အမျိုးသမီးလိဂ်တွင် မြ၀တီက YREO အသင်းကို ဂိုးပြတ်အနိုင်ယူ

အမျိုးသမီးလိဂ်ပွဲစဉ် (၂) ဒုတိယရက်ပွဲတွင် လက်ရှိ ချန်ပီယံမြ၀တီအသင်းက YREO အသင်းကို ၃-၀ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိသည်။


ဇန်န၀ါရီ ၃ ရက်တွင် ရန် ကုန်မြို့အောင်ဆန်းကွင်း၌ ယှဉ် ပြိုင်သည့်အဆိုပါပွဲတွင် လက်ရှိ ချန်ပီယံမြ၀တီအသင်းက နိုင်ပွဲရ ရှိရန် အဓိကကစားသမားများဖြင့် ပွဲထွက်ခဲ့ကာ YREO အသင်းကို ဖိအားပေးနိုင်ခဲ့သည်။

ပွဲချိန် ၂၂ မိနစ်တွင် မြ၀တီ အသင်းက ပင်နယ်တီရရှိသော် လည်း YREO အသင်းဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် ၃၅ မိနစ်တွင် မြ၀တီအသင်းက ပထမဂိုးနှင့် ပွဲချိန် ၄၂ မိနစ်တွင် ဒုတိယဂိုးသွင်းယူကာ ပထမပိုင်း ကို ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်းတွင် YREO အ သင်းက ကစားပုံပြန်လည်ကောင်း မွန်လာပြီး မြ၀တီအသင်းကို ဖိ အားပေးနိုင်ခဲ့သော်လည်း တိုက် စစ်မှူးများ အဆုံးသတ်အားနည်း ခဲ့သည်။ ပွဲချိန် ၅၆ မိနစ်တွင် မြ၀တီအသင်းအတွက် တတိယဂိုး ကိုသွင်းယူပြီး သုံးဂိုးပြတ်ဖြင့် အ နိုင်ယူခဲ့သည်။

ဇန်န၀ါရီ ၂ ရက်က ယှဉ်ပြိုင် သည့် ပွဲစဉ်(၂)ပထမရက်ပွဲတွင် အားကစားနှင့် ကာယပညာဦးစီး ဌာနအသင်းက အားကာသိပ္ပံအ သင်းကို ၆-၀ ဂိုးဖြင့်အနိုင်ရခဲ့ သည်။ ပွဲစဉ်(၂)ဒုတိယရက်အပြီး တွင် နှစ်ပွဲဆက်အနိုင်ရထားသည့် အားကစားနှင့်ကာယပညာဦးစီး ဌာနအသင်းက ရမှတ်ခြောက်မှတ် ဖြင့် အမှတ်ပေးဇယားကို ဦး ဆောင်ထားသည်။

၂၀၁၇-၁၈ ရာသီကမ္ဘောဇ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂) လက်ကျန်ပွဲစဉ်များအဖြစ် ဇန်န ၀ါရီ ၄ ရက်တွင် တက္ကသိုလ်နှင့် ဇွဲကပင်၊ ဇန်န၀ါရီ ၅ ရက်တွင် သစ္စာအားမာန်နှင့် ဂန္ဓမာအသင်း တို့ယှဉ်ပြိုင်မည်ဖြစ်သည်။