့ပေါ့ ပါးပါး ဆော့နေကြတယ်။ ပြက္ခ ဒိန် တွေထဲမှာ ဆော့နေကြတယ်။ ပြက္ခဒိန်ပေါင်းများစွာမှာ ဆော့ခဲ့ ကြတယ်။ အခုအချိန်ထိ Vision ဆိုတဲ့ ရည်ရွယ်ချက်တွေ၊ မျှော် လင့်ချက်တွေ၊ ဆောင်ပုဒ်တွေနဲ့၊ ပွဲတော်တွေနဲ့ မနားမနေဆော့နေ ကြတုန်းပဲ။ ဝါယမစိုက်ထုတ်ဖော် ဆောင်မှု Action ကတော့ မစို့ မပို့လေးနဲ့ပေါ့။ လက်တွေ့ တစ် အောင်စဟာ စိတ်ကူးအိပ်မက် တစ်ပေါင်ထက်ပိုပြီး သိပ်သည်းဆများပါရဲ့။ အခုတော့ နှစ်ကုန်မိုး ချုပ် စာရင်းလုပ်ရမယ့် အချိန်သို့ ရောက်ရှိလို့လာပါပြီ။

မျှော်လင့်ခြင်းအသစ်တွေနဲ့ ၂၀၁၇ ပြက္ခဒိန်ဟာ ဆော့ကစား ရင်းနဲ့ အချိန်ကုန်ခဲ့သလား၊ စီမံ ကိန်းများနဲ့ နေညိုခဲ့သလား။ ပြက္ခ ဒိန်ထဲက ဒိုင်ယာရီဟာ ထင်ထင် ရှားရှား မီးထိုးပြပေါ့။ မျှော်လင့် ချက်တွေ ကြီးမားလွန်းရင် ပင် လယ်ပြင်တောင်ကျဉ်းသွားတတ် တယ်ဆိုသလိုမျိုး ဖြစ်နိုင်တာ ထက် ပိုတွက်မိတာလည်း ပါချင် ပါမှာပေါ့။ ဘာပဲဖြစ်ဖြစ် ပလုံမြည်သံပင် မကြားလိုက်ရဘဲ နှစ်လ ရက်ရှည်မြုပ်နေလေတဲ့ ပြည်သူ့ ဘဏ္ဍာတွေ ပြန်ပေါ်လာတာ လည်း ကျောက်ခဲရေညှစ်အစိုးရ သစ်လက်ထက်မှာ အားရစရာရှိ လှပါရဲ့။ နိုင်ငံပိုင်ပြည်သူ့ဘဏ္ဍာ တွေ အလေအလွင့်အနည်းဆုံး ဖြစ်အောင် စိစစ်နိုင်ခဲ့တာတွေရှိ သလို ပြည်သူ့ဘဏ္ဍာတော့ မခိုး၊ ခိုးမယ့်ခိုးတော့ သူများမယားပဲ ခိုးတယ်ဆိုတဲ့ လူမှုကွန်ရက်ထဲက ဝေဖန်သံတွေနဲ့ ပတ်သက်ပြီး မကွေးတိုင်းဝန်ကြီးချုပ်ရဲ့ ပြော စကားဟာလည်း ခြေမမကောင်း ခြေမ၊ လက်မမကောင်း လက်မ ကြားရနားဝ အားပါးတရရှိလှပါ ရဲ့။

ဖွင့်ပွဲတွေ၊ ပွဲတော်ကြီးတွေ က လွှတ်တင်လေ့ရှိတဲ့ အား ကောင်းမောင်းသန် မိုးပျံပူစီ ဖောင်းကြီးတွေနဲ့အတူ ကပ်ငြိပါ သွားတဲ့ ကုန်ဈေးနှုန်းဆိုတာကြီး ကို ဒီမိုကအကြောင်းပြ လွတ် အောင်ရှောင်နေကြတာလည်း လက်သန်းလေးများနဲ့ ဆွေမျိုး မကင်းတဲ့ အချင်းချင်းတွေမို့ အား ပေးရင်းနဲ့ အူပါးလာကြ၊ ပြည်သူ့ ဒုက္ခခမျာလည်း မသေးလှဘူးလို့ ဆိုလိုက်ချင်မိသေး။ ပြည်သူတွေ ကလည်း အခြေခံစားသောက် ကုန်တွေ ဈေးကြီးပေးနေရလို့ ညည်းညူနေကြတာမဟုတ်၊ စား ကိုမစားနိုင်တော့လို့ အားကိုးရလို ရငြား ပြောမိ၊ တမ်းတမိကြတာ ပါ။ စီးပွားကူးသန်း ဒုဝန်ကြီးရဲ့‘‘အစိုးရကို ဘာကြောင့် အပြစ်တင် နေတာလဲ။ ကုန်ဈေးနှုန်းတက်တာ၊ တစ်ခုခုဖြစ်တာနဲ့ အစိုးရ၊အစိုးရ၊ ဒါဟာ ကျွန်တော်တို့ရဲ့ Mindset ကို မပြောင်းလဲဘူးဆိုတဲ့ သဘောဖြစ်နေတယ်။ ဈေးကွက်စီးပွားရေးစနစ်မှာ ဈေးကွက်ကိုလွှမ်းမိုးတာ အစိုးရမဟုတ်ဘူး။ ဈေးကွက်ကို လွှမ်းမိုးတာ ဝယ်လို အားနဲ့ ရောင်းလိုအားလို့ခေါ်တဲ့ ဈေးကွက်အင်အားစုတွေပဲ’’လို့ အားကောင်းမောင်းသန် ရှင်းပြ လိုက်တာမှာ ကျွန်တော်မျိုးတို့ သန်းပေါင်းများစွာသော ပြည်သူ တွေ မသိနားမလည်၍ အားကိုး လို့ရမယ်လို့ ထင်မှတ်မှားမိ၍ ဝမ်း ရေးကို လွမ်းတေးနဲ့ မလုံလောက်တော့၍ ပြောမှားဆိုမှားမိပါ ကြောင်း ထပ်လောင်းတောင်းပန် ရုံသာရှိတော့ပါရဲ့။

အင်း... ဘာပဲဖြစ်ဖြစ် ရန် ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ အထူးပြု လုပ်ချက်ဖြစ်တဲ့ ပြည်သူစွဲမက် ဝိုင်ဘီအက်စ်ကလည်း အဆင်ပြေ စပြုလာပါပြီ။ ကားကြီးတွေက သစ်လို့၊ အဲကွန်းက အေးလို့၊ ခါး ပိုက်နှိုက်တွေလည်း ဖွေးလို့၊ ည ၇ နာရီနောက်ပိုင်းဆို အောက် ဆိုက်ကားတွေလည်း အလုပ်ကို ဖြစ်ဖို့၊ ကတ်စနစ်မလာခင် တစ် ပတ်ရစ် စပယ်ယာတွေတင်လို့။ အကြွေအမ်းဖို့ပြောပါတယ်။

စီမံဘဏ္ဍာဝန်ကြီး ပြော စကားကတော့ အနာဂတ်အရေး တွေးတွေးပြီး ပျော်လှပါရဲ့။ ကုန် ဆုံးခဲ့တဲ့ တစ်နှစ်တာကတော့ လေယာဉ်ပြေးလမ်း၊ လေ့ကျင့်ခန်း မှာ runway ရဲ့ အစမ်းကလေး သွေး ပူလေ့ကျင့်ခန်းလေးတစ်မျိုးပေါ့။ မကြာမီမှာ ကမ္ဘာမြေဆွဲအား Gravity ကို ဘာမထီဘဲ Jet Powerနဲ့ ထက်အာကာကို တက်တော့မှာ မို့ ကြားရနားဝ ရင်ထဲပီတိ ခေါက် ဆွဲဆီထိသလို လျှောခနဲ လျှောခနဲ နားဝင်ကောင်းလှ အားရလှပေါ့။

ဒါတင်မကသေး။ ပြည်သူ တွေကို ကြိုတင်ပျော်စေချင်လို့ ရန်ကုန်မြို့တော်ဝန်ကြီးက ကိုယ် သိတာကိုယ့်ဝမ်းထဲမထား။ ရန် ကုန်သူ၊ ရန်ကုန်သားတွေ ပျော် ရွှင်ခံစားနိုင်ဖို့ မြေအောက်မြို့ တော်ကြီးလည်း တည်ဦးမတဲ့။ စီးတီးဟောတွေလုပ်ဦးမယ်တဲ့။ ကားပါကင်လည်း ပါမယ်တဲ့။ နေ ချင်စဖွယ် မြေအောက်မြို့တော် ကြီးအကြောင်း တွေးတွေးပြီး ပျော်နေပါရဲ့၊ စိတ်ကူးထဲလည်း ပျော် နေပါရဲ့၊ အိပ်မက်ထဲလည်း ပျော် နေရဲ့။ ဘာပဲဖြစ်ဖြစ် အခွန် မဆောင်ရတာဆိုလို့ အိပ်မက် ရယ်၊ စိတ်ကူးရယ် ဒါလေးပဲရှိ တာ... ဟုတ်တယ်ဟုတ်... ။

(ဖော်ပြပါ သရော်စာသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)