မကွေးသီတဂူမြင့်မိုရ်စံ စက္ခုဒါန မျက်စိဆေးရုံတွင် မျက်စိဝေဒနာရှင် နှစ်ထောင်ခန့်ကို အခမဲ့ကုသပေး

 မကွေးမြို့ သီတဂူမြင့် မိုရ်စံ စက္ခုဒါနမျက်စိဆေးရုံတွင် သီတဂူဆရာတော်ကြီး၏ အစီအ စဉ်ဖြင့် မျက်စိဝေဒနာရှင် နှစ် ထောင်ခန့်ကို အခမဲ့ဆေးကုသ ပေးခဲ့ကြောင်း မျက်စိဆေးရုံစီမံ ခန့်ခွဲမှု တာဝန်ခံဆရာတော် ဦးသာသနက မိန့်ကြားသည်။

ဇန်န၀ါရီ ၁ ရက်မှ ၅ ရက်အထိ ငါးရက်ကြာ အခမဲ့ဆေးကု သပေးခဲ့ပြီး မျက်စိဝေဒနာရှင် ၂၈၀ ဦးကို ခွဲစိတ်ကုသပေးခဲ့ သည်။ ထို့ပြင် ရိုးရိုးမျက်စိဝေဒ နာရှင် ၁,၆၆၀ ဦးကိုလည်း လိုအပ်သည့် မျက်စိစစ်ဆေးမှုများ၊မျက်မှန်နှင့် ဆေးဝါးများပေးလှူ နိုင်ခဲ့ကြောင်း မျက်စိဆေးရုံတာ ၀န်ခံ ဦးရန်နိုင်က ပြောသည်။

‘‘သီတဂူဆရာတော်ဘုရား ကြီးက အကုန်အကျခံလှူဒါန်းစီ စဉ်ပြီး အခမဲ့ကုသပေးခဲ့တာပါ။ အခက်အခဲကြီးကြီးမားမားတော့ မရှိပါဘူး။ ဒါပေမဲ့ မိုးသုံးရက်ရွာ လိုက်တာမှာ မျက်စိဝေဒနာရှင် တွေ စာရင်းပေးထားပေမယ့် သတ်မှတ်ရက်မှာ ရောက်မလာ နိုင်တာတွေ ရှိတယ်။ မိုးကင်းမှ ရောက်လာကြတော့ ပြန်ပြီးစီစဉ် ရတာလေးတွေ ရှိတယ်။ အဲဒီ လောက်ပါပဲ။ ကျန်တာအားလုံး ချောချောမောမော ပါပဲ’’ဟု ၎င်း က ဆိုသည်။

အဆိုပါ ဆေးကုသမှုကို ဒေါက်တာမြအောင်ပါမောက္ခ (ငြိမ်း) နှင့် ရန်ကုန်မှမျက်စိအထူး ကုဆရာဝန်ကြီးများ၊ ချောက်မြို့ မှ မျက်စိအထူးကဆရာဝန်ကြီး အပါအ၀င် စစ်ကိုင်းသီတဂူဆေး ရုံ၊ မကွေးတိုင်းဆေးရုံ၊ မကွေး သင်ကြားရေးဆေးရုံများမှ မျက် စိဆရာဝန် ၁၁ ဦးလာရောက် ကုသပေးခဲ့သည်။

ယင်းကဲ့သို့ မျက်စိဝေဒနာ ရှင်များကို အခမဲ့ဆေးကုသပေး ခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး သီတဂူမြင့်မိုရ်စံ စက္ခုဒါနမျက် စိဆေးခန်းဖွင့်လှစ်ခဲ့သည့် ၂၀၁၆ ဧပြီအတွင်းက မျက်စိဝေဒနာ ရှင်သုံးထောင်ခန့် အခမဲ့ဆေးကု သနိုင်ခဲ့သည်ဟု ဦးရန်နိုင်က ပြောသည်။ ‘‘အမေ့မျက်စိကိုလာပြီး ခွဲ စိတ်ကုသတာပါ။ မျက်စိကအ ပြင်မှာ ဆရာဝန်ကြီးကိုပြတော့ ခွဲ ရမယ်ပေါ့။ အဲဒီအချိန်နဲ့ ဒီအခ မဲ့ကုသမှုနဲ့ကြုံတော့ ဆရာဝန်ကြီး ကပဲ ဒီမှာအခမဲ့ခွဲစိတ်ဖို့ ညွှန်ကြား တယ်။ အများကြီးကို အဆင်ပြေ ပါတယ်။ အပြင်မှာခွဲရင် နှစ်သိန်းလောက်တော့ ကုန်မှာပဲ။ ဒီမှာတစ်ပြားမှ မကုန်ဘူး။ အဲဒါကြောင့် ဆေးရုံကိုတစ်သောင်းပြန် လှူခဲ့ ပါတယ်’’ဟု ပွင့်ဖြူမြို့နယ် ရှားတောကျွန်းကျေးရွာမှ မသန်း သန်းဆင့်က ပြောသည်။

ဆေးရုံတွင် ခွဲစိတ်ကုသရ သည့် မျက်စိဝေဒနာရှင်များအ ဖြစ် လူနာနှင့်လူနာစောင့် တစ်ဦးကို နေစရာနှင့် အစားအသောက်များပါ ပြည့်စုံစွာ စီစဉ်ပေးကြောင်း မသန်းသန်းဆင့်က ပြောသည်။

မကွေးမြို့ သီတဂူမြင့်မိုရ်စံ စက္ခုဒါနဆေးရုံအဆောက်အအုံ ကို မကွေးမြို့ရှိ မြင့်မိုရ်စံမိသားစု တစ်စုတည်းက လှူဒါန်းခဲ့ပြီး ဆေးရုံအတွင်း လိုအပ်သည့် စက်ပစ္စည်းကိရိယာများကို သီတဂူဆရာ တော်ကြီးက စီစဉ်လှူဒါန်း၍ ၂၀၁၆ ခု ဧပြီ  ၅ ရက်တွင်ဖွင့်လှစ် ခဲ့သည်။