အချိန်အခါမဟုတ် မိုးရွာ၍ ကြက်သွန်ဈေးကောင်းနိုင်

 အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ကြက်သွန်န်ီဈေး ထပ်မံမြင့်တက်နိုင်ကြောင်း မန္တ လေးတိုင်းဒေသကြီး စားဖိုဆောင် သီးနှံ စိုက်ပျိုးထုတ်လုပ်ရောင်းချ သူများအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် လက်ရှိ စိုက်ပျိုးထားပြီး ဧပြီ၌ တူးဖော်ရ မည့် နွေကြက်သွန်စိုက်ခင်းအချို့ လတ်တလော မိုးရွာသွန်းမှု ကြောင့် ပျက်စီးဆုံးရှုံးခဲ့၍ ဒီဇင် ဘာ ဒုတိယပတ်က စတင်ကာ ကြက်သွန်တစ်ပိဿာလျှင် ကျပ် ၄၀၀ ခန့် ဈေးမြင့်တက်လာပြီး လတ်တလော ရာသီဥတု အခြေ အနေကြောင့် ဈေးထပ်တက်နိုင် ကြောင်း ဦးဝင်းမြင့်က ပြောသည်။

‘‘မိုးတွေရွာလိုက်တဲ့အတွက် ကြက်သွန်တူးမယ့်ရက်တွေမှာ တူးဖော်လို့ မရတော့ဘူး။ တစ် ပတ်၊ ဆယ်ရက်လောက် နောက် ဆုတ်သွားတယ်။ အဲဒီတော ဈေး ကွက်ထဲကို အချိန်မီ မရောက်ရှိ နိုင်တဲ့အတွက် လက်ရှိဈေးထက် လေး၊ ငါးရာလောက် တက်နိုင် သေးတယ်။ ဒါခန့်မှန်းခြေပေါ့။ အဲဒီထက်လည်း တက်ချင်တက် နိုင်သေးတယ်။ မကျနိုင်တာတော့ သေချာတယ်’’ ဟု ၎င်းကဆက် လက်ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန် ပိုင်းကစတင်ကာ အချိန်အခါမ ဟုတ် ရွာသွန်းသည့် မိုးကြောင့် ကြက်သွန်နီစိုက်ခင်းအချို့ ရေဝင် ကာ ပျက်စီးခဲ့ကြောင်း မြစ်သားမြို့ နယ် ကြက်သွန်စိုက်တောင်သူ ဦး မျိုးပိုင်ထွန်းက ပြောကြားသည်။

‘‘အရင်လက မိုးကြောင့်မို့လို့ လည်း ကျွန်တော်တို့ကြက်သွန် တွေက မတူးလိုက်ရဘူး။ အခုမိုး ကြောင့်လည်း သဲချောင်းတွေမှာ စိုက်ပျိုးတဲ့လူတွေ ပျက်စီးကုန် တယ်။ ကြက်သွန်က ရေအဝင်မ ခံဘူး။ ရေဝင်တော့ ပုပ်ကုန်တယ်’’ ဟု ၎င်းကပြောသည်။

လက်ရှိစားသုံးသူဈေးကွက် အတွင်း တရုတ်မှ တင်သွင်းသော ကြက်သွန်များလည်းရှိပြီး တ ရုတ်ကြက်သွန် တစ်ပိဿာလျှင် ၁,၃၀၀ ကျပ်နှင့် ပြည်တွင်း စိုက် ပျိုးသည့် ကြက်သွန်တစ်ပိဿာ လျှင် ကျပ် ၂,၅၀၀ ဈေးရှိနေ သည်။

‘‘ကုန်ထွက်နှုန်းကလည်း လျော့နေတာ။ အဲဒီအချိန်မှာ ဒီမိုး ကရွာလိုက်တော့ ကြက်သွန်တော် တော်များများက မတူးရသေးဘူး။တူးမယ်ဆိုရင် မြေခြောက်အောင် စောင့်ရတော့မှာ။ အဲဒီလိုဆိုတော့ ဈေးကတက်လာလိမ့်ဦးမယ်’’ ဟု မြစ်သားမြို့နယ်ရှိ အေဝမ်းကြက် သွန်ပွဲရုံမှ ဦးစိုးညွန့်က ပြောကြား သည်။

More in Regional Section