အောင်ရဲထွေးကို အုပ်စုဖွဲ့ရိုက်နှက်သူများတွင် ပါဝင်သူတစ်ဦး ရဲစခန်းသို့လာရောက်အဖမ်းခံ

လူမှုကွန်ရက်တွင် တရားခံဟုဆိုကာ ပျံ့နှံ့နေသူများသည် အမှုနှင့်ဆက်စပ်မှုရှိကြောင်း အောင်ရဲထွေး၏အစ်ကိုပြော
အောင်ရဲထွေး၏ နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်နေစဉ် (ဓာတ်ပုံ − နစ်ကီ)

သရုပ်ဆောင်အောင်ရဲထွေးအသတ်ခံရမှုနှင့်ပတ်သက်၍ ဝိုင်းဝန်းရိုက်နှက်ခဲ့သူများတွင် ပါဝင်သူ အမျိုးသားတစ်ဦးသည် ဇန်နဝါရီ ၃ ရက်က သုဝဏ္ဏနယ်မြေရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း ယင်း ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အောင်ရဲထွေးသည် ဇန်နဝါ ရီ ၁ ရက် နံနက်အစောပိုင်းတွင် သုဝဏ္ဏရှိ The One Entertain- ment Park အတွင်း ပြုလုပ်သော The Space ပါတီပွဲ၌ အုပ်စုဖွဲ့ ရိုက်နှက်ခံရသဖြင့် ဒဏ်ရာအပြင်း အထန်ရရှိပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကာ ဇန်နဝါရီ ၂ ရက် နေ့လယ်တွင် ကွယ်လွန်ခဲ့ သည်။ ဆေးစာတွင် အောင်ရဲထွေး သည် ဦးနှောက်ကြေမွပြီး ရင်ဘတ်၌ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ သည်ဟု ဖော်ပြထားကြောင်း အောင်ရဲထွေး၏ဦးလေး ဦးပြည့်စုံကပြောကြားသည်။

လူသတ်မှုတွင် ပါဝင်နေ သည့် သန်းထွဋ်အောင်(ခ)သား ကြီး (၂၆)နှစ်ကို ဇန်နဝါရီ ၃ ရက် မွန်းလွဲပိုင်းက ၎င်း၏အုပ်ထိန်းသူများကိုယ်တိုင် ရဲစခန်းသို့ လာရောက်အပ်နှံခဲ့ကြောင်း အဆိုပါရဲအရာရှိကပြောသည်။

ရဲစခန်းသို့ လာရောက်အ ဖမ်းခံခဲ့သည့် သန်းထွဋ်အောင်(ခ) သားကြီးသည် သင်္ဃန်းကျွန်းမြို့ နယ်၌ပင် နေထိုင်ခြင်းဖြစ်ပြီး လူသတ်မှုတွင် ပါဝင်သည့်  အခြားသူများကို စုံစမ်းဆဲဖြစ်ကြောင်း ၎င်းကပြောသည်။

အောင်ရဲထွေးကို ဝိုင်းဝန်း ရိုက်နှက်ခဲ့သူများဟုဆိုကာ ဓာတ် ပုံများနှင့်တကွ လူမှုကွန်ရက်တွင် သတင်းများပျံ့နှံ့နေပြီး လာ ရောက်အဖမ်းခံသူသည် ယင်း ဓာတ်ပုံများထဲ၌ ပါဝင်သူများအ နက် တစ်ဦးဖြစ်သည်။

‘‘ဖေစ့်ဘွတ်ခ်ပေါ်မှာ တရား ခံဆိုပြီး တက်နေတဲ့သူတွေနဲ့ လည်း လုံးဝဆက်စပ်မှုရှိပါတယ်’’ ဟု အောင်ရဲထွေး၏အစ်ကို ကိုသန့်ဇင်ဦးက ဖေ့စ်ဘွတ်ခ်ပေါ်တွင် တက်နေသော လေးဦးအဖွဲ့သည် ဝိုင်းရိုက်သူများနှင့် ဆက်စပ်ပါသလားဟု 7Day Daily သတင်းစာ၏မေးမြန်းမှုအား ဖြေကြားသည်။

အောင်ရဲထွေးသည် လွန်ခဲ့ သည့်ရက်ပိုင်းက The Brave Barတွင် ပြစ်မှုကျူးလွန်သူများနှင့် ရန် စရှိခဲ့ဖူးပြီး ပြစ်မှုကျူးလွန်သူသည် လည်း သုံးဦးသာဖြစ်ကြောင်း သုဝဏ္ဏနယ်မြေရဲစခန်းမှ ရဲအရာ ရှိက ပြောသည်။

သို့သော် အခင်းဖြစ်ချိန်တွင် အောင်ရဲထွေးနှင့်အတူရှိနေသော ၎င်း၏ချစ်သူ မပွင့်ကေခိုင်က ဖြစ် စဉ်ပြောပြရာတွင် ဇန်နဝါရီ ၁ ရက် နံနက် ၄ နာရီခွဲခန့်က The Spaceပါတီ VVIP floor ၌ အောင်ရဲထွေးကို လူသုံးလေးဦးခန့်က ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးတစ်ဦးက ခြေထောက်ဖြင့် ကန်ခဲ့ကြောင်း၊ ဖြစ်စဉ်ဖြစ်နေချိန်အတွင်း လုံခြုံရေးအားနည်းနေပြီး လုံခြုံရေးများက နောက်ကျမှ ရောက်လာကြောင်း 7Day Daily သတင်းစာအား ပြောသည်။

ပွဲတွင် အောင်ရဲထွေးအား ဝိုင်းဝန်းရိုက်နှက်နေသည်ကို လုံ ခြုံရေးများက ဝင်ဆွဲပါက ယခုကဲ့သို့ နစ်နာမှုမျိုး ဖြစ်လာမည် မ ဟုတ်ကြောင်း အောင်ရဲထွေး၏ သူငယ်ချင်း ရိုရှန်ကပြောသည်။

‘‘VVIP ဆိုတဲ့နေရာက သာ မန်လူတန်းစားမသွားနိုင်ဘူး။ ပါ တီတစ်ခုပေးတယ်ဆိုကတည်းက လူကုံထံသားသမီးတွေပဲ သွား နိုင်တဲ့နေရာတစ်ခုပါ။ အဲဒီလိုနေ ရာမျိုးမှာ လုံခြုံရေးတွေက ဝင်မဆွဲဘဲ ရပ်ကြည့်နေတာ ဘာဖြစ်လို့ပါလဲ။ ဥပဒေမဲ့လုပ်တာကို လုံခြုံရေးတွေက ဘာလို့ ရဲစခန်းကို အ ကြောင်းမကြားတာလဲ။ ကျွန်မတို့ သွားတိုင်မှ ရဲစခန်းကသိပါတယ်။ တရားဥပဒေစိုးမိုးမှုအရမ်းညံ့ဖျင်း တယ်လို့ပဲ ပြောချင်ပါတယ်’’ဟု အောင်ရဲထွေးအစ်ကို ကိုသန့်ဇင်ဦး၏မိတ်ဆွေ ဒေါ်မာလာကလည်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

 အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ လူသတ်မှု၊ အားပေးကူညီမှု ဖြင့် အမှုဖွင့်ထားကြောင်း၊ လာ ရောက်အဖမ်းခံထားသူကို ရဲစခန်းက စစ်ဆေးနေဆဲဖြစ်ပြီး ကျန်သူ များ ဖမ်းမိခြင်း မရှိသေးကြောင်း သုဝဏ္ဏနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားထားသည်။

သေဆုံးသူ အောင်ရဲထွေး သည် လူမှုကွန်ရက်တွင် Follower၁၃ သိန်းကျော်ရှိပြီး ဟာသဗီဒီယို အတိုများတင်ရာမှ ပရိသတ်အား ပေးမှုအခိုင်အမာရရှိသည့် ဖေ့စ်ဘွတ်ခ်ဆယ်လီဖြစ်သည်။ ၎င်းသည် ယခုနောက်ပိုင်းတွင် သရုပ်ဆောင်လိုင်းဘက် ကူးပြောင်းလုပ် ကိုင်လာသူဖြစ်သည်။

အောင်ရဲထွေး၏ နာရေးကို ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၁ နာရီ က ရေဝေးရှိ စွန္နီမွတ်စလင်မ် ကဗရ်စတာန် ဥယျာဉ်တော်တွင် ပြုလုပ်ခဲ့ပြီး ၎င်း၏မိသားစုဝင် များ၊ ပရိသတ်များက လိုက်ပါပို့ ဆောင်ခဲ့သည်။

More in News Section