တက္ကသိုလ်ဝင်စာမေးပွဲအမှတ်အများဆုံးရသူများကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က နေအိမ်သို့ ဖိတ်ခေါ်တွေ့ဆုံမည်

ရန်ကုန်တိုင်းဒေသကြီးအဆင့် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ ၃ ရက်က ကျင်းပရာ ဦးဖြိုးမင်းသိန်းက ထူးချွန်ဆုရ ကျောင်းသူလေးတစ်ဦးအား ဆုချီးမြှင့်နေစဉ် (ဓာတ်ပုံ − ဖြိုးမင်းသိန်းဖေ့စ်ဘွတ်ခ်)

 ၂၀၁၇ တက္ကသိုလ်ဝင် စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသ ကြီးမှ အမှတ်အများဆုံးရရှိသူများ ကို ရက်ပိုင်းအတွင်း နေအိမ်သို့ ဖိတ်ခေါ်တွေ့ဆုံမည်ဟု ဇန်န ၀ါရီ ၃ ရက်က အထက(၄)အလုံ၌ ကျင်းပသော ပညာရေးစုံညီပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။


တက္ကသိုလ်ဝင်စာမေးပွဲ ထူး ချွန်စွာအောင်မြင်သော ကျောင်း သား၊ ကျောင်းသူများကိုဂုဏ်ပြု အဖြစ် ယင်းသို့တွေ့ဆုံ မည်ဖြစ်ပြီး ၎င်းတို့ရှေ့ဆက်သင် ယူမည့် ပညာရေးလမ်းကြောင်းအ တွက် ၀န်ကြီးချုပ်နှင့် တိုင်ပင်ဆွေး နွေးခြင်း၊ ကျောင်းသား၊ ကျောင်း သူများ၏ လိုအပ်ချက်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖြည့်ဆည်းပေးနိုင်မည့်အစီအစဉ် များ ချမှတ်ခြင်းတို့ကို ပြုလုပ်မည်ဟု ဆိုသည်။

‘‘တက္ကသိုလ်ဝင်တန်းကို ပြီး ခဲ့တဲ့နှစ်က ထူးထူးချွန်ချွန်အောင် ထားတဲ့ကလေးတွေကို ရက်ပိုင်း အတွင်း ကျွန်တော်နေထိုင်ရာအိမ် မှာ တွေ့ဆုံပြီးသူတို့ရဲ့ အနာဂတ် ဘ၀အတွက် ပြင်ဆင်ထားမှုတွေ ကို နားထောင်ပြီးသူတို့ကိုပံ့ပိုးပေး ဖို့ ဆက်လက်ဆောင်ရွက်ပါမယ်’’ ဟု ၀န်ကြီးချုပ်က ပြောသည်။

ထိုသို့ တွေ့ဆုံပြီးပါက ၎င်း တို့လိုအပ်ချက်အပေါ်မူတည်၍ ပညာသင်ဆုများပံ့ပိုးပေးခြင်း၊ အ ခြားလိုအပ်ချက်များ  ဖြည့်ဆည်း ပေးခြင်းတို့ ဆက်လက်ဆောင် ရွက်မည်ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

၂၀၁၇ တက္ကသိုလ်ဝင်စာမေး ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအ တွင်း အမှတ်အများဆုံးစာရင်းဝင် ကျောင်းသား၊ ကျောင်းသူများ သည်ပြီးခဲ့သည့် ဒီဇင်ဘာကစတင်ကာ တက္ကသိုလ်ပထမနှစ်သင်တန်းများ တက်ရောက်နေပြီဖြစ်သည်။ အဆိုပါကျောင်းသား၊ ကျောင်းသူများနှင့် သီးသန့်တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း ၂၀၁၇ဩဂုတ်အတွင်းကလည်း ၀န်ကြီးချုပ်က ပြောကြားထားသည်။

၂၀၁၇ တက္ကသိုလ်ဝင်စာ မေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး သည် အောင်ချက် ၃၇ ဒသမ ၂၄ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးအ ဆင့်(၄)ရရှိခဲ့သည်။

More in Education Section