ဆေးလိပ်မီးညှိရင်း မီးလောင်သည့် ဆီဆိုင်ပိုင်ရှင် လိုင်စင်မရှိဘဲ ဆီသိုလှောင်မှုဖြင့် ထပ်မံအမှုဖွင့်ခံရ

လမ်းဘေးတွင်ဖွင့်ထား သည့် ဓာတ်ဆီဆိုင်၌ ဓာတ်ဆီ လှယ်နေစဉ် ဆေးလိပ်မီးညှိသဖြင့် မီးလောင်မှုဖြစ်ပွားမှုမှ ဆိုင်ရှင် ကို လိုင်စင်မရှိဘဲ ဆီသို လှောင် သဖြင့် ထပ်မံအမှုဖွင့်အရေးယူ ထားကြောင်း ရန်ကုန်တိုင်း ရဲ တပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။


လှိုင်သာယာမြို့နယ် ကျွန်း စုကျေးရွာ လမ်းဘေးတွင်ဖွင့် လှစ်ထားသော ဓာတ်ဆီဆိုင်မီး လောင်မှုကြောင့် အမှုဖွင့်ခံထားရ သည့် ဆိုင်ပိုင်ရှင် ဦးမျိုးဇော် အောင်သည် ဒိုင်စုကျေးရွာ ဦးထွန်း ညိုလမ်းနှင့် ခမရ (၅၃၂) တပ်ရင်း ဝင်းအကြား၌ စက်သုံးဆီသိုလှောင်သဖြင့် ဇန်နဝါရီ ၂ ရက်ထပ်မံအမှုဖွင့်ခံရကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။

မီးလောင်ခံရသည့် ဦးမျိုး ဇော်အောင်သည် ကျပ် ၈၇ သိန်း ကျော်တန်ဖိုးရှိ ဒီဇယ်ပီပါ အလုံး ၃၀၊ အောက်တိန်း (92) ပီပါအလုံး ၂၀ ကို လုပ်ငန်း လိုင်စင်မရှိဘဲ သို လှောင်ထားကြောင်း လှိုင်သာယာ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

တရားမဝင် သိုလှောင်ထား သည့် ပုဒ်မများအပြင် ၂၀၁၇  ရေနံနှင့် ရေနံထွက်ပစ္စည်းများ ဆိုင်ရာ ဥပဒေပုဒ်မ ၃၇ ဖြင့် ထပ် မံအမှုဖွင့်အရေးယူထားသည်။

အောက်တိန်း (92) ဂါလန် ၅၀ ပါ ပီပါအလုံး ၂၀၊ ဒီဇယ်ဂါ လန် ၅၀ ပါ ပီပါအလုံး ၃၀၊ ပီပါခွံများ နှင့် အဆိုပါ ဆီဆိုင်တို့မီးလောင်ပြီး ကျပ် ၈၈ သိန်းဖိုး မီးလောင်ဆုံးရှုံး ခဲ့ကာ အမျိုးသားနှစ်ဦး မီးလောင် ဒဏ်ရာရရှိသဖြင့် လှိုင်သာယာ ဆေးရုံသို့ တင်ပို့ကုသခဲ့ရသည်။