အမျိုးသမီးလိဂ်တွင် သစ္စာအားမာန်အသင်းက ဂန္ဓမာအသင်းကို ဂိုးပြတ်အနိုင်ယူ

အမျိုးသမီးလိဂ်တွင် သစ္စာအားမာန်အသင်းနှင့် ဂန္ဓမာအသင်းတို့ ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − MFF)

အမျိုးသမီးလိဂ် ပွဲစဉ် (၂) နောက်ဆုံးပွဲတွင် သစ္စာအား မာန်အသင်းက ဂန္ဓမာအသင်းကို ၅-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ သည်။

ဇန်နဝါရီ ၅ ရက်က ရန်ကုန် မြို့ အောင်ဆန်းကွင်း၌ ယှဉ်ပြိုင် သည့် အဆိုပါပွဲတွင် သစ္စာအား မာန်အသင်းက ဂန္ဓမာအသင်းကို ဖိအားပေးကာ ပထမပိုင်း၌ နှစ်ဂိုး၊ ဒုတိယပိုင်းတွင် သုံးဂိုးသွင်းယူပြီး ဂိုးပြတ်အနိုင်ယူခဲ့သည်။ 

သစ္စာအားမာန်အသင်းအတွက် အနိုင်ဂိုးများကို ခင်မိုးဝေက နှစ်ဂိုး၊ နီလာဝင်းက နှစ်ဂိုး၊ နော်အားလိုဝါးဖောက  တစ်ဂိုးသွင်းယူခဲ့သည်။

၂၀၁၇-၁၈ ရာသီ ကမ္ဘောဇ အမျိုးသမီးလိဂ် ပွဲစဉ် (၂) ပြီးဆုံး ချိန်တွင် နှစ်ပွဲဆက်အနိုင်ရထား သည့် အားကစားနှင့် ကာယပညာ ဦးစီးဌာနအသင်းနှင့် ဇွဲကပင်အ သင်းတို့က ရမှတ်ခြောက်မှတ်စီ တူညီသော်လည်း ဂိုးကွာခြားချက် အရ အားကစားနှင့် ကာယပညာ ဦးစီးဌာနအသင်းက အမှတ်ပေး ဇယားပထမနေရာနှင့် ဇွဲကပင်အ သင်းက ဒုတိယ၌ ရပ်တည်နေ သည်။ ပွဲစဉ် (၂) အပြီးတွင် ဂန္ဓ မာအသင်းနှင့် တက္ကသိုလ်အသင်း တို့က ရမှတ်မရသေးဘဲ အမှတ် ပေးဇယားအောက်ဆုံး၌ ရပ်တည်နေသည်။