ကြားဖြတ်ရွေးကောက်ပွဲ ၂၀၁၈ ဇွန်လနောက်ပိုင်း ပြုလုပ်မည်

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် မိုင်းရှူးရှိ မဲရုံတစ်ရုံ၌ မဲပေးရန် စီတန်းစောင့်ဆိုင်းနေစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

 ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သည် ယခု နှစ်အတွင်း ကြားဖြတ် ရွေး ကောက်ပွဲကို ဇွန်လနောက်ပိုင်း တွင် ကျင်းပပေးမည်ဟု ကော်မ ရှင်အဖွဲ့ဝင် ဦးလှတင့်က 7Day Daily သတင်းစာ၏မေးမြန်းမှုကို အတည်ပြုသည်။ 

‘‘ခန့်မှန်းကတော့ ကျွန်တော် ထင်တယ်။ ဇွန်ကျော်သွားလိမ့် မယ်’’ဟု ၎င်းက ဆိုသည်။ 

လက်ရှိတွင် ရပ်ကွက်အုပ် ချုပ်ရေးမှူးများကို မြို့နယ်တိုင်း၌ ပြည့်စုံစွာ ဖွဲ့စည်းခြင်းမပြီးသေးသဖြင့် အချိန်ယူရမည်ဖြစ် ကြောင်း ဦးလှတင့်ကဆိုသည်။ 

‘‘မဲစာရင်းကောက်တဲ့နေရာ မှာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေ၊ အုပ်ချုပ်ရေးမှူးတွေက အဓိက လေ။ သူတို့ရပ်ကွက်သူတို့သိတာ ပေါ့။ သူတို့နဲ့ ပူးပေါင်းလုပ်ရမှာ ဆိုတော့ အဲဒါလေးတော့ စောင့်ရ မယ်ဗျ’’ဟု ၎င်းက ရှင်းပြသည်။ 

သို့သော် ဒီချုပ်အစိုးရလက် ထက် ဒုတိယအကြိမ် ကြားဖြတ် ရွေးကောက်ပွဲကျင်းပမည့်အခြေ အနေနှင့် ပတ်သက်၍ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က တရားဝင် သတင်းထုတ်ပြန်ကြေ ညာခြင်းမရှိသေးပေ။ 

၂၀၁၇ ဧပြီတွင် ကြားဖြတ် ရွေးကောက်ပွဲကျင်းပပြီးနောက် ပြည်သူ့လွှတ်တော်၌ လစ်လပ်နှစ် နေရာ၊ တိုင်းဒေသကြီးနှင့် ပြည် နယ်လွှတ်တော်များ၌ လွတ်လပ် ငါးနေရာ စုစုပေါင်း လစ်လပ်ခုနစ် နေရာ ကြားဖြတ်ရွေးကောက်ပွဲ ထပ်မံပြုလုပ်ရန် စီစဉ်နေသည်။ 

ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်နှစ်နေရာ၊ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်နှင့် ရှမ်းပြည်နယ် လဲချားမြို့ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်နေရာတို့ လစ်လပ်နေသည်။ ထို့အတူ ချင်း ပြည်နယ် မတူပီ အမှတ်(၁)၊ ပဲခူးတိုင်း အုတ်တွင်း အမှတ်(၁)၊ မန္တလေးတိုင်း သပိတ်ကျင်း အမှတ် (၁)၊ စစ်ကိုင်းတိုင်း တမူးမြို့နယ် အမှတ်(၂)နှင့် ရခိုင်ပြည်နယ် ရသေ့တောင် အမှတ်(၂) မဲဆန္ဒ နယ်တို့၌ လစ်လပ်နေသဖြင့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည်။ 

အထက်ပါ လစ်လပ်ခုနစ် နေရာ၌ ပြီးခဲ့သည့် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ငါးဦး၊ ရှမ်းတိုင်းရင်းသားများဒီမို ကရေစီအဖွဲ့ချုပ်နှင့် ရခိုင်အမျိုး သားပါတီတို့မှ တစ်ဦးစီ အနိုင်ရရှိ ခဲ့သည်။ 

ဒီချုပ်အစိုးရလက်ထက်တွင် ပထမအကြိမ် ကြားဖြတ်ရွေး ကောက်ပွဲကို ၂၀၁၇ ဧပြီ ၁ ရက် တွင် ကျင်းပခဲ့သည်။

More in Politics Section