လွတ်လပ်ရေးနေ့တွင် အစိုးရလွတ်ငြိမ်းချမ်းသာခွင့် မရှိခဲ့သည့်အပေါ် နိုင်ကျဉ်းအဖွဲ့အစည်းများမေးခွန်းထုတ်

လွတ်လပ်ရေးနေ့ ဇန်န ဝါရီ ၄ ရက်တွင် နိုင်ငံရေးအကျဉ်း သားများ လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ပြန်လည်လွတ်မြောက်လာမှု မရှိခြင်းသည် အစိုးရအပေါ် မေး ခွန်းထုတ်စရာဖြစ်နေကြောင်း နိုင် ငံရေးအကျဉ်းသားဟောင်းများ နှင့် နိုင်ကျဉ်းရေးရာအဖွဲ့အစည်း များက ပြောသည်။ 


လွတ်လပ်ရေးနေ့၌ အကျဉ်း ထောင်တွင်ရှိသည့် အကျဉ်းသား များအနေဖြင့် လွတ်ငြိမ်းချမ်းသာ ခွင့် သေချာပေါက်မျှော်လင့်ခဲ့မည် မှာ သေချာကြောင်း ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကပြောသည်။ ‘‘အထူးသဖြင့် ထောင်ထဲကအကျဉ်းသား တွေအတွက်ကတော့ မျှော်လင့် နိုင်တာ အဲဒီနေ့ရက်လေးတွေပဲရှိ ခဲ့လို့ ဖြစ်ပါတယ်’’ဟု ၎င်းကပြော သည်။ 

နိုင်ငံရေးအကျဉ်းသားဘဝ ကို လုံးဝမရောက်ဖူးခဲ့သည့် အစိုး ရမင်းများလက်ထက်ကပင် နှစ်စဉ် နှစ်တိုင်း လွတ်ငြိမ်းချမ်းသာခွင့် များ၊ လျှော့ရက်များပေးခဲ့သလို နိုင်ကျဉ်းစိစစ်ရေးကော်မတီ ဖွဲ့ စည်း၍ လွတ်မြောက်ရန် လိုအပ် သူများကို လွတ်မြောက်စေခဲ့ဖူး ကြောင်း၊ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က ဖွဲ့စည်းခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ စိစစ် ရေးကော်မတီအဖွဲ့ဝင် ဦးစိုင်းညွန့် လွင်က ၎င်း၏လူမှုကွန်ရက်စာ မျက်နှာတွင် ရေးသားထားသည်။ 

‘‘ကိုယ်ကိုယ်တိုင် နိုင်ငံရေး အကျဉ်းသားဘဝရောက်ခဲ့ဖူးတဲ့ လူမှန်သမျှဟာ လက်ရှိထောင်ထဲ မှာ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်း သားတွေကို ကိုယ်ချင်းစာစိတ်ရှိ နေမှာကတော့ သံသယရှိစရာ မလိုလောက်အောင် ယုံကြည်ရပါ တယ်။ ဒါပေမဲ့ ဘာကြောင့် သူတို့ နဲ့ ဘဝတူတွေကိုအခုထိဆွဲမထုတ် နိုင်သေးတာလဲ၊ ဘာကြောင့် ကြိုးပမ်းအားထုတ်မှုဝါယမစိုက်တာ တွေ မတွေ့ရသေးတာလဲ။ မေးစရာပါပဲ’’ဟု ၎င်းကပြောသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အာဏာရပြီးခါစ ၂၀၁၆ နှစ် ဆန်းတွင် နိုင်ငံရေးအရ ထိန်း သိမ်းခံထားရသူများ၏အမှုများ ကို ပလပ်ပေးခြင်းနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း များပြုလုပ်ခဲ့ပြီး ၂၀၁၇ မေလတွင် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် တစ်ကြိမ်ပေးခဲ့သည်။

‘‘ကျွန်တော်တို့နိုင်ငံရေးအ ကျဉ်းသားတစ်ယောက်ရှိနေတာ က အင်မတန်များခဲ့ပါပြီဆိုပြီး တော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပြောခဲ့တယ်။ အဲဒီတော့ အခုအချိန်မှာ နိုင်ငံရေးအကျဉ်း သားတစ်ယောက်မကဘူးရှိနေ သေးတယ်။ ဆိုတော့ တော်တော် များနေပြီပေါ့ဗျာ။ ဆိုတော့ ဒီလက် ရှိနိုင်ငံရေးအကျဉ်းသားတွေအား လုံးကို ခြွင်းချက်မရှိ လွှတ်ပေးသင့် တယ်လို့ ကျွန်တော်တို့က အဓိက တောင်းဆိုချင်တယ်’’ဟု AAPP ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုး ကျော်က ပြောသည်။ 

နိုင်ငံရေးအကျဉ်းသားလွတ် မြောက်ရေး ဆောင်ရွက်ပေးနိုင် သည့် လုပ်ပိုင်ခွင့် အစိုးရတွင် အပြည့်အဝရှိသည်ဟု ယုံကြည် ကြောင်း နိုင်ငံရေးအကျဉ်းသား ဟောင်းများက ပြောသည်။ 

လက်ရှိ လွှတ်တော်ထဲတွင်နိုင်ငံရေး အကျဉ်းသားဟောင်း များတစ်ဖြစ်လဲ ကိုယ်စားလှယ် ၂၀၀ ကျော်ရှိနေသည်။ 

More in Politics Section