ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အုပ်စုဖွဲ့ ရန်ဖြစ်ပွားသဖြင့် အမျိုးသားလေးဦး ဒဏ်ရာရ

ဒဂုံဆိပ်ကမ်းမြို့နယ် တွင် တစ်ရပ်ကွက်တည်းနေထိုင် သူချင်း စကားများရာမှ အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ကာ နေအိမ်အထိ ဓားဖြင့် လိုက်လံခုတ်မှု ဖြစ်ပွားခဲ့ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှူးရုံး ရဲအရာရှိတစ်ဦးက ပြော သည်။

ဒဂုံဆိပ်ကမ်းမြို့နယ် (၈၈) ရပ်ကွက်အတွင်းနေထိုင်သည့် (၁၈)နှစ်အရွယ် ကျော်ကျော်လင်းနှင့် မိတ်ဆွေများသည် ဇန်နဝါရီ ၁ ရက် နံနက်က တစ်ရပ်ကွက်တည်းနေ အသက်(၂၀)အရွယ် သီဟစိုးတို့ အဖွဲ့နှင့် ရန်ဖြစ်သဖြင့် မိခင်က နေအိမ်သို့ ပြန်လည်ခေါ်လာခဲ့ကြောင်း ၎င်းကရှင်းပြသည်။

ထိုသို့ ခေါ်လာစဉ် ကျော် ကျော်လင်း၏မိတ်ဆွေများနှင့် သီဟစိုးတို့အဖွဲ့ ထပ်မံရန်ဖြစ်နေ သဖြင့် ကျော်ကျော်လင်းက သွား ကြည့်ရာ သီဟစိုးတို့အဖွဲ့က တုတ်ဖြင့်ရိုက်ခြင်း၊ ဓားဖြင့်ခုတ် ခြင်းများ ပြုလုပ်သဖြင့် စည်သူ၊ ဦးကျော်တင်စိုး၊ အောင်လေးနှင့် ဦးအောင်စိုးတင့်တို့ လေးဦးတွင် ဒဏ်ရာများရရှိခဲ့ကြောင်း ဒဂုံဆိပ် ကမ်းမြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

ထို့နောက် သီဟစိုးတို့အဖွဲ့ စတီးတုတ်၊ ဓားများကိုင်ဆောင်၍ ကျော်ကျော်လင်းနောက်သို့လိုက်ခုတ်သဖြင့် နေအိမ်သို့ ထွက်ပြေးပြီး နောက်မှလိုက်လာသည့် သီဟစိုးတို့အဖွဲ့က နေအိမ်တံခါးနှင့် မှန်များကို ရိုက်ခွဲဖျက်ဆီးသဖြင့် ကျပ်ခုနစ်သိန်းဖိုးခန့် ပျက်စီးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ခိုက်ရန်ဖြစ်ပွားသဖြင့် ဒဏ် ရာရရှိသူလေးဦးကို သင်္ဃန်းကျွန်း စံပြဆေးရုံတွင် အတွင်းလူနာ အဖြစ် တင်ပို့ကုသထားပြီး နှစ်ဦး အသက်အန္တရာယ်စိုးရိမ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထား သည်။

တစ်ရပ်ကွက်တည်းနေသူ ချင်း အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားရာမှ တုတ်ဖြင့်ရိုက်ခြင်း၊ ဓားဖြင့် ခုတ် ခြင်းပြုလုပ်ခဲ့သည့် သီဟစိုး အပါအဝင် အမျိုးသားခုနစ်ဦးကို ဘေးဖြစ်စေသောလက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆၊ နာကျင်စေမှုပုဒ်မ ၃၂၅၊ အကျိုးဖျက်ဆီးမှုပုဒ်မ ၄၂၇နှင့် အားပေးကူညီမှုပုဒ်မ ၁၁၄ တို့ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေ သည်။