တစ်နှစ်တာအတွင်း ခရီးသွား အများဆုံးသွားခဲ့သော ခရီးစဉ်စာရင်းတွင် ပုဂံက ထိပ်ဆုံး၌ ရပ်တည်

နှစ်ပေါင်း ၁,၀၀၀ ခန့်ကြာမြင့်ခဲ့ပြီဖြစ်သော ပုဂံဒေသရှိ စေတီပုထိုးများကို သာယာရှုမောဖွယ်တွေ့ရစဉ် (ဓာတ်ပုံ-စိုင်းဇော်)

ခရီးသွားလုပ်ငန်းနှင့် ခရီး သွားဧည့်သည်အတွက် ကြားခံ ၀န်ဆောင်မှုပေးသည့် Goptour ၀က်ဘ်ဆိုက်၏ထုတ်ပြန်ချက်အရ ၂၀၁၇ အတွင်း လူဦးရေအများဆုံး သွားရောက်ခဲ့သည့်ခရီးစဉ် ၁၁ ခု တွင် ပုဂံသည်အဆင့်(၁)နေရာ၌ ရပ်တည်ခဲ့သည်။

၂၀၁၇ ဇန်န၀ါရီမှ ဒီဇင်ဘာ ၁၉ ရက်အထိ လူဦးရေအများဆုံး သွားရောက်သည့်ခရီးစဉ်များသည် ပုဂံ၊ ကလော-တောင်ကြီး-အင်းလေး၊ ဘားအံ၊ ငွေဆောင်၊ သံတောင်ကြီး၊ သီပေါ၊ ချောင်း သာ၊ ငပလီ၊ ဂေါ်ရန်ဂျီ၊ လွိုင်ကော်နှင့် မန္တလေး-ပြင်ဦးလွင်တို့ ဖြစ်သည်။

ပုဂံသည် မြန်မာနိုင်ငံ၏ အဓိ ကခရီးစဉ်ဒေသလေးခုတွင် တစ်ခု ဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှု ဒေသဖြစ်၍ ပြည်တွင်းခရီးသွား များသာမက ပြည်ပခရီးသွားများ လည်း အများဆုံးလာရောက်ရာ ဒေသဖြစ်သည်။

‘‘တချို့ခရီးစဉ်တွေက စိတ် ၀င်စားမှုအရ အချက်အလက်ရှာ ဖွေမှုမှာ အမြင့်ဆုံးဖြစ်ခဲ့ပေမယ့် ခရီးသည်သွားရောက်မှုကတော့ နည်းတယ်။ ဥပမာကော့သောင်း လိုနေရာပေါ့။ ဈေးကြီးတာကိုး’’ ဟု Goptour  စီအီးအိုကိုညွန့်ဝင်း အောင်က ပြောသည်။

ဝက်ဘ်ဆိုက်မှတစ်ဆင့် ဒေ သတွင်းခရီးသွားလုပ်ငန်းများနှင့် ချိတ်ဆက်ကာ သွားရောက်ခဲ့သည့် စာရင်းကိုအခြေခံ၍ တစ်နှစ်တာ အတွင်း လူဦးရေအများဆုံးသွား ရောက်သည့်ခရီးစဉ်ကို ၎င်းကထုတ်ပြန်ခဲ့သည်။

Goptour ၀က်ဘ်ဆိုက်သည် စွန့်ဦးတီထွင်လုပ်ငန်းအဖြစ် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုရရှိထားသည့် ၀က်ဘ်ဆိုက်ဖြစ်ပြီး တစ်နှစ်တာ အတွင်း ခရီးသွားထောင်ဂဏန်း ခန့်ကို ဒေသတွင်းခရီးသွားလုပ်ငန်း များနှင့်ချိတ်ဆက်ပေးခဲ့သည်။

Goptour သည် ၂၀၁၆ တွင် စတင်တည်ထောင်ခဲ့သည့် ခရီး သွားဝန်ဆောင်မှုဝက်ဘ်ဆိုက်ဖြစ် ပြီး ခရီးစဉ် ၅၀ ခန့်ကို ဒေသတွင်းရှိ ၀န်ဆောင်မှုလုပ်ငန်း ၂၀ ကျော် ဖြင့် ချိတ်ဆက်လည်ပတ်နေသည်။