ကညနတွင် အွန်လိုင်းဘွတ်ခ်ကင်စနစ်ဖြင့် ယာဉ်လိုင်စင်သက်တမ်းတိုးသူ နည်းပါးသေး

 အွန်လိုင်းဘွတ်ခ်ကင် စနစ်ဖြင့် ယာဉ်လိုင်စင်သက်တမ်း တိုးရန် လျှောက်ထားမှုသတ်မှတ် ထားသည့်ယာဉ်အစီးရေအောက်လျော့နည်းကြောင်း ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အနောက်ပိုင်းခရိုင် ဦးစီးအရာရှိ ဒေါ်အိအိခိုင်က ပြောသည်။

 အွန်လိုင်းဘွတ်ခ်ကင်စနစ်ကို ဒီဇင်ဘာ ၂၇ ရက်ကစတင် ဆောင်ရွက်ပေးနေရာ အဆိုပါနေ့ တွင် ဘွတ်ခ်ကင်ယူထားသည့် ကားများကို ဇန်န၀ါရီ ၂ ရက်၌ စစ်ဆေးပေးခဲ့သည်။


 အနောက်ပိုင်းခရိုင်ကညန ရုံးတွင် လိုင်စင်သက်တမ်းတိုး သည့် ကားများကိုစစ်ဆေးပေးရန် နံနက်ပိုင်းတွင် ၃၈၅ စီး၊ နေ့လယ် ပိုင်းတွင် ၂၆၅ စီးသတ်မှတ်ထား ပြီး အွန်လိုင်းမှဘွတ်ခ်ကင်တင် ထားသည့်ကားသည် နံနက်ပိုင်း တွင် ၁၀၆ စီး၊ နေ့လယ်ပိုင်းတွင် ၂၂ စီးသာရှိကြောင်း ဒေါ်အိအိခိုင် က ပြောသည်။

 အွန်လိုင်းဘွတ်ခ်ကင်မယူ ထားသည့်ယာဉ်များကို စစ်ဆေး ပေးမည်မဟုတ်ကြောင်း ကညန က ထုတ်ပြန်ထားသည်။

သို့သော် စနစ်အသစ်ဖြစ် ခြင်း၊ သတ်မှတ်ထားသည့်ယာဉ် အစီးရေ မပြည့်သေးခြင်းများ ကြောင့် အွန်လိုင်းဘွတ်ခ်ကင် မယူဘဲ လာရောက်စစ်ဆေးသည့် ယာဉ်များကို စစ်ဆေးပေးနေ ကြောင်း ဒေါ်အိအိခိုင်က ပြော သည်။

‘‘အွန်လိုင်းစနစ်ကျယ်ပြန့် သွားရင်၊ သတ်မှတ်ထားတဲ့အစီး ရေအတိုင်းစစ်ဆေးပေးနိုင်ရင် တော့ နောက်ပိုင်းမှာအခုလိုဒီအ တိုင်းလာတန်းစီတဲ့ ကားတွေကို စစ်ဆေးပေးတော့မှာ မဟုတ်ပါဘူး။ ဘွတ်စ်ကင်တင်ပေးပြီး ရက်ချိန်းတစ်ခုပဲ ပြန်ပေးလိုက်မှာပါ’’ ဟု ၎င်းကပြောသည်။

သို့သော် ဇန်န၀ါရီ ၃ ရက် အတွက် ကညနရုံးငါးရုံးတွင် ယာဉ်လိုင်စင်သက်တမ်းတိုးရန် အွန်လိုင်းဘွတ်ခ်ကင်စနစ်ဖြင့် လျှောက်ထားသည့်ကားအစီးရေ ၃၂၄ စီးရှိကြောင်း ဒေါ်အိအိခိုင် က ပြောသည်။

ယခုကဲ့သို့ ယာဉ်စစ်ဆေး မည့်ရက်ကို အွန်လိုင်းပေါ်မှ ရယူနိုင်၍ အချိန်ကုန်သက်သာကြောင်း၊ စနစ်တစ်ခုလုံးကို ကွန်ပျူတာနည်းပညာသုံးပြီး ဆောင်ရွက်နိုင်ပါက ပိုမိုအဆင်ပြေလာနိုင်ကြောင်း ယာဉ်အရောင်းအ၀ယ်လုပ်ကိုင်သူ ဦးမင်းမင်းထွန်းက ပြောသည်။

ထို့အပြင် ကညနရုံးဝင်းဂိတ် ပေါက်များကို တိုးချဲ့နိုင်ပါက ယာဉ်ဝင်ထွက်သွားလာမှုအဆင် ပြေပြီး လုပ်ငန်းပိုမိုမြန်ဆန်နိုင် ကြောင်း အငှားယာဉ်မောင်းဦး တင်ထွန်းကပြောသည်။