ကမ္ဘာကျော် The Voice သီချင်းဆိုပြိုင်ပွဲ မြန်မာနိုင်ငံတွင် ပြုလုပ်ခွင့်ရရှိ

ကမ္ဘာကျော်သီချင်းဆို ပြိုင်ပွဲတစ်ခုဖြစ်သည့် The Voice ၏ တရားဝင်ခွင့်ပြုချက်ဖြင့် The Voice Myanmar  သီချင်းဆိုပြိုင် ပွဲပြုလုပ်မည်ဖြစ်ပြီး ဆုရရှိသူ သည် ဆုကြေးငွေနှင့်အတူ ကမ္ဘာ ကျော် Universal Studio တွင် သီချင်းခွေထုတ်ခွင့်ရရှိမည် ဖြစ် သည်။

ယင်းပြိုင်ပွဲ ပြိုင်ပွဲဝင်များကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာအတွင်း က အွန်လိုင်းမှ  ခေါ်ယူခဲ့ရာ ယှဉ်ပြိုင်သူ ထောင်နှင့်ချီ လျှောက် ထားပြီး ပြိုင်ပွဲဝင်များကို တေးရေးမြင့်မိုးအောင်က လူတွေ့စစ်ဆေး၍ Blind Audition  အဆင့် ပြိုင်ပွဲဝင် ၁၀၀  ရွေးချယ်ပေး ခဲ့သည်။

ယင်းပြိုင်ပွဲ အကဲဖြတ်ဒိုင် များအဖြစ် ရန်ရန်ချန်း၊ ဟန်ထူး လွင်(ကျားပေါက်)၊ လင်းလင်း နှင့်နီနီခင်ဇော်တို့က ဆောင်ရွက် မည်ဖြစ်သည်။

‘‘The Voice Myanmar က တခြားသီချင်းဆို ပြိုင်ပွဲတွေထက် စာရင် ပြိုင်ပွဲဝင်တွေက သူ့ရဲ့ Coach (နည်းပြ)ကို သူတို့က ရွေး ချယ်ရမှာ ရှိတယ်။ အဲဒီတော့ ဒိုင် တွေအနေနဲ့ကလည်း Coach  လုပ်ပေးနိုင်တဲ့ ဒိုင်မျိုးတွေကို ရွေး ချယ်ခဲ့တာပါ’’ဟု အကဲဖြတ်ဒိုင် ရွေးချယ်မှုနှင့်ပတ်သက်၍ အဆို ပါသီချင်းဆိုပြိုင်ပွဲ၏ Project Manager ကိုရဲမျိုးထက်က ပြော သည်။ ပထမဆုံးအဆင့်အနေဖြင့် Blind Audition အစီအစဉ်ကို စတင်ပြုလုပ်ပြီး ယင်းအဆင့်အ ပြီးတွင် Battle Round နှင့် LiveBroadcast တို့ကို အဆင့်ဆင့် ရွေးချယ်မည် ဖြစ်သည်။

‘‘Blind Audition မှာက ဒိုင် တွေက ပြိုင်ပွဲဝင်တွေကို ကျော ပေးနေရမယ်။ သူတို့ကြိုက်တဲ့ အသံမျိုးဆို လှည့်ကြည့်မယ်။ လှည့်ကြည့်ခဲ့တဲ့ ပြိုင်ပွဲဝင်အပေါ် ကို မူတည်ပြီး ပြိုင်ပွဲဝင်တွေက ဒိုင်ကိုပြန်ရွေးမယ်’’ဟု ပြိုင်ပွဲအ စီအစဉ်နှင့်ပတ်သက်၍ ၎င်းက ပြောသည်။

ယင်းအစီအစဉ်ကို MRTV-4 ရုပ်သံလိုင်းက ဖေဖော်ဝါရီ ၁၈ ရက်မှစတင်၍ အပတ်စဉ်တနင်္ဂ နွေနေ့တိုင်း ပြသမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့်၌    တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်ချိန် တွင် ဒိုင်များ၏ဆုံးဖြတ်မှုရှိတော့ မည်မဟုတ်ဘဲ  ပရိသတ်များ၏ မဲပေးမှုဖြင့်   ရွေးချယ်မည်ဖြစ် သည်။ The Voice Myanmar 2018  ပြိုင်ပွဲတွင် ဆုရရှိသူသည် ဆုကြေးကျပ် သိန်းနှစ်ရာနှင့် ယူနီဗာဆယ်စတူဒီယိုမှ   သီချင်းခွေတစ်ခွေ  ထုတ်ခွင့်ရရှိမည်  ဖြစ် သည်။