မေတ္တာအခြေခံမှ ငြိမ်းချမ်းရေးအောင်မြင်မည်ဟု ဆရာတော်အရှင်ဆန္ဒာဓိက မိန့်ကြား

ဇန်န၀ါရီ ၃ ရက်ညက တရားဟောနေသော ဆရာတော် အရှင်ဆန္ဒာဓိက (ဓာတ်ပုံ − စိုင်းဇော်)

 ငြိမ်းချမ်းရေးအတွက် အလုပ်လုပ်ရာတွင် တရားသေ မူဝါဒဆုပ်ကိုင်ထားပါက အောင် မြင်မှုရမည်မဟုတ်ဘဲ မေတ္တာကို အခြေခံ၍ အခြေအနေအချိန်အခါ နှင့်လိုက်လျောညီထွေစွာ ပြုပြင် ပြောင်းလဲနိုင်မှသာ အောင်မြင် မည်ဖြစ်ကြောင်း ရွှေပါရမီတောရ ဆရာတော်အရှင်ဆန္ဒာဓိကက မိန့်ကြားသည်။


ရန်ကုန်မြို့ပြည်သူ့ရင်ပြင် ၌ ကျင်းပသော နှစ်သစ်ကူးတရား ပွဲတော်နောက်ဆုံးနေ့ဇန်န၀ါရီ ၃ ရက်တွင် ဆရာတော်အရှင်ဆန္ဒာ ဓိကက မေတ္တာစာချုပ်ဖြင့်သာ ထာဝရငြိမ်းချမ်းရေးရနိုင်သည် တရားတော်ကိုဟောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းမိန့် ကြားသည်။

ယင်းတရားတော်တွင် လူ တစ်ဦးနှင့်တစ်ဦး အဖွဲ့အစည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြား ငြိမ်းချမ်း စွာပေါင်းသင်းဆက်ဆံနိုင်ရန် အ ပြန်အလှန်ထားရှိရမည့် အချက် ၁၅ ချက်ကို ဆရာတော်က ရှင်း လင်းမိန့်ကြားခဲ့သည်။

ထိုသို့ မိန့်ကြားရာတွင် ၂၀၁၇ နှစ်ကုန်ပိုင်းက လွိုင်ကော် မြို့၌ပြုလုပ်သည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ငြိမ်းချမ်း ရေးစကားဝိုင်းမှ ကယားတိုင်းရင်း သားတစ်ဦး၏ မေးခွန်းထုတ်မှုကို ပြန်လည်ကိုးကား၍ ငြိမ်းချမ်းရေး ဆောင်ရွက်ရာ၌ လက်နက်ကိုင် အဖွဲ့များအနေဖြင့်လည်း တရား သေမူဝါဒ ဆုပ်ကိုင်မထားသင့် ကြောင်း ဆရာတော်ကတိုက်တွန်း သည်။

‘‘ငြိမ်းချမ်းရေးရချင်တယ် ဆိုရင်တော့ ကယားတိုင်းရင်းသား လေးပြောသလိုပဲ လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း ပြောင်းလဲချိန်တန်ပြီ။ ဒါမှဒါလို့ လှေနံ ဓားထစ် တရားသေဆုပ် ကိုင်ထားတဲ့မူဝါဒတွေကို ပြောင်း လဲသင့်တဲ့အချိန်မှာ ပြောင်းရမှာ ပါပဲ’’ ဟု ဆရာတော်က မိန့်ကြား သည်။

ဒီချုပ်အစိုးရ၏ရွေးကောက် ပွဲဆောင်ပုဒ်ဖြစ်သည့် ပြောင်းလဲ ချိန်တန်ပြီဆိုသော စကားရပ်အ တိုင်းလက်ရှိအစိုးရက ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး အခြားအဖွဲ့အ စည်းများအနေဖြင့်လည်း ပြောင်း လဲသင့်သည့်အချက်များကိုလိုက် ပါပြောင်းလဲရန်လိုကြောင်း ဆရာ တော်ကမိန့်ကြားသည်။

လူတစ်ဦးနှင့်တစ်ဦး အဖွဲ့ အစည်းတစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား ငြိမ်းချမ်းရေးရရှိလိုပါက ရိုးသား ဖြောင့်မတ်ခြင်း၊ မှန်ကန်သည့်ဝေ ဖန်မှုများကို လက်ခံနိုင်ခြင်း၊ သူ တစ်ပါးခံစားချက်ကို နားလည်နိုင် ခြင်း၊ ပြောင်းလဲမှုကိုလက်ခံနိုင် စွမ်းရှိခြင်း၊ မာန်မာနကင်းရှင်း ခြင်း စသည့်အချက်များ လိုအပ် ကြောင်း ဆရာတော်ကမိန့်ကြား သည်။

ထို့အပြင် ဆရာတော်က နိုင် ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်ကို ထောက်ခံ သူများအနေဖြင့် ၎င်း၏လမ်းညွှန် မှာကြားချက်များအတိုင်း လိုက် နာဆောင်ရွက်ရန် လိုကြောင်း လည်း ထည့်သွင်းမိန့်ကြားသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဦးစီးကျင်းပသည့် နှစ်သစ်ကူးတ ရားပွဲတော်ကို ရန်ကုန်မြို့ပြည်သူ့ ရင်ပြင်တွင် ဇန်န၀ါရီ ၁ ရက်မှ ၃ ရက်အထိ သုံးရက်ဆက်တိုက် ကျင်းပခြင်းဖြစ်သည်။

တရားပွဲ ပထမနေ့တွင် ပါမောက္ခချုပ်ဆရာတော်ဒေါက် တာ အရှင်နန္ဒမာလာဘိဝံသက ဟောကြားသည်။ ဒုတိယနေ့တွင် သီတဂူဆရာတော်ဒေါက်တာ အ ရှင်ဉာဏိဿရ၊ တတိယနေ့တွင် ရွှေပါရမီတောရ ဆရာတော်အ ရှင်ဆန္ဒာဓိကက ဟောကြား သည်။

အဆိုပါ တရားပွဲများသို့ နေ့စဉ်တရားနာပရိသတ် တစ် သိန်းကျော် လာရောက်တရားနာ ယူခဲ့ပြီး နေ့စဉ်ဓမ္မပူဇာအလှူ ငွေ ကျပ်သိန်းတစ်ထောင်ကျော် လှူ ဒါန်းနိုင်ခဲ့သည်။