ရန်ကုန်တိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်ကျင်းပ

မိန့်ခွန်းခြွေစုံညီပွဲမျိုးမဟုတ်ဘဲ ကျောင်းသား၊ မိဘ၊ ဆရာများ၏ အသံကို နားထောင်မည့် စုံညီပွဲတော်များ လာမည့်နှစ်ကစ၍ ကျင်းပမည်ဟု ဝန်ကြီးချုပ်ဆို
ပညာရေးစုံညီပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်သော အနောက်ပိုင်းခရိုင်မှ ကျောင်းသူကျောင်းသားလေးများ (ဓာတ်ပုံ − နစ်ကီ)

 လာမည့် ၂၀၁၉ ပညာ ရေးစုံညီပွဲတော်သို့ တက်ရောက် လာသည့် အစိုးရတာဝန်ရှိသူများ က မိန့်ခွန်းခြွေနေသည့် စုံညီပွဲများ မဟုတ်ဘဲ ကျောင်းသား၊ မိဘ၊ ဆရာတို့၏ အသံကို နားထောင် မည့် ပွဲတော်များဖြစ်စေရန် တိုင်း ဒေသကြီး အစိုးရအဖွဲ့က ဦးစီး ကျင်းပမည်ဟု ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

 ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးက ဦးစီးကာ ယခု နှစ် တိုင်းဒေသကြီးအဆင့် ပညာ ရေးစုံညီပွဲတော်ကို ဇန်နဝါရီ ၃ ရက်တွင် အထက (၄) အလုံ၌ ကျင်းပရာ ဝန်ကြီးချုပ် တက်ရောက်ပြီးယင်းသို့ပြောကြားခြင်းဖြစ်သည်။

 ‘‘အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ မိန့်ခွန်းတွေ ခြွေနေ တာထက်စာရင် ကျောင်းသား၊ ကျောင်းသူတွေ၊ မိဘတွေ၊ ဆရာ၊ဆရာမတွေအားလုံးစုပြီး ဒီလိုပွဲ မျိုးမှာ ပျော်ပျော်ပါးပါးနဲ့ အခက် အခဲတွေ၊ ပြဿနာတွေ တိုင်ပင် ဆွေးနွေးကြရမှာပါ။ လာမယ့် ၂၀၁၈-၁၉ မှာ အဲဒီလို ကျောင်းစုံ ညီပွဲမျိုးဖြစ်ဖို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးပြီးလုပ်ဖို့ ကျွန်တော်ကြိုးပမ်းပါမယ်။ ဒီပွဲ တွေကနေ ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေ၊ မိဘတွေရဲ့ ပညာရေးအပေါ်မှာ ယူဆနေတဲ့ အခြေအနေတွေ၊ ပြုပြင်ပြောင်းလဲလိုတဲ့ အသံတွေကို ကျွန်တော်တို့က နားထောင်ပြီးကျွန်တော်တို့ တိုင်း၊ နိုင်ငံရဲ့ ပညာရေးစနစ်ကို ပိုမြင့်မားစေဖို့ ကြိုးပမ်းကြပါမယ်’’ဟု ဝန်ကြီးချုပ်က ဆိုသည်။


ယခု ၂၀၁၇-၁၈ ပညာသင် နှစ် ရန်ကုန်တိုင်းဒေသကြီး ပညာ ရေးစုံညီပွဲတော်တွင် တိုင်းအတွင်းရှိ ခရိုင်လေးခုမှ အခြေခံပညာ ကျောင်းများက ပညာရေးဆိုင်ရာ ပြခန်းများ ဖွင့်လှစ်ပြသပြီး ကျောင်းသား၊ ကျောင်းသူများ၏ ဘင်ခရာတီးဝိုင်းယှဉ်ပြိုင်မှု၊ အားကစားသရုပ်ပြတင်ဆက်မှု၊ အကအလှနှင့် သီဆိုဖျော်ဖြေမှု အစီအစဉ်များ ထည့်သွင်းကျင်းပခဲ့သည်။

ထို့အပြင် ယခုပညာသင်နှစ် အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာ အောင်မြင်သူများ၊ နိုင်ငံတကာအဆင့် ပြိုင်ပွဲများတွင် ဆု ရရှိခဲ့သူများ၊ စာစီစာကုံး၊ ပန်းချီ ပြိုင်ပွဲများတွင် ဆုရသူများအား ဉာဏစွမ်းရည်ဆု၊ အားကစားထူးချွန်သူများအား ကာယစွမ်း ရည်ဆု ချီးမြှင့်ခဲ့သည်။ တိုင်းအ တွင်းရှိ စွမ်းဆောင်မှုထူးချွန် ကျောင်းများနှင့် ထူးချွန်ဆရာ၊ ဆရာမများအားလည်း ဆုများချီး မြှင့်ခဲ့သည်။

‘‘ဝန်ကြီးချုပ်ပြောသလို တိုင်းဒေသကြီးအစိုးရအဖွဲ့က နောက် နှစ်မှာ ပညာရေးစုံညီပွဲတော်ကို ဦးစီးကျင်းပပေးမယ်ဆိုတော့ အ လွန်ဝမ်းသာပါတယ်။ အခုလုပ် နေတဲ့အားက ပညာရေးဌာနမှာရှိ တဲ့ ဆရာ၊ ဆရာမတွေ၊ မိဘနဲ့ ကျောင်းသား၊ ကျောင်းသူတွေ တတ်နိုင်တဲ့အားနဲ့ ဝိုင်းဝန်းလုပ် ဆောင်ကြတာ ဖြစ်ပါတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေး မှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက ပြောသည်။

၂၀၁၇-၁၈ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်များ ကျင်းပ ရန် ပညာရေးဝန်ကြီးဌာန၏ ယခု ဘဏ္ဍာနှစ်ဘတ်ဂျက်မှ ကျပ်သန်း ၉,၅၀၀ ကျော် ထုတ်ပေးမည်ဟု အခြေခံပညာဦးစီးဌာနက ဒီဇင် ဘာ ၁၃ ရက်တွင် ကြေညာထား သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အခြေခံပညာကျောင်း ၂,၇၀၀ ကျော်ရှိပြီး ကျောင်းသား၊ ကျောင်းသူ ၁၀ သိန်းကျော်ရှိသည်။

Top News